ကင်မ်ချီ...ကင်မ်ချီနေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ


၁။ အရင်ဆုံး မုန်ညှင်းဖြူရွက်တွေကို တစ်ရွက်ချင်းခွာ၊ ရေစင်အောင်ဆေးပြီး ဆားများများထည့်ဖျော်ထားတဲ့ ဆားရည်ထဲ ၆နာရီလောက် စိမ်ထားပါ။

၂။ ပန်းသီးကိုပါးပါးလှီး၊ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ မုန်လာဥနီကို ခြစ်ထား၊ ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထား၊ ကြက်သွန်မြိတ်ကို အပိုင်းလေးတွေဖြတ်ထားပါ။

၃။ မုန်ညင်းရွက်တွေကို ရေစစ်ပြီး အထက်ပါ အဆာပလာတွေထည့်၊ ငရုတ်သီးအရောင်တင်မှုန့် စားလိုသလောက် အစပ် အနေတော်ထည့်၊ ငံပြာရည်ထည့်၊ ဆားနဲ့ သကြား အနည်းငယ်ထည့်ပြီး သမအောင် နယ်ပါ။

၎။ သမပြီဆိုရင် တစ်လွှာချင်းစီ အရွက်နဲ့ အဆာမျှအောင် ဗူးထဲထည့် ၂၄နာရီ အပြင်မှာထား (အေးတဲ့ ဒေသမှာဆို ရက်ပိုပြီး ကြာကြာထားရပါတယ်။)၊ နောက်နေ့ကျရင် ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး စားခါနီးမှ ထုတ်ထုတ်ပြီး အိမ်လုပ် ကင်မ်ချီကို စားလို့ ရပါပြီ။ တစ်ချို့ကလည်း ကင်မ်ချီကို လုပ်ပြီးပြီးချင်း စားကြပါတယ်။ ဆားရည်စိမ်ထားတော့ မုန်လာရွက်က အစိမ်းနဲ့ မတူတော့ဘဲ ကျွတ်ဆတ်ဆတ်နဲ့ စားကောင်းပါတယ်။

credit<<snowrecipe<<thanks

ကားဘတ်ထရီး ကြိုး မဖြုတ်ခင်ဘာလုပ်ရမလဲ?



23.4.2014

ဘက်ထရီ ကြိုးဖြုတ်မယ်ဆိုရင်......

ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြုပြင်တော့မယ်ဆိုရင် ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။ ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။ ဘက်ထရီကြိုးဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျသွားတတ်ပါတယ်။
ဘက်ထရီကြိုးပြန်တပ်လိုက်လို့ လော့ပြန်ပွင့်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့်မို့ မှန်ချထားပါ၊ သော့ကိုယူထားပါ။ ဘက်ထရီကြိုးဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား အဖိုကြိုးကို (+) အရင်ဖြုတ်ရမလားဆိုတဲ့ အချက်ရှိပါတယ်။ အမကြိုးကို အရင်စဖြုတ်ပါ။ ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။ လျှပ်စစ်ဖြတ်သန်းစီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေလျှပ်စစ် ပြန်ဝင်ပါတယ်။
ဒီတော့ အဖိုကြိုးကို အရင်သွားဖြုတ်မိရင် အမကနေထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။ အဲ့ဒီအချိန်ကားကိုသွားထိမိရင် အကြောအချင်တွေပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် သေပါသေနိုင်ပါတယ်။ ဒါကြောင့်မို့ အမကြိုးကိုသာအရင်စဖြုတ်ပါ။
ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ်ရပါတယ်။ ကြိုး ၂ ကြိုးလုံးကို သေချာစွာပြန်တပ်ပြီးလျှင် အပေါ်ကစွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။ ဘက်ထရီမကောင်းရင် အမြန်လဲပါ။ ဘက်ထရီမကောင်းလို့ တွန်းနိုးရတယ်ဆိုတာ ၁ ခါ ၂ ခါ ပဲကောင်းပါတယ်။ အကြိမ်ရေများလာရင် Timing Belt ချော်သွားတတ်ပါတယ်။ စရိတ်နဲနဲကုန်ရမယ့်နေရာမှာ များများမကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။

KIA Myanmar


ကိုယ်နံ့ပြင်းသူတွေ အတွက် အကောင်းဆုံး အကြံပြုချက်



ရေမှန်မှန်ချိုးခြင်း

တစ်နေ့ကို ရေအနည်းဆုံး တစ်ကြိမ်လောက် ချိုးပေးတာက ကိုယ်အနံ့ဆိုး ကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ အရေပြား မှာ ပေါက်ပွားတာကို ထိန်းချုပ်ပေး နိုင် ပါတယ် ။ ရေချိုးတဲ့ အခါမှာ အနံ့အသက် ဆိုးတွေ ဖြစ်စေနိုင်တဲ့ ချိုင်းနဲ့ ခြေထောက် ကို သေချာဆေးကြော သုတ်သင်ဖို့ သတိပြု ရမှာပါ။

အတွင်းခံနှင့် အင်္ကျီ ၊ ခြေအိတ် မှန်မှန် လဲပေးခြင်း

အတွင်းခံ အင်္ကျီတွေဟာ ခန္ဓာကိုယ်နဲ့ ထိတွေ့မှု အများဆုံး ဖြစ်တာကြောင့် ချွေးစို တဲ့အခါ မသန့်ရှင်းတဲ့ အနံ့အသက်တွေ ထွက်တတ်လို့ မှန်မှန်လျှော်ဖွပ် လဲလှယ်ပေး ရမှာပါ။ ခြေအိတ်နဲ့ ဖိနပ်တွေ ဆိုရင်လည်း ချွေးစိုပြီ ဆိုတာနဲ့ လျှော်ဖွပ်ပြီး သေချာ ခြောက်သွေ့မှ သုံးစွဲ သင့်ပါတယ်။

စားသောက်မှု ပုံစံ ပြောင်းလဲခြင်း

ကိုယ်အနံ့ဆိုးဟာ ခန္ဓာကိုယ်က အစာ ချက်လုပ်ပြီး စွန့်ထုတ် လိုက်တာတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေ တာကြောင့် ကိုယ်စားတဲ့ အစားအစာကြောင့်လည်း အနံ့အသက် အခြေအနေမှာ သက်ရောက်စေ နိုင်ပါတယ်။ ဒါကြောင့် အမြန်စာ၊ ဆီကြော်စာတွေနဲ့ ဓာတုဆေးနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ သူဆိုရင် ဆေးလိပ်နံ့က အင်္ကျီမှာ စွဲတာကို သိကြမှာပါ။ အဲဒီ အနံ့က အသက်ရှူအင်္ဂါ အဖွဲ့အစည်းကို မကောင်းတဲ့ အကျိုး သက်ရောက်စေ တာကြောင့် ဆေးလိပ်ဖြတ် ရမှာပါ။

ချည်ထည် အဝတ်အစားများ ဝတ်ဆင်ခြင်း

ပိုးထည်၊ ချည်ထည်တွေ ဝတ်ဆင်ခြင်း အားဖြင့် အရေပြားကို ခြောက်သွေ့ အေးမြစေ တဲ့အတွက် စိုစိုထိုင်းထိုင်း ဖြစ်ပြီး အနံ့ဆိုး ထွက်တဲ့ ပိုးမွှားတွေ မပေါက်ပွားအောင် တားဆီး နိုင်ပါတယ်။

သဘာဝ ကျောက်ချဉ်ကို အသုံးပြုခြင်း

ဓာတုဆေးတွေ ပါတဲ့ ချွေးနံ့ပျောက်ဆေးကို မသုံးချင်သူတွေ အတွက် အကောင်းဆုံး ချွေးနံ့ပျောက်ဆေး ကတော့ သဘာဝ ကျောက်ချဉ် ပဲ ဖြစ်ပါတယ် ။ ကျောက်ချဉ်တုံးကို ရေစွတ်ပြီး ချိုင်းမှာ သုတ်လိမ်းပေး ထားခြင်းဖြင့် အနံ့ဆိုးကို ထိန်းထား နိုင်ပါတယ်။

ရှလကာရည်ဖြင့် ဆေးကြောပေးခြင်း

ရှလကာရည်ဟာ သဘာဝ ပိုးမွှားသတ်ဆေး ဖြစ်တာကြောင့် အရေပြားမှာ ဘက်တီးရီးယားနဲ့ မှိုဖြစ်တာတွေကို ပျောက်ကင်းနိုင်စွမ်း ရှိပါတယ်။ အနံ့ဆိုး ထွက်တဲ့နေရာကို ရှလကာရည် သုတ်လိမ်းပြီး ဆေးကြော လိုက်ခြင်းဖြင့် အနံ့အသက်တွေ ပျောက်ကင်းစေ နိုင်မှာပါ။

MWD

ရှင်ပြုအလှူပွဲပြုလုပ်နေစဉ် မီးစက်မှတစ်ဆင့်ကူးစက်လောင်ကျွမ်း၍ နေအိမ်(၂၂)လုံး မီးလောင်ဆုံးရှုံး


နေပြည်တော်၊ ဧပြီ ၂၃
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနေ ဦးဟန်ညွန့်၏နေအိမ်တွင် ရှင်ပြုအလှူပွဲပြုလုပ်နေစဉ် အလှူမဏ္ဍပ်တွင် အသုံးပြုနေသော ဓါတ်ဆီသုံးမီးစက်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အလှူမဏ္ဍပ်မှတစ်ဆင့် အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီခွဲအချိန်တွင် မီးညွန့်ကျိုးပြီး ဧပြီလ ၂၃ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးကူးစက်လောင်ကျွမ်းမှုကြောင့် ၎င်းင်းရွာနေ မောင်ဖိုးသား(၆)နှစ်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးဟပ်ခံရသည့်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး သွပ်မိုး/ထရံကာ/ပျဉ်ခင်းနှစ်ထပ်နေအိမ် ၁၉ လုံး၊ မြေစိုက်/ထရံကာ/သွပ်မိုးနေအိမ် ၃ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး၊ တန်ဘိုးငွေကျပ်သိန်း(၁၁၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့် အိမ်ထောင်စု(၂၃)စုမှ လူဦးရေ ကျား ၅၂ ဦး၊ မ ၄၇ ဦး၊ စုစုပေါင်း ၉၉ ဦးအား ကျေးရွာဘုန်းကြီးကျောင်း များနှင့် အခြေခံပညာမူလတန်းကျောင်းတို့တွင် ယာယီနေရာချထားပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဦးဟန်ညွန့်အား ဆီမီးခုံနယ်မြေရဲစခန်း(ပ)၆၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။



ရဲဇာနည်


ရိုးသားဖြောင့်မတ်မှုသက်သက်နဲ့ အောင်မြင်ဖို့မလုံလောက်တဲ့အခါ..



