မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဦးလေးဖြစ်သူအား ကွပ်မျက်

ပို့စ်တင်ချိန် - 12/13/2013 05:21:00 PM


- သီးခြားအာဏာထူထောင်မှု၊ ချစားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မိန်းမလိုက်စားမှု စသည့် အမှုများဖြင့် ဖမ်းဆီးခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ဦးလေးဖြစ်သူ ဂျန်ဆွန်ထက်အား နိုင်ငံတော် သစ္စာဖောက်ဟု အမည်တပ်ကာ ကွပ်မျက်လိုက်သည်ဟု ကိုရီးယား နိုင်ငံပိုင် ရုပ်သံဌာန KCNA က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဂျန်ဆွန်ထက်မှာ နိုင်ငံအတွင်း သြဇာအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ကင်ဂျုံအွန်အား နောက်ကွယ်မှ ပံ့ပိုးပေးနေသူဟု လူအများက ထင်မြင်နေကြကာ ယခုလုပ်ရပ်ကြောင့် အံ့အားသင့်စရာဖြစ်ခဲ့သည်။

ဂျန်ဆွန်ထက်မှာ ယခင်ခေါင်းဆောင်များဖြစ်ကြသည့် ကင်အီဆွန်၊ ကင်ဂျုံအီတို့လက်ထက်တွင်လည်း ခေါင်းဆောင်များ၏ အမိန့်များကို မနာခံခဲ့ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အား ပုန်ကန်ရန် ကြိုးစားနေကြောင်း KCNA သတင်းဌာနက ထည့်သွင်း ဖော်ပြခဲ့သည်။
Ref: aljazeera
လွင်သန္တာစိုး