မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ် အရာရှိကြီးတစ်ဦး၏ သားဟု ယူဆရသည့် သူ သည် မူးယစ်ရမ်းကားပြီး ဆိုင်ကယ်(၂)စီးအားဆက်တိုက်

ပို့စ်တင်ချိန် - 4/18/2014 08:45:00 AM





ယနေ့ည(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ဖောင်ဖွဲ့ရေးဌာန မှ အရာရှိကြီးတစ်ဦး၏ သားဟု ယူဆရသည့် သူ သည် မူးယစ်ရမ်းကားပြီး YGN 8A-7032 ကားအား မောင်းနှင်လာပြီး အပြစ်မဲ့ ခရီးသွားကား စူပါစလွန်း ခဲရောင် အမှတ်(၇က/၈၄၀၃)အားဝင်ရောက် တိုက် မိပြီး ဆိုင်ကယ်(၂)စီးအားဆက်တိုက် ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။
"ကားပေါ် မှာ ကောင်မလေး(၃)ယောက်လောက်ပါတယ်။ ကေတီဗွီတို့ ဘာတို့ က နေပြီး ခေါ်လာတယ်လို့ထင်တာဘဲ။တိုက်ပြီးထွက်ပြေးမောင်း သွားတယ်။
သာစည်လမ်းပေါ်အရောက်မှာ လမ်းဘေးကိုထိုးကျသွားတယ်။ ဓာတ်ပုံရိုက် တဲ့ သူတွေကိုလည်း လုံးဝအရိုက်မခံဘဲ ဆဲဆိုလွတ်တယ် သူတို့ဖြစ်တဲ့နေရာ ကို ရောက်လာတဲ့ ယာဉ်ထိန်းကိုတောင်ဆဲရေးတိုင်ထွာပြီး လွတ်တယ်။ ကြည့် ရတာကတော့ အကောင်ကြီးရဲ့သားဖြစ်လိမ့်မယ်"ဟု အဆိုပါ ယာဉ်တိုက်မှုကြီး အား မျက်မြင်ကိုယ်တွေ့ ကြူံတွေ့လိုက်ရသူက ဆိုပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကနီမြို့နယ် ကင်းရွာ နေသူ လူငယ်တစ်ဦး ခြေထောက်ကျို ပြီး ကျန်(၂)ဦး မှာ ပြင်းထန် ဒဏ်ရာများရရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင်ရောက်ရှိနေကြောင်း သိရသည်။


ThanLarWaddy Times...