ရွှေမဟုတ်တဲ့ အမိုက်စား ရွှေရောင်ဆွဲကြိုးဒီဇိုင်းသစ်များ

ပို့စ်တင်ချိန် - 2/25/2014 01:59:00 PM



အရင်တုန်းက ရွှေဆိုရင် ရွာကသူတွေ၊ တောကသူတွေသာ အမြတ်တနိုး ၀တ်ဆင်ကြတယ်လို့ ထင်မိခဲ့ကြတယ်ဟုတ်။ ခုတော့ အဲ့ဒီအထင်၊ အမြင်တွေကို ထားခဲ့ပြီး ရွှေအစစ်မဟုတ်ရင်တောင် ရွှေရောင်အဆင်တန်ဆာ အမိုက်စားတွေ တွေ့ရင်ဝယ်သာဝယ်ထားလိုက်ပါလို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအမိုက်စား ရွှေရောင်ဆွဲကြိုးတွေဟာ ခုချိန်မှာ ခေတ်အစားဆုံးဖြစ်နေလို့ပါပဲ။ ဘယ်လို ဒီဇိုင်းမျိုးလေးတွေ တွေ့ရင်ဝယ်စုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။လက်ရှိခေတ်အစားဆုံး ဆွဲကြိုးဒီဇိုင်းပါ။ လော့ကတ်ဒီဇိုင်း အပြောင်းအလဲရှိနိုင်ပေမယ့် အနုပညာရှင်တွေ တော်တော်များများ ဆွဲလေ့ရှိတာမို့ နံပါတ် (၁) နေရာမှာ ရှိနေတဲ့ ဆွဲကြိုးပါ။

၂။ဟိုးအရင်ကတည်း ခေတ်စားခဲ့တဲ့ ဆွဲကြိုးဒီဇိုင်းကို နည်းနည်းပြန်ဆန်းသစ်ထားတာလောက်ပါပဲ။ ဒါပေမယ့် ပွဲတက်အတွက် သိပ်ကိုမိုက်တဲ့ ဆွဲကြိုးပါ။

၃။ဒီဆွဲကြိုးဒီဇိုင်းကတော့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး အပေါ်က ထပ်ဆွဲလို့ သိပ်ကောင်းတဲ့ ဒီဇိုင်းမျိုးပါပဲ။

၎။လည်ပင်းအတိ၊ အကျပ်ပတ်ရတဲ့ ဆွဲကြိုးဒီဇိုင်းပါ။ သူ့ကတော့ လည်ပင်းအ၀ိုက် ၊ အဟိုက်အင်္ကျံတွေနဲ့ ၀တ်လို့လှပါတယ်။ မော်ဒယ်တော်တော်များများရဲ့ vote ပေးခံရတဲ့ ဆွဲကြိုးဒီဇိုင်းပေါ့။

၅။ပေါ့ပေါ့ပါးပါး ထသွားထလာအတွက် သင့်တော်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။ တွေ့တာနဲ့ လက်လွတ်မခံဘဲ ၀ယ်သာဝယ်ထားလိုက်နော်။


Ref:luckymag.com