တိုင်းဒေသကြီးရုံးသို့ နောက်ပေါက်က၀င်ရကြောင်း ဦးအောင်သိန်းလင်း ပြောကြား

ပို့စ်တင်ချိန် - 12/13/2013 04:03:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုေ ဆာင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ လယ်ယြာေ မနှင့် အခြားမြေများ ပြန်လည်ရရှိရေး စုံစမ်းရေး ကော်မရှင်မှ အဖွဲ့ဝင်ဖြစ်သော ဦးအောင်သိန်းလင်း အနေဖြင့် ဒီဇင်ဘာ (၆)ရက်တွင် မိကျောင်းကန်သပိတ်စခန်း ဖွင့်လှစ်ထားမှု ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် သွားရောက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု အဆင့် သတ်မှတ်ထားသော်လည်း တိုင်းဒေသကြီးရုံး သွားသော အခါ နောက်ပေါက် မှ ၀င်ရကြောင်း ဦးအောင်သိန်းလင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။ …

မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်ထားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မည်သို့သော ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ လယယာမြေနှင့် အခြားမြေများ ပြန်လည်ရရှိရေး စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်သော ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရတိုင်းရုံးမှ ၎င်းတို့အား နောက်ပေါက်မှ ၀င်ခိုင်းသည့်အပေါ် ဦးအောင်သိန်းလင်းက ““အဲ့သဘောထားတွေက ရင်ထဲမှာ အပြည့်ပဲဗျာ။ ထုတ်ပြောလို့ မဖြစ်ဘူး။ ဘယ်လို သဘောထားဖြစ်မယ် ဆိုတာတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်တို့က ကြိုးစားပြီးတော့လည်း နိုင်အောင် လုပ်ခဲ့ကြတယ်။ ပြိုင်ဘက်တွေကလည်း မုန်းတီးခြင်း ခံရတယ်။ ကျွန်တော်တို့ နိုင်လိုက်တော့ အစိုးရတွေ ဖြစ်ကြတယ်။ အစိုးရတွေ ဖြစ်တဲ့အခါ ကျွန်တော်တို့ကို ဆက်ဆံတဲ့အခါမှာ နှိမ့်ချပြီး ဆက်ဆံတော့ ကျွန်တော်တို့ ရင်ထဲ ဘယ်လိုဖြစ်မယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်တို့ကို ပြည်ထောင်စု အဆင့်တော့ သတ်မှတ်ထားတာပါပဲ။ ဒါပေမဲ့ တိုင်းဒေသကြီး အဆင့်သွားတဲ့အခါမှာ နောက်ဖေးပေါက်က ၀င်ရတယ်။ ကျွန်တော့်နေရာမှာ ခင်ဗျားနေပြီးတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်က နှုတ်က ပြောဖို့ခက်ပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းတွေ့ဆုံဆွေးနွေးမှု ကိစ္စနှင့် ပတ်သက်၍ ဦးအောင်သိန်းလင်းက ““တိုင်းဒေသကြီး အစိုးရက သူတို့ကိုယ်တိုင် ရှင်းပါ့မယ်လို့ပြောတယ်””ဟု မြန်မာသံတော်ဆင့် သို့ပြောသည်။

ထိုမိကျောင်းကန် ပြည်သူများနှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့အနေဖြင့် သင်္ဃန်းကျွန်းမြို့နယ် ခရိုင်ရုံး၌ ဒီဇင်ဘာ ၈ ရက်တွင် တွေ့ဆုံခဲ့ပြီး ၎င်းမိကျောင်းကန် သပိတ်စခန်းတွင် ပါဝင်ခဲ့သော ကိုဇော်ထွန်းက ညှိနှိုင်းမှု အနေဖြင့် ပြီးပြည့်စုံသော အတိုင်းအတာထိ မပေါက်ရောက်ဘဲ မရေမရာ ဖြစ်ခဲ့ကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းမိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်ခြင်းအား တပ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးမှ ဒီဇင်ဘာ(၉)ရက် ညနေ(၆)နာရီတွင် နောက်ဆုံးထားဖွင့်လှစ်ရန် သတိပေးထားသော်လည်း လက်ရှိ ဒီဇင်ဘာ (၁၁) ရက်ထိ သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်။ (၁၆) ရက်မြောက်နေ့ထိ တစ်စုံတစ်ရာ မပြုလုပ်သေးဘဲ သပိတ်စခန်း ဆက်လက် ဖွင့်လှစ်ထားလျက်ရှိသည်။

ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper