ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် ၅ဝပြည့်မွေးနေ့ ဖျော်ဖြေပွဲ ပရိသတ် ၂ထောင်ကျော် အားပေး

ပို့စ်တင်ချိန် - 1/26/2014 07:59:00 PM


မြန်မာ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အသက် ၅ဝပြည့် မွေးနေ့အဖြစ်နဲ့ Saturday Night တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ MCC ခမ်းမဝင်းထဲမှာ ဇန်နဝါရီ ၂၅ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။

ရှင်သန်ခြင်း တေးအယ်လ်ဘမ်ကနေ လူ အယ်လ်ဘမ်အထိ သီချင်းပေါင်း ၃ဝကျော်ကို အင်ပါယာအဖွဲ့နဲ့အတူ ဇော်ဝင်းထွဋ်က သီဆိုခဲ့ပြီး သူ့ရဲ့ပရိသတ် ၂ထောင်ကျော် အားပေးခဲ့ကြပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွင်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ Big Bag၊ မိုးမိုးနဲ့အတူ အမျိုးသမီးအဆိုတော်တွေဖြစ်တဲ့ မေဆွိ၊ ကော်နီ၊ သျှီနဲ့ ဆုန်သင်းပါရ်တို့က Section Players တွေနဲ့ သီးခြား ဖျော်ဖြေခဲ့ပါတယ်။

Kamayut Media