23.4.2014

တစ်ခါက ကုမ္ပဏီကြီးတစ်ခုက အမှုဆောင်အရာရှိချုပ် စီအီးအို ကြီးက အသက်ကြီးလာလို့ အငြိမ်းစားမယူခင် တစ်နှစ်အလိုမှာနောက် စီအီးအိုရွေး ဖို့ ကုမ္ပဏီက ဌာနအသီးသီးမှာ အကြီးအကဲလုပ်နေသူ အားလုံးကိုခေါ်ပြီး သစ်စေ့တစ်စေ့စီပေးတဲ့ ပုံပြင်ကလေးကို ကြားဖူးကြလား မသိဘူး။ သစ်စေ့ ကို အိုးထဲထည့် အသေအချာစိုက်ပြီး တစ်နှစ်အကြာမှာ ပြန်ယူလာခဲ့ဖို့ နဲ့ ပေါက်လာတဲ့ အပင်တွေကို ကြည့်ပြီး နောက်ဆက်ခံမယ့် စီအီးအိုကို ရွေး မယ်လို့ မှာလိုက်တဲ့ ပုံပြင်ကလေးပါ။ ပေးလိုက်တဲ့ သစ်စေ့ အားလုံးကို ပြုတ် ထားပြီးပြီမို့ တကယ်တော့ ဘယ်သစ်စေ့မှ အပင်မပေါက်နိုင်ပါဘူး။ ပုံပြင်ထဲ မှာတော့ ရိုးသားတဲ့လူငယ် ဌာနမှူးလေးတစ်ယောက် ကလွဲလို့ ကျန်တဲ့ ကုမ္ပဏီက အရာရှိ ကြီးငယ်အားလုံးဟာ စီအီးအိုကြီး ပေးလိုက်တဲ့ သစ်စေ့က အပင်မပေါက်တဲ့အခါ အခြားသစ်စေ့တစ်စေ့ကို အစားထိုးပြီး စိုက်ကြတယ်။ တစ်နှစ်ပြည့်တော့အပင်မျိုးစုံ ပြန်ယူလာပြီးပြကြတယ်။ ရိုးသားတဲ့ဌာနမှူးလေး ကတော့ ဘာပင်မှ မပေါက်တဲ့ ပန်းအိုး ကလေးကိုပဲ ပြန်ယူလာပြီး စီအီးအို ကြီးကို ပြပါသတဲ့။ အဲဒီမှာ လက်ရှိ စီအီးအိုကြီးက ရိုးသားတဲ့ ဌာနမှူးလေးကို ကုမ်္ပဏီကြီးရဲ့ နောက်စီအီးအို အဖြစ် ရွေးလိုက်တဲ့ ပုံပြင်ကလေး ဖြစ်ပါတယ်။

ဘယ်လောက်ကြီးတဲ့ ရာထူးဖြစ်နေပါစေ၊ ရာထူးတစ်ခုရဖို့အတွက် ရိုးသားမှုကို အဆုံးရှုံးမခံတဲ့သူဟာ အဲဒီရာထူးကြီးနဲ့ တကယ်တမ်းထိုက် တန်သူ ဖြစ်တယ်လို့ သင်ခန်းစာပေးတဲ့ ပုံပြင်ကလေးလို့ ဆိုနိုင်မယ်ထင် ပါတယ်။ သို့သော်လည်း ပုံပြင်ထဲက လူငယ်ဌာနမှူးဟာ ရိုးသားဖြောင့် မတ်ပေမယ့် လုပ်ရည်ကိုင်ရည် အပိုင်းမှာတော့ လိုသေးတယ်လို့ ပြော ချင်ပါတယ်။ နောက်ပြီး အခုခေတ်မှာ ကိုယ်ရသင့်ရထိုက်တာကို “သြော် သူကတော့ လူရိုးကလေးပဲ” ဆိုပြီး အခြားသူတွေက လာပေးမှာကို ထိုင် စောင့်နေလို့ကတော့ အများကြီး နောက်ကျ ကျန်ရစ်ခဲ့ဖို့ ရှိပါတယ်။ ဒါကြောင့် သစ်စေ့ကို အစားမထိုးတဲ့ ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်ပုဒ် အပြင် အခြားရှိသင့်ရှိထိုက်တဲ့ စွမ်းဆောင်ရည်တွေကို စဉ်းစားကြည့် သင့်ပါ တယ်။

စီအီးအိုကြီး ပေးလိုက်တဲ့ သစ်စေ့ဟာ အပင်မပေါက်တဲ့အခါ တစ်နှစ် လုံး ဒီအတိုင်း ထိုင်စောင့်နေမယ့်အစား တတ်ကျွမ်းနားလည်တဲ့သူနဲ့ သစ်စေ့ ကို ပြကြည့်သင့်ပါတယ်။ ဒါဆို သစ်စေ့ကို ပြုတ်ထားတာသိလာ ရနိုင်ပါ တယ်။ တစ်နှစ်ပြည့်တော့မှ ဘာမှမပေါက်တဲ့ အိုးကို အချည်းနှီး ယူလာပြ မယ့်အစား “ပြုတ်ထားတဲ့ သစ်စေ့မို့ အပင်မပေါက်နိုင်တဲ့အတွက် ဘယ်လို ဆက်လုပ်ရပါမလဲ ညွှန်ကြားပါ” လို့ စီအီးအိုကြီးဆီကို တစ်နှစ်မပြည့်ခင် အချိန်အများကြီး ကြိုတင်ပြီး အတွင်းရေး လျှို့ဝှက် စာရေးလိုက်မယ်ဆိုရင် ရိုးသားဖြောင့်မတ်မှုသာမက စူးစမ်းလေ့လာတဲ့ စွမ်းရည်၊ ကိုယ့်ထက် တတ် ကျွမ်းသူတွေကို လိုအပ်သလို သူ့နေရာနဲ့သူ အသုံးချနိုင်တဲ့ စွမ်းရည်တွေ အပြင် နှုတ်လုံမှု၊ အမိန့်နာခံမှု၊ လုပ်ရည် ကိုင်ရည်ရှိမှုတို့ကိုပါ တစ်ပါ တည်း ပြသပြီးသား ဖြစ်သွားနိုင်ပါတယ်။ နောက်စီအီးအို နေရာကိုလည်း တစ်နှစ်ပြည့်အောင်တောင် မစောင့်ရဘဲ ရသွားနိုင်ပါတယ်။

ဒါမှမဟုတ် ပြုတ်ထားတဲ့သစ်စေ့မှန်းသိတဲ့အခါ ဘာအတွင်းရေး လျှို့ဝှက်စာမှ ရေးမနေဘဲ အဲဒီသစ်စေ့နဲ့ အမျိုးအစားတူ သစ်စေ့ကို ရှာစိုက်၊ တစ်နှစ်ပြည့်တော့မှ “စီအီးအိုကြီးပေးလိုက်တဲ့ သစ်စေ့က ပြုတ်ထားတာမို့ ဘာမှ မပေါက်နိုင်တဲ့အတွက် အမျိုးအစားတူ သစ်စေ့ကို ရှာစိုက်ထားတာ အခု အပင်ပေါက်လို့ တစ်နှစ်သား ရှိနေပါပြီ” ဆိုပြီး ပြလိုက်နိုင်ပါတယ်။ ဒါဆို ရိုးသားဖြောင့်မတ်မှုသာမက မဖြစ်နိုင်တာကို ခိုင်းတာတောင် ဖြစ်အောင် လုပ်နိုင်သေးတယ်လို့ အစွမ်းပြရာရောက်ပါ တယ်။ ဒါတင်မက အပင်မျိုးစုံ ယူလာကြတဲ့ အခြားကုမ္ပဏီအရာရှိ ကြီး ငယ်တွေရဲ့ မရိုးဖြောင့်မှု၊ အဆင်ခြင်ဥာဏ်နည်းမှု၊ အခြေအနေကို မလေ့လာမှု၊ အထွေထွေ နားမလည် မှုတွေကို မီးမောင်းထိုး ပြပြီးသားလည်း ဖြစ်သွားမှာပါ။

သို့သော်လည်း ဒီနည်းလမ်းတွေက လက်ရှိစီအီးအိုကြီးရဲ့ တော် တည့် မှန်ကန်မှုအပေါ် မူတည်နေပါတယ်။ တကယ်လို့ လက်ရှိ စီအီးအို ကြီးက လက်ရင်းတပည့်တစ်ယောက်ကို လက်သိပ်ထိုးပြီး ရာထူးပေးချင် နေတာရော မဖြစ်နိုင်ဘူးလား။ ဒါဆိုရင် ရိုးဖြောင့်မှု၊ စူးစမ်းတတ်မှု၊ ကျွမ်းကျင်သူတွေကို အသုံးချတတ်မှု၊ နှုတ်လုံမှု၊ အမိန့်နာခံမှု၊ လုပ်ရည်ကိုင်ရည်ရှိမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။ အဲဒီလို အခြေအနေ မျိုးဆိုရင်ဘာဆက်လုပ် မှာလဲ။

ဘာပဲဖြစ်ဖြစ် ရလာတဲ့သစ်စေ့က အပင်မပေါက်တဲ့အခါ အရင်ဆုံး ဘာကြောင့် မပေါက်တာလဲ အဖြေရှာရမှာ ဖြစ်ပါတယ်။ ပြီးတော့ အခြား သူတွေကော အပင်ပေါက်ရဲ့လားလို့ နည်းလမ်းရှာ စုံစမ်းသင့်ပါတယ်။ ဒါဆို လက်ရင်း တပည့်ကလွဲပြီး ဘယ်သစ်စေ့မှ အပင်မပေါက်ဘူးဆိုတာ သိလာနိုင်ပါတယ်။ အဲဒီအသိကို ကိုင်ထားပြီး ကုမ္ပဏီက အရာရှိကြီး ငယ်တွေကို စည်းရုံးရပါလိမ့်မယ်။ “စီအီးအိုကြီးကတော့ဖြင့် အသက်ကြီး လွန်းနေပြီ၊ သူငယ်ပြန်နေပြီ၊ မဟုတ်တာတွေ လျှောက်လုပ်နေပြီ” လို့ ပြော သင့်ရင် ပြောရပါလိမ့်မယ်။ “အပင်မပေါက်နိုင်တဲ့ သစ်စေ့တွေကို တစ်နှစ် ကြာ စိုက်ခိုင်းပြီး နောက်ဆက်ခံမယ့် စီအီးအို ရွေးမယ်လို့ စည်းမျဉ်းလွတ် ထင်ရာစိုင်း လုပ်မိလုပ်ရာ သူတစ်ဦးတည်း သဘောနဲ့ လျှောက်လုပ်နေပြီ” လို့ ပြောသင့်ရင်လည်း ပြောရမှာပဲ။ “မဟုတ်မှလွဲရော သူ့ တပည့် ချာတူး လန်ကို လက်သိပ်ထိုး ရာထူးပေးမလို့ လုပ်နေတာ ဖြစ်လိမ့်မယ်။ ကုမ္ပဏီ ရဲ့အနာဂတ်ကို ဒီလိုလူလက်ထဲမှာ ဆက်ထားလို့ မဖြစ်ဘူး” ဆိုပြီး ဖွသင့် ရင်လည်း ဖွရမှာပဲ။ လိုရင်းကတော့ ကုမ္ပဏီပိုင်ရှင်တွေက ကုမ္ပဏီအကြီး အကဲ ရာထူးနေရာကို လက်ရှိ စီအီးအိုကြီးဆီကနေ ရုတ်သိမ်းပြီးမိမိကို ပေး လာအောင် ကြံစည်ကြိုးစားဖို့ ဖြစ်ပါတယ်။

ဒီလုပ်နည်းလုပ်ဟန်တွေ အသုံးပြုရမှာကို လူငယ်တွေအနေနဲ့ မကြိုက် မနှစ်သက်နိုင် မသတီနိုင် ဖြစ်နေတယ်ဆိုရင် အဲဒီခံစားမှုကို နားလည်ပေး လို့ရပါတယ်။ ရိုးသားဖြောင့်မတ်မှု သက်သက်နဲ့ အောင်မြင်ဖို့ လုံလောက် တဲ့ လောကကြီးဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အကောင်း ဆုံးမဟုတ်တဲ့ လောကကြီးထဲမှာ ကလိမ်ကကျစ်တွေ လူညစ်တွေနဲ့ ကြုံနေရ ပြီဆိုရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ရိုးသားဖြောင့်မတ်မှုကို မစွန့်လွှတ်ဘဲ ရသင့် ရထိုက်တာတွေ ရအောင် အနုနည်း အကြမ်းနည်း မျိုးစုံနဲ့ လုပ်တတ်ကိုင် တတ်ရှိရမှာ ဖြစ်ပါတယ်။

