တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 3/01/2014 11:16:00 PM


ရန်ကုန်၊ မတ် ၁

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင်
မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊
တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် မှော်ဘီမြို့နေ
ဒေါ်နွယ်နွယ်သင်းမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်
ဆေးရုံကြီး၌ ကျား(၂)ယောက်၊မ(၅)ယောက်မှာ အတွင်းလူနာ(စိုးရိမ်ရ)
များအဖြစ်လည်းကောင်း၊ တိုက်ကြီးဆေရုံ၌ ကျား(၁၀)ယောက်၊
မ(၂)ယောက်မှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း
တင်ပို့ကုသလျက်ရှိပါသည်။

ယင်းကဲ့သို့ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းစိုးမင်းထိုက်
ကို တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊
ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police