ကမ္ဘာ့ အကြီးဆုံး လိပ်ပြာအိမ်

ပို့စ်တင်ချိန် - 3/01/2014 03:33:00 PM


အပေါ်ဘက်ကနေ ကြည့်လိုက်မယ် ဆိုရင်တော့ တောင်ကုန်းတစ်ခုလို ထင်ရလောက်ပါတယ်။ အိမ်ပုံသဏ္ဍန် တည်ဆောက်ထားခြင်းမျိုး မဟုတ်ပါဘူး။ ၎င်းအိမ်ကို လိပ်ပြာအိမ်လို့လည်း ခေါ်ဝေါ်ကြပါတယ်။

ဲဗြိတိန်နိုင်ငံမှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဘေးပတ်လည်မှာ သစ်ပင်များ ဝန်းရံကာ စိုက်ပျိုးထားပြီး လိုဏ်ဂူပုံဏ္ဍန် တည်ဆောက်ထားလို့ ဆွဲဆောင်မှု အလွန်ရှိပါတယ်။ မိုက်ကယ်အန်စီခရာတေး ဆိုသူက တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

အိမ်၏ အကျယ်အဝန်း ကတော့ ပေ ၃၀၀ ကျယ်ပါတယ်။ ၂၀၀၉ ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်မှ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ အလွန်ကျယ်ပြီး ဆွဲဆောင်မှုများစွာ ရှိတဲ့ ဗြိတိန်နိုင်ငံမှ လိပ်ပြာအိမ်ကို ကမ္ဘာ့ အကြီးဆုံး လိပ်ပြာအိမ် စံချိန်တင် သတ်မှတ်ထားကြောင်း သိရပါတယ်။

ကျော်လင်းနိုင်
Smart Pro Journal