တိုက်ကြီးမြို့နယ်၊ မာဂရီသစ်တောကြိုးဝိုင်းအနီးတွင် တောဆင်ရိုင်း တစ်ကောင်သေဆုံးလျက်တွေ့ရှိ

ပို့စ်တင်ချိန် - 4/18/2014 09:50:00 PM


ရန်ကုန်၊ ဧပြီ ၁၈

၁၈.၄.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာ
ကျေးရွာအုပ်စု၊ သာယာအေးရွာနေ ကိုမျိုး၊ (၃၆)နှစ်၊ (ဘ)ဦးသိန်းထွေးမှ မာဂရီချောင်းဘေးသို့ ထင်းခုတ်သွားစဉ် အပုတ်နံ့ရ၍ ရှာဖွေကြည့်ရှုရာ
တောဆင်ရိုင်းတစ်ကောင်သေဆုံးနေသည်ကိုတွေ့ရှိကြောင်းသတင်းအရ တိုက်ကြီး မြို့နယ်ရဲတပ်ဖွဲ့၊ ဖလုံနယ်မြေရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များနှင့် တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာန၀န်ထမ်းများမှ သွားရောက်စစ်ဆေးခဲ့
ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ သာယာအေးရွာအရှေ့ဘက် မာဂရီ
သစ်တောကြိုးဝိုင်းအနီး မာဂရီချောင်းဘေးတွင် တောဆင်ရိုင်းအထီး အလျား(၁၁)ပေ၊ လုံးပတ်(၁၅)ပေ၊ အမြင့်(၉)ပေ၊ အမြီး(၃)ပေ(၆)လက်မ၊
နှာမာင်း(၄)ပေ(၂)လက်မ၊ အစွယ်(၁)ပေ(၃)လက်မ၊ အစွယ်လုံးပတ်
(၄)လက်မရှိ စွယ်စုံ ဆင်ထီး(၁)ကောင်အား ပုပ်ပွသေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

အဆိုပါတောဆင်ရိုင်းသေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်
လျက်ရှိပြီး တိုက်ကြီးမြို့နယ်၊ မြိုင်ဟေ၀န်ဆင်စခန်းမှ တိရစ္တ္ဆာန်ဆေးကု
ဆရာဝန်ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police