မီတာထိန်းသိမ်းခ ကောက်ခံမှုရပ်ဆိုင်းမည်

ပို့စ်တင်ချိန် - 3/26/2014 09:06:00 AM


နေပြည်တော်၊မတ် ၂၅

မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်ဖြန့်ဖြူးမှုတွင် ဓါတ်အားပျောက်ဆုံးမှု တစ်ဆယ် ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိ အောင်ပြုလုပ်နိုင်ပါက မီတာထိန်းသိမ်းခနှင့် ထရန်စဖော်မာ ထိမ်းသိမ်းစောင့်ရှောက်ခများ ကောက်ခံမှုကို ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက မတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

လျပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ အမျိုး သား စီမံကိန်း ဥပဒေကြမ်း ကို လွတ်တော်က အတည်ပြုရန် လာရောက် ရှင်းလင်းရာ၌ ဒုဝန်ကြီး ကအထက်ပါအတိုင်း ပြောကြားသောလည်း မည်သည် အချိန်ကာလ တွင် ကောက်ခံမှုရပ်ဆိုင်းမည့် ကို တိကျစွာပြောဆိုခြင်းမရှိပေ။

သတင်းအပြည်အစုံကို မနက်ဖြန် မတ်လ ၂၆ ရက်နေ့ထုတ် The VOICE သတင်းစာတွင်ဖော်ပြပေးပါမည်။

The Voice Weekly