အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးပန်ကြား

ပို့စ်တင်ချိန် - 3/01/2014 12:46:00 PM


ရန်ကုန်-မတ်၁
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှကင်းဝေးစေရန်၊ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ ၁-၃-၂၀၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ(ဆိပ်ကမ်း)၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊လသာ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် ၉း၀၀ နာရီမှ ၁၆း၀၀ နာရီအတွင်း အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။

၃။ ၂-၃-၂၀၁၄ ရက်နေ့တွင် ရွှေပေါက်ကံ၊ မြောက်ဥက္ကလာပ၊ ဒဂုံ (တောင်)၊ ကမာရွတ်၊ သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ အင်းစိန်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၈ နာရီမှ ၁၆ နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါသည်။

၎။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့်ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက်ပုံမှန်မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း ဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့်လူမှုရေးအခက်အခဲများ ပေါ်ပေါက် နိုင်မှုအပေါ် အနူးအညွတ် တောင်းပန်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အများ ပြည်သူသို့ အသိပေးပန်ကြား အပ်ပါသည်။
မှ-MOI Webportal Myanmar