ဆရာသုတ

JOB Seekers Journal Vol.2,No.42

ပိန်သွယ်စေဖို့ ဒီအချက်လေးတွေ ကြိုးစားကြည့်စို့


မေသော် on 2014-04-23 14:38     
ခန္ဓာကိုယ်က အချိုးအစား မကျတော့တဲ့အပြင် စားချင်တာတွေစား၊ အိပ်ချင်တဲ့အချိန်မှ အိပ်ဖြစ်နေတာမို့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်ဖို့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေ ပြင်ဆင်ရတော့မှာပေါ့။ ဒါ့ကြောင့် လူကိုလည်း အဆီမတက်ပဲ ပိန်သွယ်ပြီး ကြည့်ကောင်းစေမယ့်အပြင် နေ့တစ်နေ့ရဲ့အဆုံးထိ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။မနက်နိုးနိုးချင်း သံပုရာရည်အပူကို သောက်ပေးပါ။

အိပ်ယာနိုးတာနဲ့ ရေနွေးနဲ့ဖျော်ထားတဲ့ သံပုရာရည်အပူကို သောက်ပေးပါ။ ဒါဟာ အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးနိုင်တာကြောင့်ပါ။ သံပုရာရည်အပူကို မကြိုက်ဘူးဆိုရင်တော့ Green Tea ကို သံပုရာသီးညှစ်ပြီး သောက်ပေးနိုင်ပါတယ်။

၂။ယောဂကျင့်ပါ။

အချိန်ပေးနိုင်တယ်ဆိုရင်တော့ ယောဂကျင့်တာဟာ လူတစ်ယောက်ရဲ့ စိတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ တကယ်ကို သင့်တော်ပါတယ်။

၃။ရာသီစာတွေ စားပေးပါ။ အသီးဖျော်ရည် သောက်ပေးပါ။

ဖရဲသီးပေါ်ချိန် ဖရဲသီး၊ သရက်သီးပေါ်ချိန် သရက်သီး စသဖြင့် စားပေးလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အသီးအနှံတွေ အများဆုံး စားပေးပါ။ အသီးဖျော်ရည်တွေကိုလည်း သောက်ပေးဖို့ လိုပါတယ်။

၎။အစားအသောက် စားတဲ့အခါ အစာကို ကျေညက်အောင်ဝါးပါ။

အစားအသောက်ကို မြန်မြန်စားပြီး မြိုချခြင်းဟာ လေခိုတာမျိုးတွေဖြစ်နိုင်တာမို့ အစာမကြေတာ၊ ဂျို့ထိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၅။ပီကေ မ၀ါးပါနဲ့။

ပီကေ၀ါးတာနဲ့ လေတွေ ပါးစပ်ထဲပိုရောက်သွားတယ်ဆိုတာ သိပါရဲ့လား။ ဒါကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့အရာပါ။

၆။ရေများများသောက်ပါ။

ရေကို တတ်နိုင်သလောက် များများသောက်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အပြင်သွားတဲ့အခါတွေတောင်မှ ရေဗူးလေးအမြဲဆောင်ထားပြီး သောက်ဖို့လိုပါတယ်။

၇။အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပါ။

ထောပတ်သီး၊ ဇီးသီး စတဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ အစားအစာတွေ စားပေးပါ။

၈။ညနေပိုင်း သောက်စားတာမျိုးတွေ ရှောင်ပါ။

ရုံးဆင်းချိန်မို့ သူငယ်ချင်းတွေနဲ့ အတူ ၀ိုင်တစ်ခွက်လောက် သောက်လိုက်မယ် ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ဆိုင်တစ်ဆိုင်သွားပြီး သောက်စားကြမယ်ဆိုတာမျိုးတွေလည်း ရှောင်နိုင်သလောက် ရှောင်ပါ။

၉။ညဘက် အချိုပွဲစားခြင်း ရှောင်ပါ။

ညစာ စားပြီးသွားဆိုတာနဲ့ အချိုပွဲလေးတော့ စားဦးမှပါ ဆိုတာမျိုး မလုပ်ပါနဲ့။

၁၀။အချိန်မှန် အိပ်ပါ။

အိပ်ယာဝင်နေကျ အချိန်ကို မှတ်ထားပါ။ အရမ်းနောက်တာတဲ့ အချိန်မျိုးမှ အိပ်ယာဝင်တာမျိုးရှောင်ပြီး  ၉နာရီနဲ့ ၁၀နာရီကြား အိပ်ဖြစ်အောင် ကြိုးစားပါ။



Ref:fitsugar.com
Trend Myanmar



ပထမဆုံး တက်တူးထိုးမယ့်သူတွေအနေနဲ့ သိထားသင့်တဲ့အရာများ





သီဟနိုင် on 2014-04-23 16:17    


တက်တူးစထိုးတယ်ဆိုရင် အတွေ့အကြုံကောင်းဖြစ်သင့်တယ်။ ဒါပေမဲ့ တက်တူးဆိုတာ ကြောက်ရွံ့ဖွယ်ဖြစ်ပြီး ခြောက်လှန့်နေနိုင်သေးတယ်။ နကျယ်ကောင်တွေလို တစီစီမြည်နေတဲ့ စက်တွေနဲ့ တက်တူးပါလာထဲကို ခင်ဗျားက လမ်းလျှောက်ဝင်သွားမယ်။ ဧည့်ကြိုတစ်ယောက်က “ဘာများကူညီရမလဲ ခင်ဗျာ။” ဒါမှမဟုတ် “ဟေ့ကောင်၊ ဘာလဲကွ။” လို့ မေးလာမယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အရေပြားပေါ်မှာ ပထမဆုံးတက်တူးကို တင်ရတော့မယ်ဆိုတဲ့ အသိနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေမှာတော့ အမှန်ပဲ။ ဆိုင်တံခါးကိုကျော်ပြီး ခြေတစ်လှမ်းဝင်ရမှာ ကြောက်သလိုလိုတောင်ဖြစ်နေနိုင်တယ်။ လေးစားစရာကောင်းတဲ့ တက်တူးပါလာ အများစုကတော့ သင်သိချင်သမျှကို ပျော်ပျော်ကြီးဖြေပေးမှာပါ။ အပ်သေးသေးလေးနဲ့ သင့်အရေပြားကို အကြိမ်ရေ ထောင်နဲ့ချီပြီး ထိုးဆွတာကို ခံချင်နေပြီဆိုရင်တော့ အခြေခံအချက်လေးတွေကို အရင်ဆုံး သိထားဖို့ လိုပါတယ်။

၁။ မေးခွန်းတွေထုတ်ရမှာ မကြောက်ပါနဲ့။



အချိတ်အဆက်မိတာဟာ သာယာတဲ့အတွေ့အကြုံကောင်း ရဖို့ သော့ချက်ပါပဲ။ အပ်တွေ၊ မင်၊ ရောဂါသန့်ရှင်းမှု ရှိမရှိ သင်စဉ်းစားမိသမျှ မေးခွန်းထုတ်တာမျိုး လုပ်ကောင်းပါတယ်။ လုံးဝ သင့်တော်ပါတယ်။ တက်တူးထိုးတယ်ဆိုတာ ကြောက်လန့်စရာပါပဲ။ ဒါ့ကြောင့် တက်တူးထိုးတဲ့ ဖြစ်စဉ် အကြောင်း တတ်နိုင်သလောက် သတင်းအချက်အလက်တွေ သိထားခြင်းဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ မူးမေ့မလိုဖြစ်လာတာ၊ အပ်အောက်မှာ မတရားနာကျင် လာတာမျိုးဖြစ်လာခဲ့ရင် တက်တူးဆရာ နဲ့ ကိုယ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း အဆက်အစပ်မိနေဖို့က သော့ချက်ဖြစ်လာပါတယ်။ တက်တူးဆိုင်ရဲ့ ကြမ်းပြင်တစ်ခုလုံးကို ခင်ဗျား အန်ဖတ်တွေပစ်မလွှတ်ခင် ခင်ဗျား ဘယ်လိုခံစားရတယ်ဆိုတာ တက်တူးဆရာကို ပေးသိလိုက်ပါ။ ခင်ဗျားနေလို့ကောင်းသွားတဲ့အထိ တက်တူးဆရာက ပေးနားပြီး ပြန်ထိုးပေးမှာ အသေအချာပါပဲ။

၂။ အချိန်မှန် တိကျမယ်လို့ မမျှော်မှန်းထားပါနဲ့။



ဘယ်တက်တူးဆရာနဲ့ ထိုးချင်တယ်ဆိုတာမျိုး စိတ်ထဲမှာရှိရင် ကြိုတင်ရက်ချိန်းပေးထားတာထက် နောက်ကျပြီးမှ တက်တူးထိုးရတာမျိုး အချိန်ကြာ စောင့်ဆိုင်းရတာမျိုး ဖြစ်တတ်ပါတယ်။ လူကြိုက်များတဲ့ တက်တူးဆရာတွေဆိုရင် လပေါင်းများစွာကတည်းက ကြိုတင်ရက်ချိန်းယူထားရပါတယ်။ ခင်ဗျားက တကယ်တက်တူးမထိုးခင်မှာ တိုင်ပင်ချင်တာမျိုးလည်း လုပ်ချင်မှာပါပဲ။ အရည်အသွေးမြင့် အနုပညာလက်ရာမြောက်တဲ့ တက်တူးမျိုးတင်ချင်တယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တက်တူးပါလာထဲကို ၀င်ပြီး နံရံပေါ်က တက်တူးပုံတွေ ရွေးနေတာကိုက ထူးခြားမှုရှိပါတယ်။ ကောင်းကောင်း လေးစားထိုက်တဲ့ တက်တူးဆိုင်တွေဆိုရင် သင့်ကို ပေးဝင်ပါတယ်။ လုပ်ရိုးလုပ်စဉ် အချက်တွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ကပျက်ကချော်ပုံပဲ ရလာပါလိမ့်မယ်။

၃။ တက်တူးမထိုးသင့်တဲ့ အပိုင်းတွေမှာ သွားမထိုးပါနဲ့။

တက်တူးထိုးတာ ခေတ်စားပြီး mainstream ကျလာတာနဲ့အမျှ ပြီးခဲ့တဲ့ တစ်နှစ်၊နှစ်နှစ် အတွင်းမှာ တက်တူးမထိုးသင့်တဲ့ နေရာတွေမှာ မထိုးဖို့ အကြောင်းတွေ အများကြီးထွက်ရှိလာပါတယ်။ Rihanna က သူ့လက်တွေမှာ တက်တူးထိုးတာ၊ ရပ်ပ်ပါကြီးတွေက သူတို့မျက်နှာတွေပေါ် တက်တူးတင်တာမျိုးတွေ ကြားရတာနဲ့တော့ လူမြင်တဲ့နေရာတွေမှာ တက်တူးထိုးဦးမယ်ဟ လို့ သွားမလုပ်ပါနဲ့။ ခင်ဗျားက တကယ့်ကို လိုလိုလားလားနဲ့ ထိုးချင်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အဲ့ဒီလိုမှ မဟုတ်ရင် ဇွတ်မလုပ်ပါနဲ့။ နှစ်ပေါင်းများစွာ ကြာမှ ရသမြောက်တဲ့ ဦးစားပေးမှု ရလာနိုင်တာမျိုးတွေလဲ ရှိပါတယ်။ ဒီလိုနဲ့ပဲ တက်တူးထိုးလာရင်းနဲ့မှ ၁၀ခုမြောက်တက်တူးကို ပထမဆုံးတက်တူးထက် မြင်သာထင်သာရှိတဲ့ နေရာမှာ ထိုးတယ်ဆိုတာမျိုးမှ ပိုမိုက်တာပါ။

