အရက်မူးလွန်နေသော အမျိုးသားတစ်ဦး (၆)လွှာတိုက်ခန်းမှ ခုန်ချသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 3/26/2014 07:52:00 PM


ရန်ကုန်၊ မတ် ၂၆

၂၅.၃.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/အနောက်ရပ်ကွက်၊ (၈၈)လမ်းနှင့်(၈၉)လမ်းကြားရှိ နေအိမ်များနောက်ဖေး၌ လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှဝင်း၊ (၄၈)နှစ်၊ (ဘ)ဦးလှရွှေ၊ (၈၈)လမ်း၊ ကန်/အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နေသူဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်မူးလွန်ပြီး ၎င်း၏နေအိမ်(၆)လွှာ နောက်ဖေးမှ ခုန်ချခဲ့ သဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ နားသွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police