Smartphone Stand Speaker

ပို့စ်တင်ချိန် - 3/01/2014 06:48:00 PM


Hero Mini အမှတ်တံဆိပ် Smartphone Stand Speaker တစ်မျိုး ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Earphone ဒီဇိုင်းပုံစံရှိမှာဖြစ်ပြီး သွားလေရာ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ iPhone, Smartphone, iPad, Tablet PC များဖြင့်လည်း ချိတ်ဆက်ပြီး Stand အနေဖြင့် အသုံးပြုနိုင်သလို Speaker အနေဖြင့်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံထွက်အနေဖြင့် 4W အသံကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ပါဝါပိုင်းအတွက် Lithium Battery ဖြင့် အသုံးပြုနိုင်သလို USB Cablန ဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၆၅၀၀၀ ကျပ်ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် T-Land ဖုန်း-၃၈၂၈၆၈ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

ဝေဝေ
Internet Journal