၎။ ဈေးပိုနည်းတာကို မရွေးချယ်ပါနဲ့။

“ပေးတာနဲ့ တန်သလောက်ရတယ်။” ဆိုတာဟာ တက်တူးလောကမှာ အမှန်ဆုံးစကားပါပဲ။ ခြွေတာရေးတက်တူး ထိုးမယ်ဆိုတဲ့ အကြံအစည်နဲ့တော့ တက်တူးစထိုးဖို့ မသင့်ပါဘူး။ သင့်အရေပြားပေါ် တက်တူးတစ်ပုံတင်ပြီဆိုတာနဲ့ ကျန်ရှိနေတဲ့ သင့်ဘ၀တစ်လျှောက်လုံးပါသွားမယ်ဆိုတာကို မမေ့ပါနဲ့။ ဒေါ်လာ ၂၀၀ လောက်ကွာတာဟာ သင်တကယ်ပူပန်ရမယ့် ကိစ္စမဟုတ်ပါဘူး။ တက်တူးဆရာကို ဘောက်ဆူးပေးဖို့နဲ့ ကြိုတင်ရက်ချိန်းယူတဲ့အခါမှာ ငွေအကြေတစ်ခါတည်း ချေထားဖို့သာ ပူပန်ပါ။

၅။အသေးစိတ်မှုန်းခြယ်မှုတွေအပေါ် ချွေးမပြန်ပါနှင့်။

ခင်ဗျားရလာတော့မယ့် တက်တူးပေါ်မှာ လုံးဝစိတ်ကျေနပ်မှု ရရှိဖို့ကောင်းပါတယ်။ ဒါပေမဲ့ တက်တူးတွေဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ခင်ဗျားထက် တက်တူးဆရာက ပိုသိတယ်ဆိုတာကို ယုံထားဖို့လည်း လိုပါတယ်။ ဒီဇိုင်းတစ်ခုက ကြည့်မကောင်းဘူးလို့ တက်တူးဆရာက ပြောရင် သူပြောတာကို ယုံကြည်လိုက်ပါ။ တက်တူးဆရာတွေက သူတို့ဘ၀မှာ ဆေးမင်တွေအများကြီးကို တွေ့မြင်ခဲ့ရပြီးပြီ။ တက်တူးဘယ်လိုကျက်လာတယ်၊ ဘယ်နေရာမှာထိုးရင် အကောင်းဆုံး၊ ဘယ်ဟာမှ တကယ်ရှင်းလင်းပြတ်သားတာ၊ စတာတွေကို သူတို့ သိကြတယ်။ ကုန်ကုန်ပြောရရင် ဒီတက်တူးဆရာကို ရွေးချယ်လိုက်တာဟာ သူ့ပညာကို ကြိုက်လို့ပဲလေ။ သူတို့ တတ်နိုင်သလောက် အကောင်းဆုံး မှုန်းခြယ်ခွင့်ပေးလိုက်ပါ။ နောက်ဆုံးရလဒ်ကို ကြည့်ပြီး ခင်ဗျားပိုပြုံးပျော်ရမှာပါ။

၆။ အသံကျယ်ကျယ် စကားပြောဖို့ ၀န်မလေးပါနဲ့။

ခင်ဗျားက တက်တူးထိုးဖို့ သွားတိုင်ပင်တဲ့အခါ တက်တူးဆရာက ခင်ဗျားမကြိုက်တဲ့ ဒီဇိုင်းတစ်ခုကို ချပြတယ်ဆိုပါစို့။ အဲ့ဒါကြီးကို မကြိုက်ရင်မကြိုက်ကြောင်း၊ လဲချင်ကြောင်း အသိပေးလိုက်ပါ။ အဲ့ဒီ့ပုံက ခင်ဗျားဆီမှာ တစ်သက်လုံးပါသွားမှာလေ။ အဲ့ဒီ့ တက်တူးရှိနေလို့ ခင်ဗျား လုံးဝပျော်နေရမှာ။ ခင်ဗျားစိတ်ကူးထားတဲ့ ပုံမဟုတ်မချင်း ညှိုနှိုင်းပြောဆိုဖို့ ၀န်မလေးပါနဲ့။ တက်တူးထိုးဖို့ ထိုက်သင့်တဲ့ ၀န်ဆောင်ခကို ပေးရမှာပဲ။

၇။ တခြားတစ်ယောက်ရဲ့ တက်တူးပုံ လိုက်ထိုးဖို့ မတောင်းဆိုပါနဲ့။

ဒါဟာ ဉာဏ်မရှိတာနဲ့ အတူတူပါပဲ။ အင်တာနက်ပေါ်မှာ ရှာတွေ့ပြီး အလားသဏ္ဍာန်တူတဲ့ တက်တူးပုံမျိုး လိုချင်ခဲ့တယ်ဆိုရင်တောင် အရမ်းအတိအကျတူတာမျိုးကို မတောင်းဆိုပါနဲ့။ တက်တူးဆရာ အများစုဟာ သူတို့ဖန်တီးတဲ့ ပုံကို သူတို့ နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ကြပါတယ်။ ရှိပြီးသား တက်တူးကို ထိုးခိုင်းတာဟာ စာရေးဆရာတစ်ယောက်ကို စာကူးရေးခိုင်းတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ခင်ဗျားဂုဏ်ယူဝင့်ကြွားနိုင်မယ့် ဒီဇိုင်းမျိုးရအောင် တက်တူးဆရာကို ပုံဖော်ဖန်တီးစေကြည့်ပါ။

Ref:complex.com
Trend Myanmar

အနင်းခံရမှ အနေသက်သာသူ




တကယ်ပါ။ ကမ္ဘာမှာ လူအချို့ ချို့ သာ ဖြစ်တတ်တဲ့ ရောဂါထဲမှာ Georgio T လို့အမည်ရတဲ့ လူရဲ့  ရောဂါက ပိုလို့ထူးခြားနေပါတယ်။ အနင်းမခံရရင် မနေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Manhatan မှာ နေထိုင်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက အနင်းခံလာသူ ဖြစ်ပါတယ်။ အစကတော့ ကြောင် လေးတွေ သူ့ကိုယ်ပေါ်မှာ ဖြတ်းသန်းသွားလာမှုကို နှစ်သက်ခဲ့ပြီး နောက်ပိုင်း လူတက်နင်းတဲ့ အရသာကို ခံယူတဲ့အထိ တက်နင်းခံရတာကို စွဲလမ်း သွားခဲ့ ပါတယ်။ သူက အသက် ၅၂ နှစ် ရှိပါပြီ။

ဒါကြောင့် အနင်းခံရတာကို ဆေးစွဲသလို စွဲပြီး နေအိမ်အနီးအနားက လူတွေကို တောင် ပိုက်ဆံပေးငှားလို့ တင်နင်းခိုင်းတဲ့အထိကို ပြုလုပ် ခဲ့ပါတယ်။ နောက်တော့ အထူးသဖြင့် ဒေါက်ဖိနပ်စီးတဲ့ အမျိုးသမီးတို့ တက် နင်းတာကို ပိုလို သဘောကျပြီး ကလပ်တွေထဲမှာ မိန်းကလေးတွေ ကို တောင် အခကြေးငွေ ပေးလို့ နေစဉ် တက်နင်း ခိုင်းပါတယ်။

အချိန်အတော်ကြာ လက်တွေ့စမ်းသပ်မှုအရ လူပေါင်းမြောက်များစွာ တစ်နေကုန် တက်နင်းတာတောင် ဘာမှ ထိခိုက်နာကျင်မှု မရှိပဲ ပိုလို့ တောင် နေရထိုင်ရ သက်သာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ ကိုယ်ခံအား ကြောင့် ဂင်းနစ် စံချိန် တင်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: dailmay
Myawady News

အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ မူကြိုကျောင်းတစ်ခုတွင် ယောက်ျားလေးကျောင်းသားတစ်ဦး စော်ကားခံရကြောင်း စွပ်စွဲမှုကြောင့် ကျောင်းပိတ်ရန် အာဏာပိုင်များ အမိန့်ထုတ်ပြန်

ဂျကာတာရှိ Jakarta International School ၏ကျောင်းကို ဧပြီ ၂၁ ရက် ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)




အင်ဒိုနီးရှားတွင် ဂုဏ်သိက္ခာကြီးမားသော ဂျကာတာနိုင်ငံတကာ ကျောင်းတစ်ခုတွင် ခြောက်နှစ်အရွယ် ယောက်ျားလေး ကျောင်းသားတစ်ဦးကို သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ကြောင်း စွပ်စွဲမှု ပေါ်ထွက်ခဲ့ပြီးနောက် အင်ဒိုနီးရှား အစိုးရက ယင်းကျောင်းကို ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

Jakarta International School တွင် ဖြစ်ပွားခဲ့သည့် ယင်းအမှုကြောင့် အင်ဒိုနီးရှား ပြည်သူတို့က ဒေါသထွက်ခဲ့ကြပြီး နိုင်ငံတစ်ဝန်းရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ကလေးသူငယ် အနိုင်ကျင့်မှု ဖြစ်ရပ်များ မြင့်တက်လာခြင်းကို အာရုံစိုက်မှု ရရှိစေခဲ့သည်။ ဂျကာတာတွင် ပြည်ပမှ လာရောက်နေထိုင်သူများ၏ မိသားစုမှ ကလေးများ အများစု တက်ရောက်သည့် ယင်းကျောင်းတွင် ကျောင်းသားငယ်သည် မကြာသေးခင် လများအတွင်းက သန့်စင်ခန်းအတွင်း၌ နှစ်ကြိမ်စော်ကားခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြင်ပကုမ္ပဏီတစ်ခုမှ အငှားခေါ်ယူထားသော သန့်ရှင်းရေး အလုပ်သမားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး စော်ကားခဲ့မှုအတွက် မသင်္ကာသူများကို စစ်ဆေးနေကြောင်း သိရသည်။ ယင်းကျောင်းကို ပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းကျောင်းသည် လုပ်ကိုင်ရန်အတွက် မှန်ကန်သည့် ခွင့်ပြုချက် မရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ကျောင်းပိတ်ရန် အမိန့်ရရှိထားကြောင်း သို့သော် ဇွန်လစာသင်နှစ်ကုန်ထိ ကျောင်းတွင်ကျောင်းသားများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း Jakarta International School က အတည်ပြုခဲ့သည်။ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ကျောင်းများ၌ ကလေးများကို ပိုမိုကာကွယ်မှုပေးရန် တောင်းဆိုမှုများ ပေါ်ထွက်ခဲ့ပြီး သမ္မတ ယူဒိုယိုနိုက ဓားစာခံကလေးငယ်၏ မိသားစုကို ပံ့ပိုးကြရန် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃၀၀၀ ခန့်ရှိခဲ့ကြောင်း၊ ၃၀ ရာခိုင်နှုန်းသည် ကျောင်းများတွင် ဖြစ်ပွားခဲ့ကြောင်း ကလေးငယ်များ ကာကွယ်ရေးဆိုင်ရာ အမျိုးသားကော်မရှင်က ထုတ်ပြန်ထားသည်။

Ref:AFP
mwd news

အွန်လိုင်းမှ ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို ဆိုက်ဘာလူဆိုးများက တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများ သတိပေး



