ဖမ်းယူတွေ့ရှိတဲ့ သြစတြေးလျ ကမ်းခြေဘက် ရေပြင်ထဲက ၂၄မီတာလောက် အရှည်ရှိတဲ့ အရာဝထ္ထု (၂)ခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် #MH370 နဲ့ ဆက်စပ်နိုင်

ပို့စ်တင်ချိန် - 3/21/2014 06:17:00 PM


ဆက်သွယ်ရေးဂြိုလ်တုကနေ ဖမ်းယူတွေ့ရှိတဲ့ သြစတြေးလျ ကမ်းခြေဘက် ရေပြင်ထဲက ၂၄မီတာလောက် အရှည်ရှိတဲ့ အရာဝထ္ထု (၂)ခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် #MH370 နဲ့ ဆက်စပ်နိုင်ခြေရှိတယ်လို့ သြဇီဝန်ကြီးချုပ် တိုနီအဘော့က ကြာသာပတေးနေ့မနက်မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ လေယာဉ် ဆက်စပ်အပိုင်းအစမျိုးတွေ လှိုင်းပုတ်တာကြောင့် ရေအောက်ကနေ အပေါ်ကို မျောပေါ်နေတာမျိုး ဖြစ်နိုင်ပေမယ့် ရာသီဥတုအခြေအနေအရ ဂြိုလ်တုမြင်ကွင်းကို ကောက်ချမချနိုင်သေးကြောင်း သြဇီ ပညာရှင်တွေက သုံးသပ်ပါတယ်။ အခုလက်ရှိမှာ Perth မြို့နဲ့ အနောင်တောင်ဘက် ကီလိုမီတာ ၂၅၀၀လောက်မှာ တွေ့ရှိရတဲ့ အဲဒီ့အရာဝထ္ထုကို အတည်ပြုနိုင်ဖို့အတွက် သက်ဆိုင်ရာရေယာဉ်နဲ့ လေယာဉ်ပျံတွေ သွားနေကြပါတယ်။

DVB TV News