EARTH DEFENSE FORCE 2025 (Game)

ပို့စ်တင်ချိန် - 3/01/2014 03:31:00 PM


Earth Defense Force 2025 ဟာ Doom Series နှင့် Contra Series တို့လိုမျိုး ဇာတ်လမ်းပိုင်းထက် မြင်မြင်သမျှ ရန်သူတွေအားလုံးကို ပစ်ခတ်ရသော shooting gameplay ကို အသားပေးထားတဲ့ Third Person Viewpoint ကနေ ဝင်ရောက်ကစားရမယ့်  Third Person Shooter ဂိမ်းသစ် ဖြစ်ပါတယ်။ Earth Defense Force (EDF) စီးရီးတွေကို PS2 ဂိမ်းစက်တွေမှာ စတင်ဖြန့်ချိခဲ့ပြီး ရိုးရှင်းတဲ့ gameplay နှင့် အလွယ်ဆုံးကနေ အခက်ဆုံးအဆင့်အထိ difficulty level မျိုးစုံပြောင်းပြီး သူငယ်ချင်းတွေနှင့် ထပ်ခါတလဲလဲ ပြန်ကစားနိုင်သလို စာဖတ်စရာလည်း သိပ်မလိုတဲ့အတွက်ကြောင့် English version တွေ မထွက်ရှိခင် Japanese version တွေ ထွက်ကတည်းက ပရိသတ်အားပေးမှုရရှိတဲ့ ဂိမ်းစီးရီးဖြစ်ပါတယ်။ ၂၀၁၃ အတွင်းမှာတော့ Earth Def-ense Force 2017 Portable ကို PSVita နှင့် PS3 နှင့် Xbox360 တို့အတွက် Earth Defense Force 4 တို့ ထွက်ရှိခဲ့သလို EDF 4 ရဲ့ English Version ဖြစ်တဲ့ Earth Defense Force 2025 ကိုတော့ 2014 February လ အတွင်းကဖြန့်ချိခဲ့ပါတယ်။ Old school shooter ဂိမ်းတွေ ပုံစံရေးဆွဲထားတဲ့ Earth Defense Force 2025 ဂိမ်းသစ်မှာတော့ ကစားသူဟာ ကမ္ဘာကို ကျူးကျော်တိုက်ခိုက်လာတဲ့ ဂြိုဟ်သားတွေနဲ့ သူတို့သယ်ဆောင်လာတဲ့ အင်းဆက်ပိုးကောင်တွေနဲ့ စက်ရုပ်တွေကို တိုက်ခိုက်ရမှာပါ။ အရင် EDF ဂိမ်းတွေမှာလိုပဲ အစောပိုင်း level မှာ တွေ့ရှိရမယ့် ပထမဆုံးရန်သူတွေကတော့ ဧရာမပုရွတ်ဆိတ်ကြီးတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ပင့်ကူအကြီးစားတွေ၊ အာကာသယာဉ်ပျံတွေအပြင် ရန်သူအသစ်ဖြစ်တဲ့ နဂါးကြီးတွေတောင် ပါဝင်လာတာ တွေ့ရပါတယ်။



၂၀၁၇ ခုနှစ်အတွင်းက ကမ္ဘာကို ကျူးကျော်လာသမျှ ဂြိုဟ်သားတွေနှင့် အင်းဆက်ပိုးကောင်တွေအားလုံးကို နှိမ်နင်းပြီးပြီလို့ ယူဆခဲ့ရပေမယ့် ရှစ်နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ မြေကြီးအတွင်းမှာ ပုန်းအောင်း
နေတဲ့ ရန်သူဂြိုဟ်သားတွေ မွေးမြူထားတဲ့ အင်းဆက်ပိုးကောင်တွေနှင့်အတူ ဂြိုဟ်သားယာဉ်ပျံတွေနှင့် စက်ရုပ်ကြီးတွေဟာ တစ်ကြော့ပြန် ကျူးကျော်လာကြပြီမို့လို့ EDF တပ်သားတွေက ပြန်လည်တိုက်ထုတ်
ရတော့မှာ ဖြစ်ပါတယ်။ EDF တပ်သားတွေအနေနဲ့ လူနေများတဲ့ မြို့တွင်းနယ်မြေများ၊ ပိုးကောင်တွေရဲ့အသိုက်တွေအပြင် အခြား outdoor levels မျိုးစုံမှာ ဝင်ရောက်တိုက်ခိုက်ရမှာပါ။ Graphics ပိုင်းကတော့ Gears of War တို့၊ Resident Evil တို့လို Third Preson Shooter ဂိမ်းတွေနဲ့ ယှဉ်ရင်တော့ သိပ်မလှဘူးဆိုပေမယ့် အရင် EDF ဂိမ်းတွေကထက် ပိုကြည့်ကောင်းလာပါတယ်။ ဒါပေမဲ့ Earth Defense Force Series ရဲ့ အဓိကကောင်းကွက်က graphics ပိုင်းမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ gameplay ပိုင်းနှင့် ရန်သူဒီဇိုင်းတွေက အဓိကဖြစ်ပါတယ်။ အရင် Developer Sandlot ကရေးတဲ့ EDF ဂိမ်းတွေမှာလိုပဲ ဟာသဆန်တဲ့ အသံသရုပ်ဆောင်မှုတွေ၊ ရယ်စရာကောင်းတဲ့ အော်သံတွေ၊ ပစ်လိုက်တာနဲ့ လေထဲအဝေးကြီး လွင့်ထွက်သွားမယ့် gameplay physics တွေ ပါဝင်ပြီး missions တွေကိုလည်း တိုတိုနှင့်များများ ထည့်သွင်းထားလို့ စိတ်ကြိုက် missions တွေကို ဇာတ်ကောင် Class မျိုးစုံ၊ difficulty level မျိုးစုံပြောင်းလဲပြီး ခဏခဏ ပြန်ဆော့ချင်အောင် ဆွဲဆောင်ထားနိုင်တာကို တွေ့ရပါတယ်။



