၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ထားဝယ်တွင် ဆန္ဒပြ

ပို့စ်တင်ချိန် - 3/26/2014 03:24:00 PM


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၅၉ (ဃ)/ (စ)၊ ပုဒ်မ – ၄၃၆ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံရေးတို့အတွက် ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် အင်အား ၄၅၀ လောက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပြည်သူကို အကာအကွယ်မပေးသည့် ဥပဒေများ – ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ဃ/စ – ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ – ပြင်ဆင်ပေး၊ ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော ဥပဒေများ ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ပေးရေး၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဖော်ဆောင်ပေး၊ ဒီမိုကရေစီစံနှုန်းပြည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

DVB Burmese