ဆွေမျိုးထဲက မသန်မစွမ်းသူအား ကာမကျူးလွန်ဖို့ ခွင့်ပြုခဲ့သူ ရည်းစား

ပို့စ်တင်ချိန် - 4/18/2014 11:32:00 AM

Holly Morrison

အသက် ၃၄နှစ်ရှိ အမျိုးသမီးတစ်ဦးက သူမရဲ့ ရည်စားကို ဆွေးမျိုးထဲက  အသက် ၁၄နှစ်ရှိ မသန်မစွမ်းသူအား  ကာမမှု ကျူးလွန်ဖို့ ကြိုးစားခြင်းကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

Maine, Westbrook မှာ နေထိုင်သူ Holly Morrison ကိုတော့ အရွယ်မရောက်သူ တစ်ဦး ဖြစ်ပြီး မသန်မစွမ်းလည်း ဖြစ်သူကို လိင်မှုဆိုင်ရာ ကျူးလွန်မှုများနှင့် အသားနာကျင်စေမှုတို့ကြောင့် တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။

သူမကတော့ ရဲအရာရှိဟောင်း ဖြစ်ခဲ့သူ Donald Cass ကို တော့ ပြီးခဲ့တဲ့ fall season အတွင်းမှာ သုံးကြိမ်တိုင်တိုင် မစွမ်းမသန် အမျိုးသမီးငယ်ကို ကာမမှု ကျူးလွန်စေဖို့ ခွင့်ပြုခဲ့ပါတယ်။

သူမနဲ့ Cass တို့ swingers ပါတီမှာ စတင်တွေ့ဆုံဖူးခြင်း ဖြစ်ပြီး Cass ကတော့ အသက် ၅၉နှစ်အရွယ် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ သူ့ဇနီးမသိရှိအောင် Morrison အိမ်ကို သုံးကြိမ်တိုင်တိုင်လာရောက် လည်ပတ်ခဲ့ပါတယ်။ လာရောက်ခဲ့စဉ် သုံးကြိမ်မှာ မသန်စွမ်းသူ မိန်းကလေးကို ကာမကျူးလွန်ဖို့ အတွက် သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Morrison ကိုတော့ ဒဏ်ငွေ ၅၀၀ ဆောင်ရန် ပြစ်ဒဏ်သတ်မှတ်ပြီး Cass ကိုတော့ ထောင်ဒဏ် ၈နှစ်မှ ၄နှစ်ကို စောင့်ကြည့်ကာလ အဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

world-myanmar.com

ref: dailymail