အောင်ငြိမ်းသွေး

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်မီ၌ ဆိုက်ဘာလူဆိုးများသည် ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများက သတိပေးပြောဆိုလိုက်သည်။ အွန်လိုင်လူဆိုးများ၏ တိုက်ခိုက်မှု အချက်ငါးချက်လောက်ကို ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများအဓိက ရင်ဆိုင်ရလိမ့်မည်ဟု ပြောဆိုခဲ့သည်။

ဥပမာအားဖြင့် လက်မှတ်မှောင်ခိုပွဲစားများနှင့် အင်္ဂလန်အသင်း၏အင်္ကျီအတုပြုလုပ်မှုများဖြစ်သည်။ ထို့အပြင် တရားဝင်မဟုတ်သည့် ဖီဖာ၏အပလီကေးရှင်း(ဆော့ဖ်ဝဲလ်)များသည်လည်း ကမ္ဘာ့ဖလားကျင်းပရန် ၂ လအလို ကတည်းက ထွက်ပေါ်လျက်ရှိသည်။ ကမ္ဘာ့ဖလားစပွန်ဆာကုမ္ပဏီများနှင့် ပရိသတ်များသည် အွန်လိုင်းမုဆိုးများ၏တိုက်ခိုက်ခြင်းကို အဓိက ခံရလိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများက ဆိုခဲ့သည်။

ကြော်ငြာတာဝန်ခံဒါရိုက်တာ စတူးဝပ်ဖူလာက “နာမည်ကြီးကုမ္ပဏီတွေနဲ့ ဘောလုံးပရိသတ်တွေအတွက် အင်တာနက်က တကယ်ကို အန္တရာယ်ရှိတဲ့နေရာပါ။ ကမ္ဘာ့ဖလားနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပရိသတ်တွေပိုမိုစိတ်ဝင်စားလာအောင် စွဲဆောင်နေကြသလို အွန်လွန်းလူဆိုးတွေကလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အသုံးချကာ အွန်လိုင်းကနေတိုက်ခိုက်ပါလိမ့်မယ်။ တိုးတက်လာတဲ့နည်းပညာပိုင်းနဲ့ လိမ်လည်သူတွေက စစ်မျက်နှာဖွင့် တိုက်ခိုက်မှုတွေ များပြားလာပါလိမ့်မယ်” ဟုပြောဆိုခဲ့သည်။

ဘရာဇီးကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူထားသည့် ထောင်ပေါင်းများစွာသော ပရိသတ်များကို သုတေသနပြုမှုအရ ဗိုလ်လုပွဲလက်မှတ်ဈေးနှုန်းမှာ ပေါင် ၂၃၇၀ အထိ ဈေးတက်သွားခဲ့ကြောင်းသိရသည်။ အဆိုပါဈေးနှုန်းမှာ ဖီဖာက တရားဝင် သတ်မှတ်ထားသော ဈေးနှုန်းထက် လေးဆခန့်မြင့်မားလျက်ရှိနေသည်။ ပြီးခဲ့သည့်လက အင်္ဂလန်အသင်းအင်္ကျီ တရားဝင် ထုတ်ဖော်ပြသပြီးနော်တွင်လည်း နာရီပိုင်းအတွင်းမှာပင် အတုအပပြုလုပ်မှုများထွက်ပေါ်လာခဲ့သည်။ အချို့ အင်္ကျီရောင်းချသူများ မှာ ပရိသတ်များကို အကြိမ် ၁၀၀ ခန့် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြသည်။

မိုဘိုင်းအပလီကေးရှင်း(ဆော့ဖ်ဝဲလ်)များနှင့်ပတ်သက်၍လည်း အဓိကဆိုင်ကြီးများ၌ပင် တရားမ၀င်ဆော့ဖ်ဝဲလ်များကိုတွေ့ရှိခဲ့ ရသည်။

ရည်ညွှန်း ဂါးဒီးယန်း
Mizzima Burmese

ဂျာမနီအသင်းကိုအားပေးမည့် အလုပ်သမားများကို အလုပ်ချိန်နောက်ကျခွင့်ပေးရန် အလုပ်ရှင်များအား ဂျာမနီနိုင်ငံတော်အကြီးအကဲများတိုက်တွန်း



အောင်ငြိမ်းသွေး

ဂျာမနီ၊ ဧပြီ ၂၃

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းကို အားပေးမည့်အလုပ်သမားများကို အလုပ်ချိန်နောက်ကျခွင့်ပေးရန် အလုပ်ရှင်သူဌေးများအား ဂျာမနီနိုင်ငံတော်အကြီးအကဲများက တိုက်တွန်းပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၏ဒေသစံတော်ချိန်ကွာဟမှုကြောင့် ဂျာမနီအလုပ်သမားများမှာ ကမ္ဘာ့ဖလားပွဲစဉ်များကို အားပေးမည် ဆိုပါက ထိခိုက်မှုများရှိလာနိုင်မည်ဖြစ်သည်။ ဘရာဇီးတွင်ကျင်းပမည့် ပွဲစဉ်များသည် ဂျာမနီတွင် ညသန်းခေါင်အချိန်ကျရောက်နေမည်ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းများနှင့် စွန့်ပစ်ပစ္စည်းများပြန်လည် သန့်စင်ရေးလုပ်ငန်းများသည် နံနက် ၆ နာရီတွင်လုပ်ငန်း ခွင်ဝင်ရသည့်အတွက် ထိုလုပ်ငန်းများရှိအလုပ်သမားများမျာ အခက်အခဲများနှင့်ပိုမိုရင်ဆိုင်ရဖွယ်ရှိသည်။

အဖွဲ့ဝင်ပေါင်းသုံးသိန်းခွဲကျော်ရှိသည့်ဂျာမနီကုန်သည်ကြီးများအသင်း၏အကြီးအကဲရောဘတ်ဖီဂါ က “ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းမှာ အလုပ်ချိန်ကို အနည်းငယ်ပြောင်းလဲပေးပြီး အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့ စိတ်သဘောထားပြည့်ဝမှုကို သက်သေပြသင့်ပါတယ်။ ဂျာမနီအသင်းရဲ့ပွဲပြီးချိန်က နောက်ကျတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ဂျာမနီကုန်သည်ကြီးများအသင်း၏အကြီးအကဲတစ်ဦးဖြစ်သူဗက်စ်ဆီလီယာဒစ်ကလည်း အလုပ်သမားကောင်စီနှင့် အလုပ်ရှင်များ တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။Bild သတင်းစာ၏ဖော်ပြမှုအရ အချို့သော အလုပ်ရှင်အဖွဲ့အစည်းများသည်
နိုင်ငံတော် အကြီးအကဲများ၏တောင်းဆိုမှုကို သဘောတူညီခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဂျာမနီနိုင်ငံ၏အကြီးအကဲများသည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ညည့် အချိန်များ၌ အများပြည်သူပိုင်နေရာများ တွင် ပြည်သူများလွတ်လပ်စွာ
နေထိုင်သွားလာခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့် ဂျာမနီ အသင်းကိုအားပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

ရည်ညွှန်း ယဟူးစပေါ့
Mizzima Burmese

သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ်သို့ မီးပွားများကျပြီး မီးလောင်မှုဖြစ်


ရန်ကုန်၊ ဧပြီ ၂၂
၂၂.၄.၂၀၁၄ ရက်နေ့ ၁၆၁၀ အချိန်တွင် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန်လမ်းမကြီးဘေး၊ ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ၀မ်းဗိုက်
အတွင်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ ပါသည်။
ဖြစ်စဉ်မှာ ၁၆၀၀အချိန်ခန့်က အဆိုပါနေရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်
နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော “ရွှေရတနာဝင်းဝင်း”အမည်ရှိ သင်္ဘော
ဝမ်းဗိုက်အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း (၄၂)နှစ်၊ (ဘ)ဦးစိုးမင်း၊ ၁၀/တောင် ၁၃ ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှ ကတ်တာဖြင့် ဖြတ်တောက်နေစဉ် ဖော့တုံးများပေါ်သို့ မီးပွားများကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိ
ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၂၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးထွန်းအား ဒလမြို့မရဲစခန်း
(ပ)၁၇၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဆရာမက အချစ်ကို ဒီလို အဓိပ္ပါယ် ဖွင့်ဆိုလိုက်တယ်



ကျောင်းသား တစ်ယောက်က ဆရာမကို အချစ်ဆိုတာ ဘာလဲလို့ မေးလိုက် ပါတယ်။ ထိုအခါ ဆရာမက အဲဒီအဖြေကို ဖြေဖို့အတွက် မင်း ငါခိုင်းတဲ့ အတိုင်း လုပ်ပါ။ ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာခဲ့လို့ ပြောလိုက်တယ်။

ကျောင်းသားလေးက ဂျုံခင်းသို့ သွားတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျုံခင်းစပ်မှ အရှည်ဆုံး အပင်လို့ ထင်ရတဲ့ ဂျုံပင်ကို နုတ်လိုက်တယ်။ သို့သော်လည်းပင် ကျောင်းသားလေးဟာ သူ့ထက် ရှည်တယ်လို့ ထင်ရတဲ့ ဂျုံပင်ကို ထပ်ပြီး တွေ့ပြန်တယ်။ ဂျုံခင်း တစ်ဝက်လောက် ရောက်နေသည့် တိုင်အောင် သူ့မှာ ရွေးချယ်လို့ မရ ဖြစ်နေပါတယ်။ ဟိုအပင် ကြည့်တော့လည်း ပိုရှည်သလိုလို ဒီအပင် ကြည့်တောာ့လည်း ရှည်သလိုလို ဖြစ်နေပါတယ်။

ဂျုံခင်းအဆုံးကို ဆက်ပြီး မသွားတော့ဘူးလို့ ကျောင်းသားလေး ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အလယ်မှာပဲ သူ့အတွက် အရှည်ဆုံးလို့ ထင်ရတဲ့ ဂျုံပင်ကို ရွေးချယ် လိုက်ပါတော့တယ်။

ထို့နောက် သူ့ဆရာမထံသို့ ပြန်လာခဲ့ပါတယ်။ ဆရာမဖြစ်သူက အဲဒါ အချစ်ပဲလို့ ပြောလိုက်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ရွေးချယ် လိုက်တဲ့ အရာထက် ကောင်းတဲ့ဟာတွေ ရှိပါသေးလားလို့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတတ်တယ်လို့ ဆရာမက ပြောတယ်။ အချစ်ဆိုတာ တကယ်တော့ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်စေမယ့် ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး




မန္တလေး၊ ဧပြီ ၂၂

မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊ ဧပြီလ ၂၂ ရက်နေ့တွင် လူငါးဦး စုစုပေါင်း ၁၁ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အဓိက ဖြစ်တဲ့သူတွေကတော့ နေပူထဲမှာ လုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေ၊ နေပူထဲမှာနေတဲ့ ကလေးငယ်လေးတွေ၊ အရက်သမားတွေ သူတို့တွေက ပိုပြီး အဖြစ်များတယ်” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မန္တလေးမြို့ပေါ်မှ အရက်အလွန်အကျွံ သောက်သုံးသူနှင့် နေပူထဲတွင် အလုပ် လုပ်ကိုင်သည့် လူရှစ်ဦး ရောက်ရှိလာကာ နှစ်ဦးမှာအပူရှပ် (Heat Stroke) သေဆုံးပြီး ရောက်ရှိလာခဲ့ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။
“မနေ့က နေတော်တော်လေး ပူတယ်။ ချွေးတွေထွက် မူးလဲပြီး ဆေးရုံ ရောက်လာတာ” ဟု မန္တလေး ဆေးရုံကြီးသို့ ဧပြီလ ၂၁ ရက်နေ့တွင် ရောက်ရှိကာ ဆေးကုသမှု ခံယူနေသည့် မန္တလေးမြို့ခံ ကျပန်း အလုပ်လုပ်ကိုင်သူ အသက် ၈၃ နှစ် အရွယ်ရှိ ဦးငွေအောင်က ဆိုသည်။