EDF 2025 မှာ စကစားကတည်းက Character Class လေးမျိုးကို ချက်ချင်းရွေးချယ်နိုင်မှာဖြစ်ပြီး အစပိုင်း လက်နက်လေးငါးမျိုးလောက်ကလွဲပြီး ဂိမ်းအတွင်း ပါဝင်တဲ့ လက်နက်ပေါင်း ၃၀၀ ကျော်ကိုတော့ ရန်သူတွေကို တိုက်ခိုက်ရင်း unlock လုပ်နိုင်မှာပါ။ Mission တိုင်းမှာ ရန်သူတွေသေရင်၊ စက်ရုပ်တွေ ပျက်စီးသွားရင် maximum HP တိုးနိုင်မယ့် Armor crate နှင့် လက်နက်သစ်တွေပါဝင်တဲ့ Weapon crate တွေ ရရှိနိုင်မှာပါ။ လက်နက်အားလုံးနီးပါးက ကျည်မကုန်ဘူးဆိုပေမယ့် normal mode ကနေ inferno mode လိုမျိုး အရမ်းခက်တဲ့ difficult level တွေကစားတော့မယ်ဆိုရင်တော့ reload time လည်းမြန်သလို ကျည်များများပိုဆံ့တဲ့ လက်နက်တွေ unlock ပြုလုပ်ပြီး ဆက်ကစားနိုင်မှာပါ။ Class အနေနဲ့က လက်နက်မျိုးစုံ ကိုင်တွယ်နိုင်ပြီး ယာဉ်မျိုးစုံမောင်းနှင်နိုင်မယ့် Ranger infantry class၊ လေပေါ်ပျံနိုင်မယ့် Jet Pack တွေ ဝတ်ဆင်ထားနိုင်တဲ့ Wing Diver class, health recovery generators နှင့် force shields တွေ ဆောက်နိုင်သလို လေတပ်အကူအညီဖြင့် တိုက်ခိုက်ခိုင်းလို့ရမယ့် support class အမျိုးအစားဖြစ်တဲ့ Air Raider class နှင့် စက်ရုပ် Power Suits အတွင်း ဝင်ရောက်ပြီး လက်နက်အကြီးစားတွေ၊ Gatling gun တွေ ကိုင်နိုင်မယ့် Fencer class တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Tanks, Helicopters နှင့် စက်ရုပ် Power Suits မျိုးစုံကိုလည်း ဝင်မောင်းပြီး ရန်ကူတွေကို တိုက်ခိုက်နိုင်မှာပါ။ Offline mode က ကစားသူနှစ်ယောက် Split Screen ကစားနိုင်သလို Online မှာတော့ အများဆုံးလေးယောက်ထိ ကစားနိုင်မှာပါ။ Co-op mode အပြင် ကစားသူအချင်းချင်း တိုက်ခိုက်နိုင်မယ့် Player VS Player mode လည်း အသစ်ပါဝင်လာပါတယ်။ Mission တစ်ခုကစားတိုင်း လက်နက်သစ်တွေ ရရှိနိုင်သလို Maximum HP လည်း ပေါင်းနိုင်တဲ့အချက်က အချိန်ကြာကြာ ဆက်တိုက်ကစားရင်တောင် မရိုးအီသွားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။



Earth Defense Force 2025 ဂိမ်းဟာ ကစားချိန်အများစု ငါးမိနစ်ကနေ ဆယ်မိနစ်လောက်ထိပဲကြာတဲ့ mission တစ်ခုချင်းစီကို ရွေးချယ်ကစားနိုင်လို့ ဂိမ်းဆော့ဖို့ အချိန်အများကြီးမပေးနိုင်သူတွေအတွက် အဆင်ပြေသလို လက်နက်သစ်တွေ၊ အရမ်းခက်တဲ့ mission တွေနဲ့မှ ကစားလိုသူတွေကလည်း နာရီပေါင်းရာနှင့်ချီပြီး ကစားနိုင်မှာဖြစ်လို့ ပေါ့ပေါ့ပါးပါး shooter ဂိမ်းလေးတွေ ကစားချင်သူတွေနှင့် အထူးသင့်လျော်တဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။
နေအောင်လတ်
(mmgamers.com)
Internet Journal