ငိုလို့ ရယ်လို့ မရတဲ့ သမိုင်းထဲက မျက်နှာနှစ်ဘက်နှင့် လူသား

ပို့စ်တင်ချိန် - 3/01/2014 08:22:00 PM


အင်္ဂလန်နိုင်ငံမှာ ၁၉ ရာစုလောက်က အီဘရာမိုဒတ်လို့ ခေါ်ဝေါ်တဲ့ လူသားဟာ ထူးဆန်းစွာဖြင့် မွေးရာပါ မျက်နှာနှစ်ဘက် ပါလာခဲ့ပါတယ်။ ရှေ့တစ်ဘက် နောက်တစ်ဘက် ဖြစ်ပါတယ်။ အတော်လေး ကံဆိုးတယ်လို့ ဆိုရမှာပေါ့။

သမိုင်းမှတ်တမ်းများ အရတော့ ထိုသူ၏ မျက်နှာနှစ်ဘက်လုံးဟာ စကားပြောလို့ ရပါတယ်။ စားလို့လည်း ရပါတယ်။ ဒါပေမယ့် ဆိုရွားတာကတော့ ရယ်လို့ မရတာနဲ့ ငိုလို့မရတာပင် ဖြစ်ပါဘူး။ ဒါကြောင့် အီဘရာဗက်ဂတ်ဆိုတဲ့ ဆရာဝန်နှင့် အခြားဆရာဝန်များဟာ ထိုမျက်နှာကြီးကို ခွဲစိတ်ပေးဖို့ ပြုလုပ်ခဲ့ပေမယ့် ခေတ်မှီတဲ့ ဆေးပညာတွေ မရှိသေးတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။

ဒါထက်ဆိုးရွား တာကတော့ အိပ်တဲ့အခါမှာ အဆင်မပြေတာပဲ ဖြစ်ပါတယ်။ မျက်နှာတစ်ဘက်ကို အပေါ်ဘက်ထားရင် တစ်ဘက်က အောက်ဘက်မှာ မွမ်းကျပ်မှုကို ခံနေရသည့်အတွက် ဖြစ်ပါတယ်။ သူဟာ အသက် ၂၃ မှာ မိမိကိုယ့်ကိုယ် အဆုံးစီရင် သွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေ အရ သိရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)