သြစီဘောလုံးသမား ဟာရီကီးဝဲလ် အနားယူတော့မည်

ပို့စ်တင်ချိန် - 3/26/2014 04:27:00 PM


အင်္ဂလန်ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ လိစ်ယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတွေ မှာ ကစားခဲ့ဖူးတဲ့ ဟာရီကီးဝဲလ်ဟာ သြစတြေးလျ နိုင်ငံအတွက် ပွဲပေါင်း ၅၆ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၇ ဂိုး မိခင်နိုင်ငံအသင်းအတွက် သွင်းပေးနိုင်ခဲ့သလို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ၂ ကြိမ် ပါဝင်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလားပွဲမှာပါဝင်နိုင်ဖို့ သူမျှော်လင့်နေပေမယ့် လတ်တလောမှာတော့ နံရိုးဒါဏ်ရာတွေကြောင့် လက်ရှိကစားနေတဲ့ A-league ပြိုင်ပွဲဝင် Melbourne Heart အသင်းမှာ မကြာခဏ နားနေခဲ့ရပါတယ်။

ဒီရာသီအပြီးမှာ ကုန်မယ့် သူ့ရဲ့ စာချုပ်ပြီးရင်တော့ ဘောလုံးလောက ကနေ အနားယူတော့မယ်လို့ ပြောပါတယ်။

ဟာရီကီးဝဲလ်ရဲ့ ပထမဆုံး နိုင်ငံတကာအဆင့် ကစားခဲ့တဲ့ ဖြစ်တဲ့ ၁၉၉၆ ခုနှစ်က ချီလီနဲ့ သြစတြေးလျတို့ ကန်ခဲ့တဲ့ ပွဲဖြစ်ပြီး အဲဒီအချိန်က အသက် ၁၇ နှစ် ၇ လ သာ ရှိခဲ့တာကြောင့် သြစတြေးလျကိုယ်စားပြု ကစားတဲ့ အသက်အငယ်ဆုံး ကစားသမား အ ဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

Radio Australia - Myanmar