ကားမောင်းသူများအတွက် ဗဟုသုတလေးပါ - ပြန်လည်မျှဝေခြင်းဖြစ်သည်။

ပို့စ်တင်ချိန် - 4/18/2014 10:25:00 AM



 ကီလို ၁၀၀ အေးဆေးပါ ဒါပေမယ့် ၁ စက္ကန့်မှာ ၈၈ပေသွားနေတာတော့ သင်သိပါ

၁ စက္ကန့်မှာ ၈၈ ပေ သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ ကားတစ်စီးဟာ ဘေးကင်းစွာရပ်တန့်သွားမှာပါ
ကားရဲ့လားရာအမှန်ကို လက်ကိုင်ဂွေကို ထိန်းချုပ်လို့တစ်မျိုးကားမြန်နှုန်းကို ဂီယာ ဘရိတ် များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်

အဓိက ပြောပြချင်တာကတော့ ခုခေတ်ပေါ်လူစီး ကားအားလုံးနီးပါးမှာ AT/CVT စနစ်များနဲ့လာတဲ့ အော်တိုဂီယာ ဖြစ်လို့သွားပါပြီ

ယခင်မော်ဒယ်များမှာ ပါနေကျဂီယာဘုတံကြီးဘေးနားကအသီးလေးဖြစ်တဲ့OverDrive  On/Offဆိုတဲ့ဖန်ရှင်လေးကို အရှိန် 90/100kmလောက်နဲ့မောင်းနေရင်းလမ်းရဲ့ curveတွေ band  တွေကိုရောက်လာတဲ့အခါ ဘရိတ်ကိုအရင်မဖမ်းပဲ O/D On Offဖန်ရှင်ဘုလေးကို ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့ ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်
 P နဲ့ Rကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ ဒါနဲ့မမှားပါနဲ့

အဆိုးဆုံးက ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ ညာမှန်းမသိပဲကိုင်လို့ကောင်း ကြည့်လို့ကောင်းအောင်အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူးတတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့ဟုတ်တယ်ဟုတ်
ဒီ ဘုလေး အဖွင့်အပိတ်ကိုကီလိုမနဲမများအရှိန်လောက်ရောက်မှ စမ်းကြည့်ရင်  သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့ထူးခြားတာတွေ့ရမှာမဟုတ်ပါ

ဟိုက်ဝေးလမ်းကြောင်းပေါ်မှာကီလို မနဲမများနဲ့၉၀ ၁၀၀ ကျော်ကျော်လောက်မောင်းနေရင်းစောစောကပြောပြတဲ့ ဂီယာတံလက်ကိုင်ကြီးအောက်နားက
ဘေးဘက်မှာရှိတဲ့ ဒီဘုသီးလေးကိုနှိပ်လိုက်ရင်ဒိုင်ခွက်ထဲမှာO/D On Off ဆိုတဲ့လိမ္မော်ရောင် မီးလေးလင်းလာပါလိမ့်မယ်  ဒီအချိန်မှာဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ ကားရဲ့တက်လာတဲ့ Speedကို ကွန်ထရိုးလေးလုပ်လိုက်ပါပြီကားအရှိန်နှုန်းမြန်လာမှုကို သတိပေးချုပ်ချယ်လိုက်ပါပြီ

ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့ ကား အမြန်နှုန်းဟာ ရုတ်တရက် စည်းကနဲဖြစ်သွားပါပြီ လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး
 ဒီတော့Over Driver မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်း သက်ရောက်သွားပါတယ်ဒီအချိန်မှာ ဘရိတ်ကိုလိုအပ်လို့မှေးမယ် နင်းမယ်ဆိုပါတော့ အင်ဂျင်ကွန်ထရိုးတစ်ခုကလိုအပ်သလိုပံ့ပိုးထားလို့ဘရိတ် အတွက်လည်း အထောက်အကူပြုပါတယ်အမြဲတန်း ဒီဘုလေးကို နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်

