၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် စက်ဘီးစီးပြိုင်ပွဲများ စတင်ကျင်းပ

ပို့စ်တင်ချိန် - 12/13/2013 10:41:00 AM



ဒီဇင်ဘာလ ၁၂ရက်နေ့ တွင် Mount Pleasant စက်ဘီးစီးကွင်းတွင် စက်ဘီးစီးပြိုင်ပွဲဖွင့်ပွဲကို နံနက် ၈နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲဦးထွက်ပြိုင်ပွဲအဖြစ် Team Mountain Bike Cross (Relay) အုပ်စုလိုက်ပြိုင်ပွဲ များကို စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆုကို အင်ဒိုနီးရှားမှ RAFSANZANI Chandra၊ SUGITO Bandi၊ TUTUARIMA Wilhelmina၊ YAZID Kusmawati တို့ အဖွဲ့က စုစုပေါင်းစံချိန် ၅၅.၄၈ မိနစ်ဖြင့်လည်းကောင်း၊ ငွေတံ ဆိပ်ဆုကို ထိုင်းမှ CHAWCHIANGKWANG Peerapol၊ SUPRASART Keerati၊ WARAPIANG Siriluck၊ WONG PADKLANG Jutamas တို့အဖွဲ့က ၅၇.၂၃မိနစ်ဖြင့်လည်းကောင်း၊ ကြေးတံဆိပ်ဆုကို ဗီယက်နမ်မှ CAO Thi Cam Le၊ DINH Thi Nhu၊ Quynh HA The Long၊ NGUYEN Van Quang တို့အဖွဲ့က ၅၈.၅၉ မိနစ်ဖြင့် လည်းကောင်း အသီးသီးဆွတ်ခူးသွားကြသည်။

ဒုတိယနေ့ပွဲစဉ်များ အဖြစ် အမျိုးသမီး Cross County Olympic (XCO)၊ အမျိုးသား Cross County Olympic (XCO) ပြိုင်ပွဲများကို ဆက်လက် ကျင်းပပြု လုပ်နေပြီဖြစ်သည်။

MOI Webportal Myanmar