အသက်ကယ်ပေးမယ့် Lifesaver iPhone Case

ပို့စ်တင်ချိန် - 3/05/2014 07:31:00 PM


Lifesaver iPhone Case က ဖုန်းကိုင်ဆောင်သူ အန္တရာယ် ရှိတဲ့ အခြေအနေမှာ တည်နေရာ နဲ့ တကွ ရဲဌာန ကို အကြောင်းကြားပေးနိုင်ပါတယ်။ Case ရဲ့ ဘေးဘက်မှာ Slider Button တစ်ခုရှိပါတယ်။ အဲဒီခလုတ် ကို အသုံးပြုပြီး ရဲဌာန ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ခလုတ် ကို ဖွင့်လိုက်တာနဲ့ 911 ကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ တည်နေရာ နဲ့ ဖုန်းကိုင်ဆောင်သူ ရဲ့ သတင်းအချက်အလက်ကို ပေးပို့ပေးမှာဖြစ်ပါတယ်။ Microphone နဲ့ ကင်မရာ ကလည်း အဖြစ်အပျက်ကို မှတ်တမ်းတင်ပြီး ရဲဌာန ကို ပေးပို့မှာ ဖြစ်ပါတယ်။ ရဲဌာန ကို အကူအညီ တောင်းပြီးရင် LED Light က အချက်ပြပေးနိုင်ပါတယ်။ App က နောက်ကွယ်မှာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် တိုက်ခိုက်သူ က ရဲဌာန ကို အကြောင်းကြားတာ ကို မသိပါဘူး။

Lifesaver iPhone Case ကို ထုတ်လုပ် ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေကောက်ခံလျှက်ရှိပါတယ်။ ရန်ပုံငွေ ထည့်သွင်းထားသူများ က Case ကို ဒေါ်လာ (၅၉) နဲ့ ရရှိမှာ ဖြစ်ပါတယ်။ အခြားသူများ ကိုတော့ ဒေါ်လာ (၉၉) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Lifesaver Case ကို iPhone 4 နဲ့ နောက်ပိုင်းထုတ်တဲ့ iPhone များမှာအသုံးပြုနိုင်ပါတယ်။ သြဂုတ်လ မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

တီထွင်သူ John Powell က သူ့ရဲ့ သမီး ကျောင်းသွားတဲ့လမ်းမှာ လူတစ်ယောက် က လှည့်ဖျား ခေါ်ဆောင်ဖို့ ကြိုးစားမှု ဖြစ်ပေါ်ပြီးနောက်မှာ Lifesaver Case ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ The National Coalition Against Domestic Violence, Veterans For Missing And Exploited Children, and The National Network to End Domestic Violence တို့က Lifesaver Case ကို အားပေးပံ့ပိုး နေကြပါတယ်။