Acer Chromebook C720P

ပို့စ်တင်ချိန် - 3/01/2014 06:49:00 PM


အားသာချက်
Acer Chromebook C720p ဟာ ကီးဘုတ်ပိုင်းမှာ ကောင်းမွန်ပြီးတော့ SD expansium slot လည်း ပါရှိပါတယ်။ USB 2 နဲ့ 3 Port နှစ်မျိုးလုံးပါရှိပြီး HDMI လည်း ပါရှိပါတယ်။ Touch screen အမျိုးအစား ဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းမှု အပိုင်းအတွက် 32 GB ကို onboard အဖြစ် ပေးထားပါတယ်။ ဒီအချက်က သာမန်အဆင့် Chromebook တွေထက် သာတယ်ဆိုတာကို ပြသနေ တာဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းပိုင်းမှာတော့ အရင် Chromebook တွေ ထက် သာတယ်လို့ ပြောရမှာပါ။

အားနည်းချက်
Chrome OS ဟာ ထုံးစံအတိုင်း အကန့်အသတ်တွေနဲ့ ရှိနေပါတယ်။ Touch စနစ်ဟာ Chrome မှာ အမြဲတမ်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်
ဈေးသိပ်များတဲ့ Notebook တွေကို မတတ်နိုင်တဲ့သူတွေအဖို့ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ စကရင်က ကန့်လန့်ဖြတ်တိုင်းတာမယ်ဆိုရင် 11.6 လက်မ အရွယ်ရှိမှာဖြစ်ပြီး resolution ပိုင်းကတော့ အမြင့်ဆုံး 1366x768 အထိရှိတာကို တွေ့ရမှာဖြစ်ပါတယ်။CPU ပိုင်းကိုတော့ 1.4GHz Intel Celeron 2955U ဖြစ်ပြီး RAM ကတော့ 2GB, DDR 3 ဖြစ်ပါတယ်။ သိုလှောင်သိမ်းဆည်းမှု အပိုင်းအတွက် 32GB SSD ထည့်ပေးထားပါတယ်။ ကြိုးမဲ့စနစ်မှာ သုံးစွဲဖို့အတွက် 802.11 a/b/g/n နဲ့ Bluetooth 4.0 ပါရှိပါတယ်။ အလေးချိန်ကတော့ 2.98 ပေါင်ဖြစ်ပါတယ်။ SD card လည်း စိုက်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Google Drive သို့မဟုတ် အခြားသော apps တွေကို offline သုံးစွဲနိုင်ပါတယ်။

ဘက်ထရီ
ဘက်ထရီ ၅ နာရီနဲ့ ၅၂ မိနစ်လောက်အထိ ဆက်တိုက်အသုံးခံတာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Laptop တွေနဲ့ tablet တွေရဲ့ ဘက်ထရီက ဆက်တိုက်သုံးစွဲမယ်ဆိုရင် ၉ နာရီလောက်အထိ အသုံးခံနိုင်လာတာ ဖြစ်တဲ့အတွက် Acer Chromebook C720p ရဲ့ ဘက်ထရီကို ဆက်တိုက်သုံးစွဲနိုင်မှုဟာ သိပ်ပြီးတော့ အားရတယ်လို့တော့ မပြောနိုင်ပါဘူး။


တန်ဖိုး - $229.99
CNET
မြင့်ဇော်
Internet Journal