ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံကနေ ပြန်လည်ရောက်ရှိ

ပို့စ်တင်ချိန် - 12/13/2013 03:51:00 PM


ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းကြည်က ဒိုဟာမြို့က ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်မြင့်မားလာဖို့အတွက် တိုင်းပြည်ချမ်းသာရုံနဲ့မပြီးဘဲ လူ့တန်ဖိုးကို လေးစားတဲ့စိတ်၊ ကရုဏာနဲ့ အသိဥာဏ်ပေါင်းစပ်ပြီး စေတနာထားတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကော့မှူးမြို့နယ်အတွင်းက အဖျောက်ကျေးရွာနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီမြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ အသစ်ပြန်လည်ရေးဆွဲရေးနဲ့အပေါ် ပြည်သူလူထုဆီက သဘောထားဆန္ဒခံယူပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။
RFA Burmese