အပူရှပ်ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသူ များသည် အသက် ၂၀ နှစ်မှ ၈၀ နှစ်ကျော်များ ဖြစ်ကြပြီး သေဆုံးသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် ရှိကြောင်း ဦးမင်းလွင်က ပြောဆိုသည်။
“ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရောက်လာတယ်။ အပူကြောင့် သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းပါ ရောက်လာတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် သေတာ။ ကျန်တဲ့သူတွေကတော့ လူနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆေးရုံမှာ ဆက်ထားသွားမှာ။ ကျွန်တော်တို့ဆေးရုံ အနေနဲ့ကလည်း ရေခဲတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ လူအင်အားတွေကို အဆင်သင့် လုပ်ထားပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အခြေအနေမဲ့ သွားလာနေထိုင်နေသည့် အမျိုးသမီး တစ်ဦးသည် အရက်အလွန်အကျွံ သောက်စား၍ လမ်းဘေးတဲ အတွင်းတွင် သေဆုံးနေကြောင်း၊ အဆိုပါ နေ့ရက်တွင်ပင် အမရပူရမြို့နယ် ရှမ်းလေးကျွန်း ကျေးရွာထိပ် လမ်းလယ်ကျွန်းပေါ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အစာရေစာ ပြတ်လပ်၍ အပူကြောင့် အင်အားချိနဲ့ သေဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ယင်းနေ့တွင်ပင် မိတ္ထီလာမြို့ မြင်းကန်ကျေးရွာ အနီးတွင် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် အရက်အလွန်အကျွံ သောက်ပြီး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် မြင်းခြံမြို့နယ်ရှိ ဘုန်းကြီးကျောင်း အတွင်းတွင် အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့သဖြင့် အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ ထပ်မံသိရသည်။

ရာသီဥတု ခန့်မှန်းချက်အရ လက်ရှိ နှစ်နွေရာသီတွင် အပူလွန်ကာလ ဖြတ်သန်းရဖွယ် ရှိသဖြင့် ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါများ၊ အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားလာပါက အဆင်သင့် ကုသနိုင်ရန် မန္တလေး ဆေးရုံကြီးတွင် ဆေးဝါးများ၊ ရေခဲများ၊ အခန်းများကို မတ်လ တတိယ အပတ်မှစတင်ပြီး ကြိုတင် ပြင်ဆင်ထား ခဲ့ကြောင်း မန္တလေး ဆေးရုံကြီးဆေးနှင့် လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က The Voice သို့ ပြောကြားထားသည်။

Heat Stroke ဖြစ်၍ ရောက်လာသော လူနာများအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေးခြင်းအပြင် အရေးပေါ် လူနာကုသဌာနတွင် ဝန်ထမ်းအင်အား ၈၀ ကျော် ထားရှိထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းများအရ ထပ်မံသိရသည်။

အပူရှပ်ခြင်း (Heat Stroke) ဖြစ်ပွားပါက အပူချိန် ကျသွားစေရန် ရေစိမ်ထားသည့် တဘက်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထားခြင်း၊ လေအေးပေးစက် ဖွင့်ထားစေခြင်း၊ နေရောင်ခြည်ဖြင့် တိုက်ရိုက် မထိတွေ့စေခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်လွင်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ် မေလက ပြင်းထန်သော အပူချိန်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လူရာချီ သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ မန္တလေးမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည်တွင် ၄၁ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးတွင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် ၄၀ ဒသမ ၆ ဒီဂရိစင်တီဂရိတ်တို့ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလ အပြီးတွင် အပူချိန် သိသိသာသာ မြင့်တက်လာမှုကြောင့် မိုးရွာစေရန် မန္တလေးမြို့တော်တွင် မိုးခေါ် လွန်ဆွဲပွဲများ ကျင်းပလျက် ရှိသည်။

The Voice Weekly

စစ်တပ်မိသားစု၇ဦးပါဝင်သောလူကုန်ကူးခံရသူ၁၄ဦးအားစီစစ်


ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ ၇၀ခန့်
အကွာတွင်ရှိသော  စမုတ်ဆုံခါမြို့၊ မဲခေါင်ငါး
ဖမ်းလှေဆိပ်၊ အင်ဒိုနီးရှားငါးဖမ်းလှေ JAKATA2
ပေါ်   တွင် ရောင်းစားခံခဲ့ရသည့် စစ်တပ်မိသား
စု၇ဦးပါ၁၄ဦး အမှုကိစ္စအား ပူးပေါင်းေ ဆာင်ရွက်
သူများက ယနေ့ ပြန်လည်စီစစ်ကြကြောင်းသိရှိရသည်။

ထိုင်းငါးဖမ်းလှေသည် အင်ဒိုနီးရှားရေပိုင်နက်သို့ ၁၉ရက်တိုင်တိုင်   မောင်းနှင်ရပြီး ထိုင်းလူမျိုး အလုပ်သမား၈ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦး တို့ ၃ရက်သာအလုပ်လုပ်ခဲ့ရသည်။ လှေပေါ်တွင်မြန်မာ အလုပ်သမားများအား   ထိုင်းပဲ့နင်းက ရိုက်နှက်သည်ကို မခံမရပ်နိုင်ဖြစ်ပြီး လှေသားများဖြင့်ပြဿ နာဖြစ်ကြရာမှ ပဲ့နင်းဖြစ်သူသေဆုံးသွားခဲ့သည်။    အလောင်းကို ရေထဲသို့ပစ်ချခဲ့ပြီးနောက်  အင်ဒိုနီးရှားရေတပ်က တရားမ၀င်ငါး ဖမ်းမှုဖြင့် လှေကိုဖမ်းဆီး၍ လှေလုပ်သားများကိုပါ  ၃လတိုင်တိုင် အကျယ်ချုပ် သဘောမျိုးဖြင့် ရေတပ်စခန်းတစ်ခုတွင်ထိန်းသိမ်းထားခဲ့သည်။

ပြစ်ဒဏ်ကျခံပြီးနောက် ဧပြီလ၈ ရက်နေ့က မဲခေါင်လှေဆိပ်သို့ ပြန် လည် ဆိုက်ကပ်လာသည့် အဆိုပါငါးဖမ်းလှေအား မြန်မာစစ်တပ်မိသားစုဝင် ၇ဦးအား ကယ်ထုတ်ရန်စောင့်ဆိုင်နေကြစဉ် နောက်ထပ်ရောင်းစားခံထားရသူ ၇ဦး တို့ကိုပါ ပူးပေါင်းဆောင်ရွက်သူများက ကူညီကယ်ထုတ်နိုင်ခဲ့ကြခြင်းခြင်း   ဖြစ်သည်။

အမှုဖွင့်တိုင်ကြားသည့် ဒေါ်သီတာထွန်းတို့၏ တူတစ်ဦးပါဝင် ကရင်   ပြည်နယ်၊ လှိုင်းဘွဲ့မြို့ ခလရ-၂၈ မှ ဒုတပ်ကြပ် ဦးကျော်ရှင်း+ ဒေါ်သန်းငွေ၊ တပ်ကြပ်  ဦးတင်ဝင်းကျော်+ ဒေါ်ညွန့်ကြည်၊ တပ်ကြပ်ကြီး ဦးထွန်းထွန်း +ဒေါ်နီတွတ်၊ တပ်ကြပ်ကြီး ဦးသန်းထွန်း+ ဒေါ်သန်းဆင့်၊  တပ်ကြပ်ကြီး ဦးစီမိုနယ်+ ဒေါ်သန်းသန်းနွယ်၊ ဒုအရာခံဗိုလ်ဦးထွန်းဦး+ ဒေါ်သန်းရှင်၊ တို့၏ မိသားစုများ ဖြစ်ကြကြောင်း သူမပြောပြချက်အရသိရသည်။ တပ်မိသားစု ဟုတ်မဟုတ်ကို MAT အဖွဲ့အနေဖြင့် သီးခြားအတည်မပြုနိုင်ခဲ့ပါ။

မဟာချိုင်မှ ပွဲစားသန်းထိုက် ဆိုသူက စီမံကိန်းလှေ ဖြစ်ကြောင်း တစ် လလျှင် ဘတ်ငွေ ၉၀၀၀ ရမည်ဟုပြောသည်ကို ယုံကြည်မိ၍ မိမိတို့ တပ်တွင်း မိသားစုများ အလုပ်အကိုင်ရရှိပါစေရန်အတွက်ခေါ်တင်ခဲ့သည်။ မဲခေါင်ငါးဖမ်းလှေ ဆိပ်အနီးတွင်နေထိုင်သည့်   မြန်မာပွဲစား  စိုးအောင်(ခ)ဂျော်ကြီး ဆိုသူထံသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ငါးဖမ်းလှေမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်  အင်ဒိုနီး ရှားရေပိုင်နက်သို့ ထွက်ခွာသွားခဲ့သည်။

လမ်းစရိတ်၃လလုပ်ဆပ်ရမည့်ကတိဖြင့် ဒေါ်သီတာထွန်းက  လှေပိုင်  ရှင်ထံသို့ ဖုန်းဆက်ကြည့်ရာ အလုပ်သမား  ၇ဦးအတွက် ဘတ်ငွေ ၇၅၀၀၀  အား ပွဲစား စိုးအောင် ထုတ်ယူသွားပြီဖြစ်ကြောင်း သိရှိခဲ့ ရသည်ဟုဆိုသည်။ ၂၀၁၄ ခု မတ်လ  ၁ ရက်နေ့တွင် MAT အဖွဲ့သို့ လာရောက်အကူညီတောင်း ခံခဲ့သည်။  ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူညီတောင်းခံပြီးနောက် မဟာချိုင်မှ LPN အင်ဂျီအိုအဖွဲ့သို့လည်း ဆက်လက်အကူညီတောင်းခဲ့ပြန်သည်။

ထိုင်းအစိုးရလူကုန်ကူးမှုနှိမ်နင်းရေးအထူးထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်ချုပ် တစ်ဦးက “ကျနော် တို့တွေ အခြားအလုပ်တွေနဲ့ သင်္ကြန်ရုံးပိတ်ရက် နဲ့ဖြစ်သွားတယ်။ ဒီနေ့ ကျနော်တို့အကျဉ်ထောင်းနဲ့ ရဲစခန်းကို စီစစ်ကြည့် တယ်။ ဒီအလုပ်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာလည်း ၃လအကျယ်ချုပ် နဲ့နေခဲ့ရပြီ၊ ခုလည်း သေချာမစစ်ဆေးပဲ မဲခေါင်ရဲစခန်းက တရားမ၀င်အလုပ် သမားအဖြစ်ထောင်ချထားတယ်။

