နွားများကို တရားမ၀င်သယ်ဆောင်သူများအားအရေးယူ

ပို့စ်တင်ချိန် - 1/26/2014 07:17:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၆

၂၅.၁.၂၀၁၄ရက်နေ့ ၀၃၃၀အချိန် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သုံးခွမြို့နယ်မှ မွန်ပြည်နယ်သို့ နွားများအားတရားမ၀င် ကူးသန်း
ရောင်းဝယ်နေကြောင်းသတင်းအရ လက်ပံချောင်ကျေးရွာတောင်ဘက် ကတုံးပေါ်တာလမ်း၌ စောင့်ဆိုင်းနေခဲ့ပါသည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ခရမ်းမြို့နယ်နေသူများဖြစ်သည့် ခင်ဝင်း (ဘ)ဦးညွန့်အောင်၊ ဇော်မိုး(ဘ)ဦးတင်ဝင်း၊ အေးလွင်(ဘ)ဦးထွန်းခင်နှင့်
အောင်ဖြိုးဝေ(ဘ)ဦးကျော်ဆွေတို့(၄)ဦးသည် နွားထီး(၄)ကောင်၊
စုစုပါင်းကာလတန်ဘိုးငွေကျပ်(၁၅၅၀၀၀၀)အား ဆွဲယူမောင်းနှင် လာသည်ကိုတွေ့ရသဖြင့်စစ်ဆေးရာ အဆိုပါနွားများနှင့်ပတ်သက်၍ သယ်ဆောင်ခွင့်ပြုမိန့်အထောက်အထားပြသနိုင်ခြင်းမရှိသောကြောင့် ၎င်းတို့(၄)ဦးအား သုံးခွမြို့မရဲစခန်း(ပ)၂၀/၂၀၁၄၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ ၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police