ဒိုင်ခွက်ထဲမှာ လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ် နိုင်ငံခြားမှာတော့ ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်သူ့အဓိပါယ်အရလည်းအိုဗါဒရိုက်မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ် သူတို့ကတော့ ဆီလေးနဲနဲပိုစားတာကို ဂရုစိုက်ဘို့မလိုဘူးလေဒီမှာကဒါမျိုးကိုလုပ်ဘို့အသာထားဆီစားသက်သာအောင် ဘာဂီယာဖြစ်ဖြစ်
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်

ကားရပ်ဘို့အတွက် ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်ဒါဟာမကောင်းပါဘူး
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ
 စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ် ဒါပေမယ့်ဆီတော့နဲနဲပိုစားပါမယ်
လမ်းကွေ့တွေ အစောင်းတွေရောက်တဲ့အခါမှာရုတ်တရက်အရှိန်များသွား တာကိုမခံရပါOverDriveဖြစ်လာမှာကိုတားဆီးပေးထားတာပါ
နင်းလိုက်ရင်လည်းစည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်
လီဗါကိုလွှတ်လိုက်ရင်လည်းကားကဂီယာအောက်တစ်ချက်ကိုဆင်းသွားသလိုငြိမ့်ကနဲ
ကွန်ထရိုးအငယ်စားလေး တစ်ခုဝင်သွားကာ ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာဘရိတ်အားကိုးနဲ့ထင်တိုင်း မမောင်းရပါဘူးကိုယ်မောင်းနိုင်တဲ့အခြေအနေ လမ်းအခြေအနေများကိုတွက်ဆကာကိုယ်နိုင်တဲ့ ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ

[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်အော်တိုဂီယာလို့ သဘောမထားပဲဒီ ဘုသီးလေးကို လိုအပ်တဲ့အခါ ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့
အကောင်းဆုံးပေါ့ဗျာ ]
 ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါလုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့အိပ်ငိုက်လာတဲ့ စိတ်လည်း မရှိတော့ဘူးပေါ့ေ မာင်းချင်သလိုမောင်းကွေ့တွေ အစောင်းတွေတွေ့တာနဲ့ ဘရိတ်ကိုရုတ်တရက်ဖမ်းရင်ဗဟိုခွါအားတို့အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်
လမ်းကြောင်းလွဲထွက်တတ်ပါတယ်

မော်တော်ကားရဲ့ ဘရိတ်ဆိုတာ ****ဘီး ၄ ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့အရာမဟုတ်ပါဆိုတာကိုလည်းသိသူအလွန်နည်းပြီးဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ

စောစောကပြောခဲ့တဲ့အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးကနောက်ပေါ်ဇစ် ဇက် ဂီယာတံနဲ့လာတဲ့ ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး
(3  ATပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ ) ဇစ် ဇက် ဂီယာတံနဲ့လာတဲ့ ဒီကားမျိုးမှာတော့ D နဲ့ ကပ်လျက်နေရာမှာSဆိုပြီးရေးထားပါတယ်အရှိန်များလာရင်စောစောကပြောထားတဲ့ ဘုသီးလေးကိုနှိပ်သကဲ့သို့ သဘောထားပြီး ဂီယာတံကို DနေရာမှSနေရာကို ရဲရဲတင်းတင်းပြောင်းလိုက်ပါ ကားအရှိန်က စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်ရိုးရိုး AT ဂီယာတံက 2 ကိုပြောင်းလိုက်သလိုပါပဲ
ဒါလည်းအိုဗါဒရိုက်ကွန်ထရိုးပါပဲမိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ D ကိုပြန်ထားလိုက်ပါမြေပြန့်လိုခရီးဝေးသွားရင် ဒီလောက်တော့ ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်