ဒါမျိုးမဖြစ်ရဘူးလေ။ အလုပ်သမားတွေ အတွက် နစ်နာဆုံးရှုံးမှုတွေ ဆက်မဖြစ်အောင် နစ်နာကြေး တွေရအောင် အမှု အမြန်ပြီးပြတ်အောင် မဲခေါင်အလုပ်သမားရုံးမှာ MATတို့ LPN တို့နဲ့ ဒီနေ့အ စည်း ဝေးလုပ်ကြတယ်။  အမှန်အတိုင်းဖြစ်အောင် ကျနော်တို့ အလုပ်လုပ်သွား မှာပါ”ဟုပြောသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “အကူညီပေးတဲ့ထိုင်း အစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ထိုင်းငါးဖမ်းလှေတိုင်းမှာ မြန်မာတွေ လူကုန်ကူးခံနေရပါတယ်။ ထိုင်းနဲ့မြန်မာ အစိုးရတို့ နောက်ထပ် ပေါ်လစီ အသစ်ချမှတ်ပြီး လုပ်ကြည့်စေချင်တယ်။ ဒီအတိုင်း လုပ်နေလို့ကတော့ လူကုန်ကူးမှုလျော့နည်းပပျောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။ ကယ်ထုတ်ဖို့ ခက်ခဲပြီး လူမှောင်ခိုသယ်ယူမှု ကလွယ်ကူချောမွေ့နေပါတယ်။ အခြားအားနည်းချက်တွေလည်းအများကြီးပဲ” ဟုထောက်ပြပြောဆိုသွားသည်။

ရွှေမြန်မာ

ထောင်ထဲမှာ အနှစ်နှစ်ဆယ်လောက် ဦးဝင်းတင် ဘယ်လိုရပ်တည်ခဲ့သလဲ


ထောင်ထဲမှာ အနှစ်နှစ်ဆယ် လောက် တိုက်ပိတ်အကျဉ်းချခံ ထားရသူတစ်ဦးဟာ ဘယ်လိုများ ရပ်တည်ရှင်သန်နိုင်မလဲ။ ရူးများ သွားမလား။

မည်သို့ပင်ဖြစ်စေ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ သည်အခြေအနေကို ကောင်း ကောင်းခံနိုင်ရည်ရှိသူတစ်ဦးဖြစ် သည်။ အသက်(၈၅)နှစ်အရွယ် ရောက်ရှိနေသဖြင့် ခန္ဓာကိုယ်က နှလုံးအားနည်းပြီး ကျန်းမာရေး ချို့တဲ့နေရှာသည့်တိုင်အောင် စစ် အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများ က သူ၏စိတ်အားထက်သန်မှုများကို ဆုံးရှုံးသွားအောင် မလုပ်နိုင် ခဲ့ပါ။ ပြီးခဲ့သည့်လက တွေ့ဆုံခဲ့ သည့် နှစ်နာရီကြာတွေ့ဆုံမှုတွင် ၎င်း၏ ထောင်တွင်းအတွေ့အ ကြုံများကို ဟာသနှောပြီးပြောပြခဲ့သလို လက်ရှိ မြန်မာနိုင်ငံ ဦးတည်သွားနေသည့် လမ်းကြောင်း အပေါ်မှာလည်း ၎င်း၏အမြင်ကို ပြောပြခဲ့သည်။

ဦးဝင်းတင်သည် သတင်းစာ ဆရာ၊ စာရေးဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ် ၏။ မြန်မာနိုင်ငံက ထိပ်တန်း သတင်းစာဆရာတစ်ဦးဖြစ်သလို စာရေးဆရာနှင့် ကဗျာဆရာလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေး တော်ပုံကြီးကို စစ်အစိုးရက ရက် ရက်စက်စက်နှိမ်နင်းခဲ့အပြီးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တည်ထောင်ရန် ကူညီခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင်မူ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

စစ်အာဏာရှင်များက ၎င်း ၏စွမ်းရည်ကိုကြောက်ရွံ့ကြ သဖြင့် တစ်ယောက်တည်းတိုက် ပိတ်အကျဉ်းချခဲ့သည်။ ၎င်းအား စာရေးသည့်ဘောပင်၊ စာရွက် မပေးသလို စာဖတ်ခွင့်လည်းမပေး ခဲ့ပေ။ အကျဉ်းကျနေသူအချင်း ချင်းပင် စကားမပြောနိုင်အောင် တစ်ခါတစ်ရံ သူ၏ဘေးခန်းတွင် တောင် လူမရှိစေရဘဲ အခန်းလွတ် သာထားခဲ့သည်။

၎င်းကို စစ်ဆေးနေစဉ်အတွင်း နေ့နှင့်ညမသိဘဲ အိပ်ရေးပျက် အောင် စစ်ဆေးကာညှဉ်းပန်းနှိပ် စက်ခဲ့သည်။ အကျဉ်းချသည့်အခါ တွင်လည်း စစ်တပ်ကခွေးများ အတွက်ထားသည့် စစ်ခွေးတိုက် တွင် နေရသည်။ ထို့နောက် တိုက် ပိတ်အကျဉ်းခန်းသို့ ရွှေ့ပြောင်းခဲ့ ပြီး သမံတလင်းပေါ်တွင် ဖျာတစ် ချပ်နှင့် အိပ်ခဲ့ရ၏။ စာရေးဘော ပင်နှင့် စာရွက်အစား တိုက်ခန်း တွင်းမှ အုတ်ကျိုးအုတ်ပဲ့များကို ခွာချကာ အမှုန့်လုပ်ပြီး တိုက်ခန်း နံရံမှာ စာရေးခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက နိုင်ငံရေး အကျဉ်းသားများကို ထောက်ခံ သည့်အနေဖြင့် အကျဉ်းသားတို့၏ ဝတ်စုံဖြစ်သော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ရေးလှုပ်ရှားမှုပေါ်ပေါက် ခဲ့သည်။ ထိုအခါ အဖြူရောင်ဝတ် သော လူများအားလုံးကို ဖမ်းဆီး ရန် မဖြစ်နိုင်သောအခါ စစ်အာ ဏာပိုင်တွေက ထိုဖြစ်ရပ်ကိုနည်း လမ်းတစ်ခုဖြင့် ဖြေရှင်းခဲ့သည်။ ယင်းနည်းလမ်းမှာ ထောင်အကျဉ်း သားဝတ်စုံများကို အပြာရောင်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်းမှာ နှစ်ကြာလေလေ တင်းကျပ်သည့် အနေအထားများက တဖြည်းဖြည်း လျော့လာလေဖြစ်သည်။ ၎င်းကိုလည်း နောက်ဆုံးအိပ်စရာခုတင် တစ်ခုပေးခဲ့သည်ဟု ဦးဝင်းတင်က ပြောပြသည်။ ၎င်းက ခုတင်စွန်းပေါ်တက်ပြီး လှေကားထစ် လိုအသုံးချကာ     တိုက်ခန်း၏ အမြင့်ဆုံးနေရာဖြစ်သော သံတိုင် ကာထားသည့် ပြတင်းပေါက်ဆီ သို့တက်၏။ ထိုနေရာမှနေပြီး ဘေးတိုက်ခန်းများက အကျဉ်းသား များကို တစ်ခါတလေ လှမ်းခေါ် သည်။ အခြားအချိန်များတွင် တော့ နံရံကိုခေါက်ပြီးဆက်သွယ် ကြရသည်။

နောက်ပိုင်းနှစ်များမှာတော့ တိုက်ပိတ်အကျဉ်းကျခြင်းမှ လွှတ် ပေးခဲ့ပြီး အခြားအကျဉ်းကျသူများ နှင့် အဆက်အသွယ်လုပ်ခွင့်ပေးခဲ့ သည်ဟု ဦးဝင်းတင်က ဆိုသည်။ ထောင်ကြပ်တွေက ၎င်းအား နိုင်ငံ ရေးစကားပြောခွင့်မပေးခဲ့သော် လည်း သီတင်းပတ်နှစ်ပတ်လျှင် ၁၅ မိနစ်ခန့် ဧည့်သည်နှင့် စကား ပြောခွင့်ရ၏။ ထိုအခြေအနေတွင် အခြားအကျဉ်းကျနေသူတို့က ထောင်ထဲကို ရေဒီယိုတစ်လုံးခိုး သွင်းလာပြီး အကျဉ်းထောင်ထဲ တွင် သတင်းစာတစ်စောင်ထုတ် ဝေခဲ့သည်။

၂၀၀၅ ခုနှစ်က မကြာမီ လွှတ်ပေးတော့မည်ဟုပြောကြား ခြင်းခံရသည့် အခြားအကျဉ်း သားတွေနှင့်အတူ ဦးဝင်းတင်ကို ပါ အာဏာပိုင်တွေက ခေါ်ထား သည်။ ထောင်တံခါးဝနောက်တွင် ၎င်းနှင့်အတူ မိတ်ဆွေအကျဉ်း သာများကို ပြည်ထဲရေးဝန်ကြီး နှင့်တွေ့ဆုံရန် စောင့်ခိုင်းထား၏။ အခန်းကျဉ်းလေးထဲတွင် စောင့် စားခြင်းဖြစ်သည်။ သို့သော် ပြည် ထဲရေးဝန်ကြီးက ရောက်မလာ ခဲ့ပေ။ ၎င်းတို့လည်း အခန်းထဲကို ပင် ပြန်ပို့ခြင်းခံရသည်။

နောက်ထပ်သုံးနှစ်ကြာပြီးမှ ဦးဝင်းတင်တကယ်လွတ်မြောက် လာခဲ့သည်။ လွတ်မြောက်ချိန်တွင် ထောင်ဝတ်စုံမချွတ်သဖြင့် နောက် ဆုံးအချိန်ထိ ထောင်ဝတ်စုံချွတ် ပေးရန် ဝိုင်းဝန်းဖျောင်းဖျသည်။ ထိုအခါ ၎င်းက အကယ်၍ ထောင် ဝတ်စုံချွတ်ရပါကလည်း အရပ် ဝတ်လဲမည်မဟုတ်ဘဲကိုယ်တုံး လုံးပဲသွားမည်ဟုသာ ပြောခဲ့ သည်။ နောက်ဆုံးတော့ အာဏာ ပိုင်တွေ    အလျှော့ပေးလိုက်ရ သည်။ ထိုထောင်ဝတ်စုံကို ယခု အခါ သူ့အမျိုးများအိမ်ကသေတ္တာ ထဲတွင် သိမ်းဆည်းထားသည်။

အကျဉ်းထောင်ကလွတ် မြောက်ပြီး လေးနှစ်ကြာသည့်တိုင် အောင် ဦးဝင်းတင်က ထောင် ဝတ်စုံအရောင်ဖြစ်သည့် အပြာ ရောင်ရှပ် အင်္ကျီကိုဝတ်ဆင်ထား ဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းက အခြားနိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မချင်း အခြား အရောင်ကို ဝတ်ဆင်မည့်သူ မဟုတ်ပေ။

(ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးရှင် Simon Denyer ၏ How former Burmese political prisoner Win Tin survived 20 years in jail ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7day daily

ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး


အမျိုးသမီး တွေဟာ အမျိုးသား တွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။

အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။ ကျောက်ချဉ် လို့ ပြောလိုက်ရင် မြန်မာ စာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေ ပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြ စမြဲ ဖြစ်တာမို့ ကျောက်ချဉ် ကလည်း သူ့အစွမ်းက သီးခြား ရှိပါတယ်။

ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ အမျိုးသမီးတွေ အတွက် အသုံး အတည့်ဆုံး တခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန် မရနိုင်လို့ ကလေး လိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန် အသုံးဝင် ပါတယ်။

အမျိုးသမီး ကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမ ကိုယ်သန့်ရှင်း ရေးဟာ အလွန် အရေးကြီး ပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာ တွေဟာ၊ ယားယံ တတ်တာ တွေဟာ မိန်းမကိုယ် သန့်ရှင်းရေး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ ကျောက်ချဉ်က အလွန် အသုံးတည့် ပါတယ်။

