လက်ဖက်ရည်ဆိုင်တွင် လူနှစ်ဦး လက်ဖက်ရည် သောက်ရင်း အပြင်လူနှစ်ဦး မှ ချိန်းကြိုးဖြင့် ဝင်ရိုက်

ပို့စ်တင်ချိန် - 3/26/2014 12:12:00 PM


ဖြူး မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မောနင်းဆန်း လက်ဖက်ရည်ဆိုင်တွင် လူနှစ်ဦး လက်ဖက်ရည် သောက်ရင်း ဂိမ်းကစားနေစဉ် အခြားသူနှစ်ဦးမှ ချိန်းကြိုးဖြင့် ဝင်ရိုက်သည့်အမှု (၁၉-၃-၂၀၁၄) ရက်နေ့ ည (၇း၃၀) နာရီအချိန်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖြူးမြို့၊ မြို့မ အနောက်ရပ်ကွက် (၂) လမ်း၊ စည်ပင်ဝန်ထမ်း အိမ်ယာနေ အောင်ကိုလတ် သည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း ဖြစ်သူ ဇွဲသူရနှင့်အတူ မောနင်းဆန်း လက်ဖက်ရည် ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း ဖုန်းဂိမ်းကစားနေစဉ် ယခင် စကားများ ရန်ဖြစ်ဖူးသော စည်ပင် ကွက်သစ် နေဇော်ဇော်နှင့် မိုးဒီတို့ နှစ်ဦး ရောက်ရှိလာပြီး အောင်ကိုလတ်အား ဇော်ဇော်မှ လက်တွင် ပတ်ထားသော ချိန်းကြိုးဖြင့် ဝင်ရိုက်ရာမျက်နှာ၊ ဝဲ/ယာလက်၊ ခါးတို့တွင် ဒဏ်ရာရရှိပြီးဆိုင်ပြင်မှ ထပ်မံ၍ ညစ်ညမ်းစွာဆဲဆိုကာ ကြိမ်းမောင်းခဲ့သဖြင့် အရေးယူပေးပါရန် အောင်ကိုလတ်မှ တရားလို ပြုလုပ် တိုင်တန်း သဖြင့် ဖြူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar