မစားပဲနေနိုင်သော်လည်း မအိပ်ပဲ မနေနိုင်

ပို့စ်တင်ချိန် - 1/26/2014 03:13:00 PM


လူတစ်ယောက်ဟာ အစားလုံးဝ မစားပဲ ရေသောက်ပြီး နေရင် ပျှမ်းမျှ အားဖြင့် ၁လ မှ ၂ ကြား အသက်ရှင် နိုင်တယ်လို့ လေ့လာ တွေ့ရှိချက် များက ဆိုပါတယ်။ သို့ပေမယ့် လူတစ် ယောက်ဟာ ရက်ပိုင်း အတွင်းသာ မအိပ်ပဲ နေရင် သေနိုင်ကြောင်း သိရပါတယ်။

ဂင်းနစ် စံချိန်များအရ လူတစ်ယောက် မအိပ်ပဲ အနေနိုင်ဆုံးက ၂၆၄ နာရီပဲ ရှိပါတယ်။ သို့ပေမယ့် ယင်းစံချိန် တင်ပြီး သူ့ရဲ့ စိတ်ရော၊ ကိုယ်ပါ သာမန်လို မဟုတ်ပဲ ကျန်းမာရေးချို့ ယွင်းချက်ပေါင်း များစွာကို တွေ့ရှိ ခဲ့ပါတယ်။ ဒါကြောင့် အိပ်စက် အနားယူမှုက လူတစ်ယောက် အသက်ရှင်ဖို့ အတွက် အရေးကြီးဆုံး ထဲက တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အစားမစား ပေမယ့် ရေချည်း သောက်ပြီး နေတော့ ရက်ပိုင်းလောက် အတွင်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ သို့ပေမယ့် ဒါက တစ်ဦးချင်းစီရဲ့  အာဟာရ၊ ကျန်းမာရေး အခြေအနေ၊ ကိုယ်ခံစွမ်းအား များနဲ့လည်း သက်ဆိုင် ပါသေးတယ်။ သို့ပေမယ့် မိပ်ပဲနေရင်တော့ ဘယ်လောက်ပဲ ကျန်းမာရေး ကျန်းမာရေး ဘယ်လောက်ပဲ ကောင်းကောင်း ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်များသာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: medic-facts

International news for myanmar