ရာသီဥတုအအေးဒဏ်ကြောင့်ကြုံရသည့် ကျန်းမာရေးပြဿနာ

ပို့စ်တင်ချိန် - 12/13/2013 06:15:00 AM


(၁) ဗိုက်တာမင် ဒီချို့တဲ့ခြင်း
လူ့ခန္ဓာကိုယ်တွင် ဗိုက်တာမင်ဒီ ထုတ်လုပ်ရန် နေရောင်ခြည်လိုသည်။ သို့သော် ရာသီဥတုအေးလာသည်နှင့် နေ့တာတိုလာသည်။ရာသီဥတုအေးသောကြောင့် အိမ်ပြင်မထွက်ကြဘဲ အိမ်တွင်းအောင်းနေလေ့ရှိကြရာ နေရောင်ခြည်ထိတွေ့မှုနည်းပြီး ဗိုက်တာမင်ဒီ ချိုတဲ့တတ်သည်။
(၂) ဗိုင်းရပ်စ်ပျံနှံ့ခြင်း
အေးသည့် ရာသီဥတုသည် ခုခံအားကို ကျဆင်းအောင် မပြုလုပ်နိုင်ပါ။ အေးသည့် ရာသီတွင် အိမ်တွင်းအောင်းနေတတ်ကြခြင်းကြောင့် ဗိုင်းရပ်စ် ပိုမိုကူးစက်ခံရလေ့ရှိသည်။
(၃) ကြွက်သားနှင့် အဆစ်များ တောင့်တင်းခြင်း -
ခန္ဓာကိုယ်၏ (၇၀) ရာနှုန်းသည် ရေဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ရာ ပတ်ဝန်းကျင်၏ အအေးဓာတ်ကြောင့် အဆစ်တွင်းချော ဆီရည်များ အေးခဲလေ့ရှိသဖြင့် လှုပ်ရှားရ မလွယ်ကူဘဲ တောင့်တင်းလေ့ရှိသည်။
(၄) ရင်ကျပ်ဝေဒနာ
ပတ်ဝန်းကျင်၏ အပူချိန်နှင့် စိုထိုင်းဆ မြင့်တက်လာသည်နှင့် ရင်ကျပ်ရောဂါ ရှိသူများတွင် လေပြွန်ကျဉ်းလာတတ်သည်။ မောခြင်း၊ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ ခံစားရတတ်သည်။
(၅) အလှပျက်ခြင်း
အအေးဒဏ်ကြောင့်  ဆံသား၊ ဖယောင်းလွှာ ပျက်စီးပြီးဆံသား နှစ်ခွဖြစ်တတ်သည်။
-နွေရာသီတွင် သွေးလှည့်ပတ်မှု များသောကြောင့် လက်သည်းအရှည် မြန်သည်။ အအေးဒဏ်ခံရဖန်များလျှင် လည်သည်းတည်ဆောက်ရန်လိုသည့် Keratin  ဓာတ်ကို ခန္ဓာကိုယ် အနွေးဓာတ်ရစေရန်  အသုံးပြုရသောကြောင့် လက်သည်းများ ပျော့လာပြီး ကျိုးလွယ်သည်။
ဇော်ကို
Source: Health Central

Health Updates Journal