စမတ်မျက်မှန်သစ်များအတွက် Ray-Ban၊ Oakley တို့နှင့် Google ပူးပေါင်းဖွယ်ရှိ

ပို့စ်တင်ချိန် - 3/26/2014 03:51:00 PM


အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးသည် အင်တာနက်နှင့် ချိတ်ဆက်နိုင်မည့် စမတ်မျက်မှန်များကို ဖန်တီးနေပြီး ယခုအခါ Ray-Banနှင့် Oakleyတို့ကဲ့သို့ နာမည်ကျော် တန်ဖိုးကြီး မျက်မှန် အမှတ်တံဆိပ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြခဲ့
Googleသည် ၎င်းတို့ ထုတ်လုပ်ရောင်းချမည့် စမတ်မျက်မှန် အသစ်များတွင် ဝယ်ယူသူများကို ပိုမို ဆွဲဆောင်မှု ရှိစေရန်အတွက် Ray-Ban၊ Oakleyတို့ကဲ့သို့ နာမည်ကျော် အမှတ်တံဆိပ်များနှင့် ပူးပေါင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးသည် အင်တာနက်နှင့် ချိတ်ဆက်နိုင်မည့် စမတ်မျက်မှန်များကို ဖန်တီးနေပြီး ယခုအခါ Ray-Banနှင့် Oakleyတို့ကဲ့သို့ နာမည်ကျော် တန်ဖိုးကြီး မျက်မှန် အမှတ်တံဆိပ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Googleက ဆက်သွယ်နေသော မျက်မှန်ကုမ္ပဏီကြီးများတွင် Oakleyနှင့် Ray-Banတို့အပြင် Vogue-Eyewear၊ Alain Mikliတို့လည်း ပါဝင်ကြောင်း သိရသည်။ Googleသည် ၎င်းတို့၏ အဆင့်မြင့် စမတ်မျက်မှန်များကို ယခုနှစ်အတွင်း စတင်မိတ်ဆက်လာဖွယ် ရှိနေသည်။

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး အဖြစ်မှ ပိုမိုကျယ်ပြန့်စွာ နေရာယူလာသော Googleသည် စမတ်မျက်မှန်များတွင် အသံဖြင့် ထိန်းချုပ်မှု၊ မျက်လုံး အနေအထားဖြင့် ထိန်းချုပ်မှုစသည့် အာရုံခံ စနစ်များကိုပါ ထည့်သွင်းလာမည်ဟု သတင်းကြီးနေသည်။ Googleက ၎င်းတို့၏ Google Glass မျက်မှန် ဝတ်ဆင်သူများ အနေဖြင့် ကြီးကြီးမားမား အခက်အခဲ မရှိစေရဟုလည်း အာမခံထားသည်။

Googleမှ ပညာရှင် တစ်ဦးက “ကိုယ့်ဖုန်းကို အဖွင့်အပိတ် လုပ်သလိုပဲ မျက်မှန်ကိုလည်း အဖွင့်အပိတ် လုပ်နိုင်ပါတယ်”ဟု မှတ်ချက်ပေးခဲ့ဖူးသည်။ Google Glassသည် Wi-Fiဖြင့် အင်တာနက် ချိတ်ဆက်နိုင်မည် ဖြစ်သလို စမတ်ဖုန်း တစ်လုံးမှတစ်ဆင့် Wireless Tether ပြုလုပ်ပြီး အင်တာနက် အသုံးပြုနိုင်မည်ဟုလည်း ဆိုသည်။ လတ်တလောတွင် Google၏ Developerများသည် စမတ်မျက်မှန်များအတွက် Appများကို ဖန်တီးနေဆဲဟုလည်း သတင်းထွက်လျှက်ရှိသည်။

Planet Myanmar Network