လွန်ခဲ့တဲ့ နှစ် (၃၀) က Apple ကွန်ပျူတာ Macintosh

ပို့စ်တင်ချိန် - 1/26/2014 08:30:00 AM



 Apple နဲ့ Mac ပရိသတ်တွေအတွက် ဒီနေ့ဟာ Apple ရဲ့ နှစ် (၃၀) ပြည့်တဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီအခမ်းအနားလေးကို သူတို့ရဲ့ စတင်ထုတ်လုပ်ခဲ့တဲ့ Macintosh ဆိုတဲ့ ကွန်ပျူတာ သေးသေးလေးနဲ့ ပါဝင်ကျင်းပခဲ့ပါတယ်။ ယင်း ကွန်ပျူတာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၈၄ လောက်တုန်းကတည်းက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်လောက်တုန်းက ကျောင်းတွေဆီကို ထိုကွန်ပျူတာလေးဟာ ရောက်နှင်နေပြီးဖြစ်ပေမဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာကိုတော့ အတန်းထဲက ဆရာမတွေတောင် မသိခဲ့ပါဘူး။

ဒီတော့ ကျောင်းသားလေးတွေဆိုပိုဆိုးပေါ့။ ဒါပေမဲ့ ယနေ့အချိန်မှာတော့ ကွန်ပျူတာရဲ့ ကြီးကျယ်တဲ့ အခန်းကဏ္ဍဟာ ဆိုင်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပါပြီ။ အခု အချိန်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်နေတဲ့ Apple ဟာ ဒီလို အတိတ်ရဲ့ အမှတ်ရစရာရှိခဲ့ပြီး ယခုလို အောင်မြင်လာခဲ့ရတာ ဇြစ်ပါတယ်။ ဘယ်ဟာမဆို အစက စရတာပါပဲ။ ယုံကြည်မူရယ်၊ ကြိုးပမ်းမူရယ်သာ အရင်းခံတာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာဆိုရင်တော့ Apple ကုမ္ပဏီရဲ့ နည်းပညာတွေဟာ ကျတော်တို့ တွေ့မြင်နေရတဲ့အတိုင်း တိုးတက်အောင်မြင်နေပြီး ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )