သတ်ပစ်မည်ဟုပြောကာဆဲဆိုပြီး အရက်ပုလင်းဖြင့်ရိုက်

ပို့စ်တင်ချိန် - 3/01/2014 08:50:00 AM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေယျှား ကျေးရွာနေ ဒေါ်ကြည်ဌေး (၅၁)နှစ်သည် နေအိမ်ဝင်းရှေ့လမ်းမပေါ်တွင် အမှိုက်ကျုံး နေစဉ် တစ်ရွာတည်းနေ တင်ဝင်းရွှေ(၄၅) နှစ်မှာ အရက်ပုလင်း ကိုင်သောက်၍ရောက်ရှိလာပြီး ဒေါ်ကြည်ဌေး၏မောင် တင်ထွန်း (၄၆) နှစ်အား “သတ်ပစ်မည်”ဟုကြိမ်းမောင်းကာ ညစ်ညမ်းစွာ ဆဲဆို နေခဲ့သည်။

ထိုသို့ဆဲဆိုနေစဉ် ရွာအတွင်းမှ ပြန်လာသော တင်ထွန်းအား ထပ်မံ၍ ညစ်ညမ်းစွာဆဲဆိုပြီး အရက်ပုလင်းနှင့်ရိုက်သဖြင့် တင်ထွန်းတွင် နဖူးဝဲဘက် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် တင်ဝင်းရွှေအား ပခန်းကြီးနယ်မြေ ရဲစခန်း(ပ) ၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar