တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ (ဓာတ်ပုံ)

ပို့စ်တင်ချိန် - 1/26/2014 08:11:00 PM




တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ လာရောက်သည့် ပရိတ်သတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) တက်ရောက်လာသည့် ပရိတ်သတ် ငါးထောင်ခန့်ရှိသည်။

============================================

တောင်ကြီးမြို့ ကျောက်တစ်လုံးလမ်းတွင် ပရိတ်သတ်များ ပြည့်နေပြီ

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးတွင် ကားကြီးတစ်စီးပေါ်၌ စင်ဆောက်ကာ ဟောပြောပွဲလုပ်မည်ဖြစ်ရာ ပရိတ်သတ်များ လမ်းနှင့်အပြည့် ရောက်နှင့်နေပြီဖြစ်ပြီး လမ်းပိတ်သွားပြီဖြစ်သည်။

ယခုဟောပြောမည့် နေရာသည် စစ်တပ်ပိုင်ကွင်းဟုဆိုကာ ခွင့်ပြုချက်မရသည့် အဝေရာ မီးပုံးပျံကွင်း၏ မြောက်ဘက်တွင် ကားကြီးပေါ်တွင် စင်ထိုးကာ ရွှေ့လျားစင်ပြုလုပ်ထားသည်။

Mizzima Burmese