ကျန်တဲ့ ဂီယာ နေရာပြ 2 တို့Lတို့အကြောင်းကတော့သာမာန်မောင်းမယ့်သူများအတွက် နေပြည်တော်လိုမြေပြန့်လမ်းအတွက်
သုံးစရာမလိုပါ တောင်ပေါ်/မြေပြန့် တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့ ခုတော့ရှင်းမပြသေးပါဘူးခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ အမြန်လမ်းအသီးသီးမှာ ကားမျိုးစုံ က မိုင်နာ ရော မေဂျာရော အက်ဆီးဒင့်ခဏ ခဏဖြစ်နေကြတာကိုလည်း
တွေ့နေ မြင်နေရတော့ ဖြေဖျောက်ဘို့လည်းမလွယ် မျက်စိထဲတ၀ဲဝဲလည်လည် မြင်ရအားကြီးလို့မျက်စိနောက် နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ
ထပ်မံပြီး ခု ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲကခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ် ဘရိတ်စနစ်များကလည်းABSဆိုတဲ့Anti Locked Braking System များပါလာကြပါတယ်
ဘရိတ်စနစ်ကိုစပြောပါ့မယ်ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို ဘီးကို လော့ချလိုက်တယ်ပေါ့ဘရိတ်ကို လွှတ်လိုက်တယ်ဆိုပါတော့လော့မချလိုက်တော့ဘူးပေါ့ ကဲအန်တီလော့ဘရိတ်စနစ်ဆိုတာ ဘာကိုလဲဆိုတော့ဘရိတ်ကိုရုတ်တရက် လော့ချလိုက်တာကနေ ခဏပြန်လွှတ် ပြီးမှ တစ်ဘီးချင်းစီကို
လည်ပတ်နှုန်းမြန်အရဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့ ဘရိတ်အမိညင်သာသွားပါတယ် အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ ကွန်ပြူတာအာရုံခံစနစ်များက ဘရိတ်ဘူစတာ ကိရိယာကတစ်ဆင့် ဘီးတစ်ဘီးချင်းစီရဲ့ ဟိုက်ဒရောလစ်ပိုက် အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက် တွက်ချက်လွှတ်လိုက်ပါပြီ

ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ ဘီး လေးဘီးကအညီအမျှလည်ပေးပါတယ်ဒီအချိန်မျိုးမှာ ဘီး ၄ ဘီးရဲ့ ဘရိတ်ကိုတော့
အညီအမျှဖမ်းပေးပါလိမ့်မယ်ဒီအခြေအနေနဲ့ ဒက်စတော့ ဆိုတဲ့ တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင် ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက
ကျွိ အိ အိ ဗျိ ဆိုတဲ့လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ
လမ်းမှာလည်းမြင်မကောင်းအောင်တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း မြွေလိမ် မြွေကောက် သဏ္တန်ကျန်ခဲ့မှာပါ
ကားရပ်သွားပေမယ့် အိနြေ္ဒပျက်ပါတယ်ဘရိတ်မိပြီးချိန် တာယာအားလုံးရပ်ပြီးချိန်ရောက်မှ ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့ အရှိန်နဲ့ ရှေ့က  Object တစ်ခုခုကိုသွားတိုက်ပါလိမ့်မယ် ဒီအချိန်မှာကားဟာ ဘီးတတ်ထားတယ်ဆိုသောငြားလည်းဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့
 အရာဝတ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီးအီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့လမ်းနဲ့ ဘီးရပ်လျက်အနေထားတို့ရဲ့ ပွတ်မှုအနေထားဖြစ်စဉ်များအရ တစ်နည်းအားဖြင့်ဘရိတ်ဖမ်းလိုက်တော့မှ လမ်းဘေးကိုထိုးကျသွားတာတို့ရှေ့ကားကိုလွဲသွားပေမယ့်ဘေးကကျော်တက်လာတဲ့ကားနဲ့ တွေ့သွားကြတာတိုဖြစ်ကြရပါတယ်တစ်နည်းအားဖြင့် ဘရိတ်အမိကြမ်းခဲ့လို့ဒရွတ်ဆွဲသွားတဲ့ပြသနာ ဆိုးကျိုးတစ်ခုပေါ့ဗျာ

