အသက် ၂၁ နှစ်အရွယ် ရီးယဲလ်မက်ဒရစ်လူငယ်တိုက်စစ်မှူး အယ်ဗာရို မိုရာတာ ကို ခေါ်ယူဖို့  စိတ်ဝင်စားနေတဲ့ အာစင်ဝင်းဂါး

ပို့စ်တင်ချိန် - 3/01/2014 08:23:00 PM


အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါးဟာ ရီးယဲလ်မက်ဒရစ် အသင်းရဲ့ လူငယ်တိုက်စစ်မှူး အယ်ဗာရို မိုရာတာကို နွေရာသီမှာ ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

ဇန်န၀ါရီလ တုန်းက မိုရာတာ ကို အဌားနဲ့ ခေါ်ယူဖို့ ဝင်းဂါး တစ်ယောက်ကြိုးစားခဲ့သေးပေမယ့် ရီးယဲလ် အသင်းက အသက် ၂၁ နှစ်အရွယ် ကစားသမားကို သွားခွင့်မပြုခဲ့ပါဘူး။

မိုရာတာ ကလည်း ရာသီကုန်မှာ အာဆင်နယ်အသင်းကို အပြီးပြောင်းရွှေ့ ဖို့ စိတ်အားထက်သန်နေပြီး ၀င်းဂါး ကလည်း ခေါ်ယူဖို့ အသင့်ပဲလို့ ဆိုပါတယ်။ စပိန်လူငယ်ကစားသမားဟာ ရီးယဲလ် အသင်းအတွက် ၃၉ ပွဲ ပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘာနေဗျူးမှာ သူ့ အတွက် အခွင့်အရေးနည်းပါးနေတဲ့ အတွက် စပိန် အသင်းမှာ ပါဝင်ကစားရဖို့ အာဆင်နယ်ကို ပြောင်းရွှေ့ ချင်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။

စပိန် ယူ-၂၁ အသင်းနဲ့ ရရှိခဲ့တဲ့ မိုရာတာ ရဲ့ စံချိန်ကတော့ အာဆင်နယ်ပရိသတ်တွေ အထင်ကြီးလောက်စရာ ပါပဲ။ စပိန် ယူ-၂၁ နဲ့ ၁၁ ပွဲကစားခဲ့ရာမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်သူပါ။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့  မိုရာတာ အတွက် ပေါင် ၁၅ သန်းဝန်းကျင် တောင်းဆိုသွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

ဝင်းဂါးဟာ ရှော်ကေးကြယ်ပွင့် ဂျူလီယန် ဒရက်စလာ ကို ခေါ်ယူဖို့ ဆက်ကြိုးစားသွားမှာဖြစ်ပြီး လာမယ့်နွေရာသီ ဈေးကွက်မှာ ရှေ့ တန်းကစားသမား အနည်းဆုံး နှစ်ယောက် ခေါ်ယူသွားဖွယ်ရှိတယ်လို့  ဆိုပါတယ်။

Ref: telegraph.co.uk
Trend Myanmar