ခိုးမှုပြစ်ချက်ဟောင်းရှိသော မသင်္ကာသူအားစစ်ဆေးရာမှ စက်ဘီး(၃)စီး၊ ဖုန်း(၂)လုံးခိုးမှုပေါ်

ပို့စ်တင်ချိန် - 1/26/2014 07:17:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းစဉ် ၁၈.၁.၂၀၁၃ ရက်နေ့၁၆၄၅ အချိန်ခန့်တွင် သန်လျင် မြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းဆုံအနီး၌ ခိုးမှုဖြစ်ချက်ဟောင်း ရှိသူ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ သန်းဇော်ဦး (ဘ)ဦးသိန်းဦးအား MIYATA နှင့် KALIN စာတမ်းများပါ ဂျပန်မိန်းမစီး စက်ဘီး(၂)စီးနှင့်အတူတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ အဆိုပါစက်ဘီး များအား ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ
ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့်သိမ်းဆည်းပြီး သန်လျင်မြို့မရဲစခန်း (ပ)၃၄/၂၀၁၄ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့်အရေးယူထားရှိပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ဒဂုံတက္ကသိုလ်အနီးရှိ
နေအိမ်တစ်အိမ်မှ HUAWEI C 8813D အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး အားလည်းကောင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊နာရေးကူညီမှုရုံးအနီး
နေအိမ်တစ်အိမ်မှ SAMSUNG GALAXY အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး
နှင့် ကြိုးတံတားအနီးလမ်းဘေးမှ BRIDGE STONE စာတမ်းပါ မိန်းမစီး
စက်ဘီး(၁)စီးအားလည်းကောင်း ခိုးယူခဲ့ပြီးပေါင်နှံထားရှိကြောင်း
ပေါ်ပေါက်သဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုများအသီးသီး
ရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police