ဘီးမလည်တော့ ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ် ခုပြောမယ့်သဘောတရားများကို ဂရုတစ်စိုက် တော့ရှိလိုက်ပါ
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး ပုံစံဒီဇိုင်းမရှိနိုင်ပါ
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့ လမ်းမျက်နှာပြင် အနုအကြမ်းလည်းမတူနိုင်ပါ
ဒီတော့ ပွတ်မှုသဘောတရားအရ
 တာယာမျက်နှာပြင်ကြမ်းနဲ့ လမ်းမျက်နှာပြင်ကြမ်း ထိတွေ့ပုံကတစ်မျိုး
 တာယာနုနဲ့ လမ်းမျက်နှာပြင်ကြမ်း ထိတွေ့ပုံကတစ်မျိုး
တာယာနုနဲ့လမ်းချောချောက ထိတွေ့ပုံကတစ်မျိုး
တာယာကြမ်းနဲ့ လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက် ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ
ဒါကြောင့်လမ်းမှာဘရိတ်ဒရွတ်ဆွဲကြောင်းများကရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲမြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ

ယခင်ကားများကပါစကယ်ရဲ့ ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့ ဟိုက်ဒရောလစ်ဘရိတ်ပါကောင်းသထက်ကောင်းအောင် ဘရိတ်ကိုမိသထက်မိအောင်
ပတ်ဝန်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ် ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါနာမည်ကြီးတိုယိုတာဟိုင်းလပ်ဒိုင်နာတို့ဆိုတာဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ

ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထားဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့
ကားမောင်းသူများဆိုတော့ ဘရိတ်ကိုဒီအတိုင်းမဖမ်းတစ်ဆင့်နိမ့် ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း
မူလလက်ဟောင်းဒရိုင်ဗာကြီးများက အလေ့အကျင့်လုပ်ထားကြပါတယ် ဒီတော့ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့
အင်တီလော့ပါပဲ အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ် ပြီးရင်အမြန်ဆုံးဂီယာကို အောက်တစ်ဆင့်ဂီယာသို့
လီဗါပုတ်ဒေါင်း ပြီးမှ ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်
တစ်ချို့လူများသတိထားမိကြမှာပါကားက ရုတ်တရက်စက်သံဆူတက်လာပြီးမြန်နှုန်းက စည်းစည်းလုံးလုံးကျသွားပါတယ် တစ်နည်းအားဖြင့် အတိုင်းအတာတစ်ခုညင်သာပါတယ်
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ တဖြေးဖြေးချင်းရပ်ပေးမှာပါ
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး
 ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက် လိုသလောက်ပြန်ဖမ်းပေးလိုက်
ဆိုတဲ့အလုပ်ကိုကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့ ပွိုင့်လေးများဆင်ဆာများ ဆော့ကက်များ ကိုတွေ့ကြရမှာပါ
ဒီသဘောတရားကိုမသိတဲ့ အောက်ပိုင်းဆရာများ အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို ပြန်တတ်ပေးဘို့ ဟိုဆော့ကက်ကျန် ဟို ၀ါယာကျန်ခဲ့လို့
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်အနဲဆုံး ဒိုင်ခွက်ထဲမှာABSဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်
ဒါကိုလည်းAirBagနဲ့ထပ်ပြီးအမှတ်မမှားနဲ့
ABS ကွန်ထရိုးက နဲနဲလည်တဲ့ဘီးကို နဲနဲပဲညှစ်များများလည်တဲ့ဘီးကိုများများညှစ်
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်တတ်နိုင်သလောက် ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ
ဆိုပြီးအမိန့်ပေးနေလို့ မိတော့မိတယ် အမိမကြမ်းတော့ဘူး ဒီတော့ ဘရိတ် ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ
ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင် ကားတော့ရပ်သွားတယ်ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ အသံလည်း
မကြားရသလောက်ပါပဲမီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်
ဒါပေမယ့်နဲနဲလေးမမိတမိနဲ့ ဒက်စတော့ဆိုတာမဖြစ်လို့ရှေ့ကားနောက်ပိုင်းလေးများကို Kiss me quickသွားလုပ်ကြတော့ ခဏ ခဏမြင်မိပါတယ်
တက်စီလုပ်ဆွဲစားနေကြတဲ့ပရိုဘောက် ၁၀ စီးမှာ ၈ စီးလောက်နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ ဒါဟာလည်းသက်သေတစ်မျိုးပါပဲ
ဒီပုံလေးတစ်ပုံလည်းကြုံလို့တင်ထားပေးလိုက်တယ် ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး
အော်တိုဂီယာတွေရဲ့ဘရိတ်ကရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့
ဒါကြောင့်အော်တိုဂီယာတွေက အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့

