ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်ကို သတင်းမေး

ပို့စ်တင်ချိန် - 4/18/2014 07:44:00 AM




ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်မှာ နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

လူအတော်များများလည်း ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ သွားရောက်ကြိုဆို ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်ကနေ ပြန်ရောက်တဲ့ နေ့မှာပဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အန်အယ်ဒီ နာယက အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို သွားရောက် သတင်းမေးခဲ့ပါတယ်။

ကျောက်ကပ်ပိုင်း ချွတ်ယွင်းမှု ခံစားနေရတဲ့ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာ စကားပြောခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေသူတွေက ပြောပါတယ်။

BBC Burmese