မာယာပရောဂျက်အတွက် သိပ်ရင်ခုန်နေပါတယ်လို့ ဆိုတဲ့ သက်မွန်မြင့်

ပို့စ်တင်ချိန် - 3/01/2014 08:20:00 PM


မကြာသေးခင်ကမှ မင်္ဂလာဆောင် ပြီးသွားတဲ့ ပရိသတ်အချစ်တော် သက်မွန်မြင့်ဟာ မကြာခင်မှာ ရုံတင်ပြသတော့မဲ့ မာယာပရောဂျက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီးသူမရဲ့စိတ်ခံစားချက်ကို ဖွင့်ဟလာခဲ့တာကတော့ ‘ဒီဇာတ်ကားကြီးကို ရိုက်ကူးနေဆဲ အချိန်မှာလဲ သက်မွန်အရမ်းကို ရင်ခုန်ပါတယ်။ ပရိသတ်အတွက် အရသာတစ်မျိုးတော့ ခံစားရမယ်လို့ထင်ပါတယ်။ ပုံမှန်မြင်နေကျ ဇာတ်ရုပ်ပုံစံတော့ မဟုတ်ဘူး။ အချစ်ကားသပ်သပ်လဲ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကလဲ အရင်ကားလိုမျိုး ပရိသတ်ချစ်မဲ့နေရာလဲ မဟုတ်ဘူး။ ပြောရရင် ယုတ်မာတဲ့အပိုင်းလဲ ပါတယ်။ ဗီလိန်လုံးဝတော့ မဟုတ်ဘူး။ ဒါပေမဲ့ကိုယ့်မောင့်အတွက်ကို ကိုယ်က လှည့်ကွက်တွေ သုံးပြီးတော့ ဒီမိန်းကလေးတစ်ယောက်ကို သူတို့ရဲ့အချစ်ကိုလဲ ဖျက်ဆီးတယ်။ ပုံစံတစ်မျိုးတော့ ပရိသတ်တွေခံစားရလိမ့်မယ်လို့သက်မွန်ယုံကြည်ပါတယ်။ အ၀တ်အစားပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ကိုယ်က အဲကားထဲမှာ အစ်မကြီးဖြစ်တဲ့အတွက် ဖန်စီတွေဝတ်လို့မရဘူး။ သူတို့တွေနဲ့ ပုံစံကွဲရမယ်ဆိုတော့ လူကြီးတစ်ယောက်ရဲ့ ပုံပေါက်အောင် အတတ်နိုင်ဆုံး ဗမာပုံကိုပဲ ဖန်စီဖြစ်အောင်ပြန်လုပ်တယ်။ ပြီးတော့ ပိုးဆိုရင် ပွဲထိုင်ပိုးတွေ မဟုတ်ပဲနဲ့ကွန်ပျူတာပိုးတွေကိုပဲ အလှဆင်ပြီးတော့ အဆင်ကျကျနဲ့ဗမာဆန်ဆန် ၀တ်တယ်။ ဆံပင်အပိုင်းကိုလဲ ဖန်စီပုံစံလေးတွေပဲပြင်တယ်။ လူကြီး တစ်ယောက်ပုံစံတော့ သွားတယ်။ သူတို့နဲ့လဲ သိပ်မဟသွားအောင်ပေါ့။ ဒီဇိုင်နာမပုံ့ပဲကပဲ တစ်ကားလုံးကို တာဝန်ယူပြီး စီစဉ်ပေးပါတယ်။’လို့ သူမက ဖွင့်ဟသွားပါတယ်။

ဒီဇာတ်ကားကို လက်ခံဖြစ်ခဲ့တာနဲပ ပတ်သက်ပြီး သူမက ‘စိန်ခေါ်မှုတစ်ခုပေါ့နော်။ ကိုယ်ကရိုက်နေကျမဟုတ်ဘူး။ ကိုယ့်ရဲ့ အရွယ်ထက်ကိုပိုပြီး ရင်းရတယ်။ စကားအပြောအဆိုတွေ သတိထားရတယ်။ ကိုယ့်အသံနဲ့ကိုယ်ရုပ်က ကလေးပုံပေါက်တော့ သိပ်မမာဘူး။ သိပ်လဲလေးစားစရာမကောင်းဘူးလို့ ထင်နေတယ်။ ရိုက်တဲ့အချိန်မှာ ဆိုက်ကိုတော့ဖြစ်နေတယ်။ ကိုယ့်ပုံစံက အဆင်ပြေပါ့မလား။ ဆံပင်ကအဆင်ပြေပါ့မလား။ ဒါပေမဲ့ကိုဝိုင်းဆိုတာ သူစိတ်တိုင်းမကျရင် လွှတ်ပေးတတ်တဲ့ ဒါရိုက်တာတစ်ယောက် မဟုတ်တဲ့အတွက် သူလိုချင်တာမရမချင်း မောင်းတတ်တဲ့ ဒါရိုက်တာဆိုတဲ့အတွက် စိတ်ချတယ်။ ပရိသတ်သဘောကျပါစေလို့ပဲ ဆုတောင်းပါတယ်။ အာဒံဧ၀တုန်းက ချစ်စရာလေး။ ဒီမှာကျတော့နဲနဲအမြင်ကပ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ဆိုတော့လေ။ ဒီကားမှာ ပါဝင်တဲ့သူတွေက ကိုနေတိုးဆိုလဲ အရမ်းတော်တဲ့သူ၊ ဖွေးဖွေးဆိုတာကလဲ အရမ်းတော်တဲ့သူ၊ ကိုဝိုင်းဆိုတာကလဲactor တွေကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ဆိုတော့ ဒီဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး အရမ်းကိုရင်ခုန်ပါတယ်’တဲ့။

Trend Myanmar