ဒါဟာအမှားမှတ် အမှတ်မှားနေကြတာပါ ရိုးရိုးဂီယာနဲ့လာလာ အော်တိုဂီယာနဲ့လာလာ ဘရိတ်စနစ်ကတော့အများအားဖြင့် ABSဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ
ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူးဒါပေမယ့် အော်တိုဂီယာမှာAT  CVTဆိုပြီးထပ်ကွန့်ထားပါတယ်AT ဂီယာနဲ့ကားများက ဂီယာတစ်ခုနဲ့တစ်ခုအကူး
အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ် ယခင် မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်းကလပ်ချော်နေသလိုဖြစ်နေတတ်ပါတယ်
ဂီယာချိန်းရင်လည်းစက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်
CVTတတ်ထားတဲ့ဘယ်လ်တာဗစ်ဇ်လိုကားလေးတွေမှာတော့Continuously Variable Transmissionဆိုတဲ့အဓိပါယ်အတိုင်းစထွက်ကထဲက ကားက
ငေါက်ကနဲစထွက်ပေးပါတယ်ဂီယာချိန်းသွားရင်လည်း ဆက်တိုက်မသိမသာချိန်းသွားလို့ဆီစားသက်သာတာအထကောင်းတာ ကိုလက်တွေ့မြင်ရပါတယ်
ယခင်က ရိုးရိုးဂီယာ တတ်ကားများက အထနှေးပါတယ် အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထားလီဗါကိုလွှတ်လိုက်ရင် ဂီယာကွန်ထရိုးနဲ့မို့
ကားက စည်းကနဲရှိနေပေးပါတယ် ကျွမ်းကျင်မှုအရ အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါကကားက အရှိန်ထပ်သေသွားပါတယ်
ယခုအော်တိုဂီယာတွေကတော့ ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်
အော်တိုဂီယာကတော့လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ
ဒီတော့ လီဗါလျှော့လိုက်တဲ့အခါ ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ
ဒါကတော့အထင်ပါဘရိတ်က ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်စိတ်ထင်လို့ပါ
ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်ရိုးရိုးATဆို D မှာမောင်းနေရင်း  2 ကို ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ
ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်
ဇစ်ဇက်ဂီယာဆိုရင်တော့D မှ Sကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါစိတ်ချလက်ချပြန်မောင်းတော့မှ Dကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့ မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာအော်တိုဂီယာ ဆိုပြီးအမြဲတန်းD နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး
အိုဗာစပိဖြစ်လာလို့ အချိန်မီပြန်ထိမ်းသိမ်းချင်ရင် OD/OnOff တို့ D မှ 2နေရာသို့ D မှ S နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း
ဒီလိုနည်းစနစ်များကိုလည်း ကြိုတင်ခါ ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်
၁ စက္ကန့်မှာ၈၈ ပေ သွားနေတဲ့ကားအလျင်ကိုအန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း
မိတ်ဆွေတို့ကို ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေဘို့နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်
မှတ်မှတ်ရရမြန်မာနှစ်ဆန်း ၂ ရက်နေ့မှာပေါ့ဗျာ

ကားမိတ်ဆွေများကိုခင်မင်လျက်
Credit: ကိုသက်