စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ကိုလံဘီယာစာရေးဆရာကြီး ဂါဆီယာ မားကွက်ဇ် ကွယ်လွန်

ပို့စ်တင်ချိန် - 4/18/2014 02:59:00 PM


ဓာတ်ပုံ - ရိုက်တာ

ကမ္ဘာကျော် စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် ကိုလံဘီယာစာရေးဆရာကြီး ဂါဘရီယယ် ဂါဆီယာ မားကွက်ဇ် (Gabriel Garcia Marquez) ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က မက္ကဆီကိုနိုင်ငံ မက်ဆီကိုမြို့တော်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ်ရှိပြီး ကိုလံဘီယာနိုင်ငံရဲ့ အထင်ကရ စာရေးဆရာကြီး ဆုံးရှုံးခဲ့တာအပေါ် အမေရိကန်သမ္မတ အိုဘာမား အပါအ၀င် ကမ္ဘာတ၀န်းက ခေါင်းဆောင်တွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) ကလည်း ကိုလံဘီယာနိုင်ငံရဲ့ အမှတ်လက္ခဏာ စာရေးဆရာကြီး ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ရုံးပိတ်ရက် ၃ ရက် သတ်မှတ်ပြီး ကိုလံဘီယာနိုင်ငံတ၀န်း နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်ထူဖို့ တိုက်တွန်းခဲ့ပါတယ်။
စာရေးဆရာကြီးဟာ မဆုံးခင် ၁ ပတ်အလိုခန့်က အဆုတ်ရောင်လို့ ဆေးရုံတက် ကုသခဲ့ ရပါသေးတယ်။

သတင်းစာဆရာတဦးဘ၀ကနေ ကမ္ဘာကျော်စာရေးဆရာတဦး ဖြစ်လာတဲ့ ဂါဘရီယယ် ဂါဆီယာ မားကွက်ဇ်ဟာ One Hundred Years of Solitude ဆိုတဲ့စာအုပ်နဲ့ ၁၉၈၂ ခုနှစ် နိုဘယ်လ်စာပေဆု ရရှိခဲ့ပါတယ်။

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စာဖတ်ပရိသတ်တွေက ဂါဂိုလို့လည်း ခေါ်ဆိုတဲ့ စာရေးဆရာကြီးဟာ တောင်အမေရိကတိုက်ရဲ့ နာမည်အကျော်ကြားဆုံး နဲ့ လူချစ်လူခင်အများဆုံး ကိုလံဘီယာစာရေးဆရာကြီးအဖြစ် သတ်မှတ်ခံရပြီး သူရေးခဲ့တဲ့စာအုပ်တွေဟာ ဘီလီယံနဲ့ချီပြီး ရောင်းချခဲ့ရတာလည်း ဖြစ်ပါတယ်။

DVB Burmese