ဒီအပြင် ခုခေတ်မှာ နာမည်ကြီး နေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ် နိုင်မှုမှာ ကျောက်ချဉ် ဟာလည်း အကျိုး အလွန် ရှိပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ် နေရသူများ အတွက်လည်း အလွန် အသုံး တည့်ပါတယ်။

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲတာ၊ သွေးလန့် တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေ အတွက်လည်း ကျောက်ချဉ်က အသုံး ၀င်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှု တွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင် စေပါတယ်။ ချွေးပေါက် ကျယ်တာအစ ဒွါရပေါက် တွေလည်း ကျယ်တာ ကိုလည်း ကျဉ်းစေတဲ့ သတ္တိ ရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြု ပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ်ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများ အနေနဲ့ မိမိရဲ့ မိန်းမ ကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။

လုပ်နည်း လုပ်ဟန်က အင်မတန် ရိုးစင်းပြီး လွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင် ပေးခြင်း ဆိုတဲ့ အရာကို အမျိုး တော်တော် များများမှာ အခက်အခဲ တွေ့တတ် ကြပါတယ်။ ဒါကိုတော့ သတိပြု စေချင် ပါတယ်။
နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေး အတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်း ကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမား လှပါတယ်။
ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေ အထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခုလည်း ဖြစ်ပါတယ်။ ငွေကုန် ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

Credit: Myawady News

သင်မသိသေးတဲ့ ဒုတိယကမ္ဘာစစ်အကြောင်း အချက် (၁၀) ချက်



23.4.2014

ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ၀င်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင်။

၁။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။

၂။ ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၃ နှစ်ကနေ ၇၀ အရွယ် ဂျာမနီအမျိုးသမီးပေါင်း ၂ သန်းခန့် ကို ဆိုဗီယက်ယူနီယံရဲ့ တပ်နီတော်က မုဒိန်းကျင့်ခဲ့ပါတယ်။

၃။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ်ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သားတစ်ယောက်ဟာ လက်နက်ချအညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။ နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံးသွားပြီလို့  မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။

၎။ ဗြိတိသျှဘုရင်မ Queen Elizabeth II ဟာ ဒုတိယကမ္ဘာစစ်အတွင်း စက်ပြင်တစ်ယောက်အနေနဲ့ ပါဝင် အမှုထမ်းခဲ့ပြီး ယာဉ်မောင်းအနေနဲ့ ပါ တာဝန်ယူခဲ့ပါသေးတယ်။

၅။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်နာဇီတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးလူမျိုးအရေအတွက်ထက် ပိုများပြားပါတယ်။

၆။ ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။ တရားဝင်စာချုပ်သဘောအရဆိုရင် ရုရှားနဲ့ ဂျပန်ဟာ အခုအချိန်ထိ စစ်ပွဲဖြစ်နေတုန်းလို့  ဆိုနိုင်ပါတယ်။ Kuril ကျွန်းစုပိုင်ဆိုင်မှု အငြင်းအခုံကြောင့် လက်မှတ်မရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိခဲ့ပါဘူး။

၇။ ၁၉၂၃ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဆိုဗီယက်လူမျိုး ယောင်္ကျား ၈၀ ရာခိုင်နှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ရပါတယ်။

၈။ ဒုတိယကမ္ဘာစစ်ကို အနိုင်ရအောင်မြင်ပြီး ၁၉၄၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ၀င်စတန်ချာချီ ကျရှုံးခဲ့ပါတယ်။

၉။ ဟစ်တလာ ဟာ အမေရိကန်ရေတပ်မတော်ထဲ ၀င်ပြီး ဂျာမနီကို တိုက်ခိုက်ဖို့ လုပ်ခဲ့တဲ့ လီဗာပူးလ်မြို့ က သူ့ရဲ့ တူဖြစ်သူနေအိမ်ကို ဗုံးကြဲချခဲ့ပါတယ်။

၁၀။ တကယ်လို့ စစ်သားတစ်ယောက်ယောက်ဟာ သူ့ ရဲ့ ဘာသာတရားယုံကြည်ချက်တွေက စစ်ပွဲတိုက်ခိုက်ဖို့  ပိတ်ပင်ထားတယ်ဆိုရင် အထူးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။

Trend Myanmar

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ



မိုးရွာသွန်းစေရန် ရိုးရာလွန်ဆွဲပွဲအား မန္တလေးမြို့ ဧရာဝတီမြစ်နံဘေး မရမ်းခြံဆိပ်ကမ်းတွင် ဧပြီ ၂၂ ရက်က ကျင်းပပြုလုပ်နေစဉ် (ဓာတ်ပုံ-မင်းသန့်)
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ် . . . . .

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

News Eleven


တောင်ကိုရီးယား နစ်မြုပ်သင်္ဘော၊ သေဆုံးသူ ၁၂၉ ဦး ရှိပြီ


တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်က နစ်မြုပ်နေတဲ့ သင်္ဘောထဲက အလောင်းတွေ ကို ဧပြီ ၂၃ ရက် ဒီနေ့မှာ ထပ်တွေ့ခဲ့လို့ သေဆုံးသူ အရေအတွက်က ၁၂၉ ယောက် ရှိသွားပြီး ဖြစ်ပါတယ်။

koreiaကျောင်းသားတွေ အိပ်ခန်းအဖြစ် သုံးတဲ့ သင်္ဘောအစိတ်အပိုင်းထဲကနေ အလောင်းတွေ တွေ့ခဲ့တာ လို့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်အရာရှိ ကိုမြောင်ဆခ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကယ်ဆယ်ရေး အတွက် ခြေထောက် အများကြီးနဲ့ အသံလှိုင်းသုံး ရုပ်ပုံဖော် ကိရိယာ တပ်ဆင်ထားတဲ့ စက်ရုပ်ကို သုံးဖို့ စီစဉ်နေပြီး ကယ်ဆယ်ရေးလုပ်ဖို့ တတ်နိုင်သမျှနည်းလမ်းနဲ့ ပစ္စည်းကိရိယာအမျိုးမျိုးကို သုံးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ကယ်ဆယ်ရေးလို့ ခေါင်းစဉ်တပ်ထားပေမယ့် ရှင်သန်ကျန်ရစ်သူကို တွေ့မယ့်ပုံတော့ မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဆိုးလ်မြို့တော်နားက အင်ချုံဆိပ်ကမ်းကနေ တောင်ဘက် ဂျဲဂျုကျွန်းကို ခရီးထွက်လာတဲ့  ခရီးသည်နဲ့ ၀န်ထမ်း ၄၇၆ ယောက်ကို တင်ဆောင်လာတဲ့ သင်္ဘောပေါ်မှာ ၃၃၉ ယောက်ကတော့ အထက်တန်းကျောင်းသားတွေနဲ့ ဆရာတွေ ဖြစ်ပါတယ်။

၁၇၆ ယောက်ကိုသာ အသက်ရှင်လျက် ကယ်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေ အားလုံးကတော့ ရေနစ်ခဲ့ပြီလို့ ယူဆရပါတယ်။

အလောင်း ရှာမတွေ့သေးတဲ့ ပျောက်ဆုံးခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ ဂျင်းဒို ဆိပ်ကမ်းမြို့မှာ သတင်းထူးကို စောင့်နေကြတာ ဖြစ်ပါတယ်။

သူတို့အတွက် တန်နဲ့ချီတဲ့ ပစည်းတွေကို တောင်ကိုရီးယားနိုင်ငံတလွှားက ပြည်သူတွေက လှူဒါန်းခဲ့ကြပါတယ်။


DVB Burmese

မျက်နှာအသားအရေနဲ့ မထိတွေ့သင့်တဲ့ အလှကုန်များ


23.4.2014

မျက်နှာအသားအရေဆိုတာ မဖြစ်မနေကို ဂရုစိုက်ပေးရမယ့်အရာပါ။ မျက်နှာမှာ အဖု၊ အပိန့်တွေ ထွက်လာပြီ၊ allergic တွေဖြစ်ပြီဆိုရင် လူမှုဆက်ဆံရေးပိုင်းမှာပါ ယုံကြည်မှုလျော့နည်းစေနိုင်တာမို့ ဆင်ခြင်ရမယ့် အရာတွေထဲမှာ အစားအသောက်အပြင် သုံးတဲ့အလှကုန်တွေကလည်း အရေးပါ နေသေးတယ်နော်။ အလှကုန်တွေကြောင့် မဟုတ်ဘဲ တခြား မျက်နှာနဲ့ မသက်ဆိုင်တဲ့ အလှကုန်တွေကို မျက်နှာအတွက် သုံးမိလို့၊ ဒါမှမဟုတ် မျက်နှာအသားအရေနဲ့ ထိတွေ့သွားမိလို့ မျက်နှာမှာ အဖုအပိန့်တွေ ဖြစ်မလာစေဖို့ မျက်နှာအသားအရေနဲ့ လုံးဝမထိတွေ့သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။

၁။ ဆံပင်ဖျန်းတဲ့ စပရေး

ဆံပင်အတွက်ဖြန်းတဲ့ စပရေးကို မျက်နှာမိတ်ကပ်သား ကြာရှည်ခံအောင် သုံးနိုင်တယ်ဆိုတဲ့ စကားတွေကို ယုံစားမိရင်တော့ မျက်နှာအရေပြားဟာ အဖတ်ဆယ်မရအောင်ကို ပျက်စီးသွားပါလိမ့်မယ်။ အယ်လ်ကိုဟော ပမာဏများများ ပါဝင်တဲ့ ဒီစပရေးတွေဟာ အသားအရေကို ခြောက်သွေ့စေနိုင်တာမို့ လူကိုမြန်မြန် အိုမင်း ရင့်ရော်စေနိုင်တဲ့အပြင် အသားအရေကိုလည်း နီစပ်စပ်ဖြစ်သွားစေပါတယ်။

၂။ချိုင်းချွေးနံ့ပျောက်ဆေး

ချိုင်းချွေးနံ့ပျောက်ဆေးဟာ ချိုင်းထဲက ချွေးတွေကို စိုစွတ်နေခြင်းကနေ ကာကွယ်ပေးတာမျိုးပါ။ ဒါကိုမျက်နှာပေါ်က မိတ်ကပ်သားကောင်းမွန်ဖို့အတွက် မျက်နှာအရေပြားပေါ်တင်ရမယ်လို့ ဘယ်သူကမှ ပြောမထားပါဘူး။

၃။ဆံပင်အရောင်ဆိုးဆေး

တစ်ချို့လူတွေက ဆံပင်အရောင်နဲ့ မျက်ခုံးမွှေးကို တစ်ရောင်တည်း ရှိစေချင်တတ်ကြပါတယ်။ ဒီလိုမျိုး မျက်ခုံးမွှေးအရောင်အတွက် ဆံပင်အရောင်ဆိုးဆေးသုံးမယ်ဆိုရင် ရိုးရိုးဆံပင်ဆိုးဆေးတွေထက် အသီးအနှံတွေနဲ့ ထုတ်ထားတဲ့ ဆံပင်ဆိုးဆေးမျိုး၊ ဒါမှမဟုတ်လည်း mascara နဲ့သာ ခြယ်သစေချင်ပါတယ်။

၎။ခေါင်းလျှော်ရည်

ရှန်ပူဆိုတာ ဆံပင်အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် သုံးတာမျိုးပါ။ ဒါကို အသားအရေ၊ အထူးသဖြင့် မျက်နှာအသားအရေအတွက် သုံးမယ်ဆိုရင်တော့ အသားအရေမော်လီကျူးတွေအတွက် မတွေးရဲစရာပါပဲ။ ခြောက်သွေးအက်ကွဲတဲ့ အသားအရေမျိုး လိုချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။

၎။ဘော်ဒီလိုးရှင်း

တစ်ခါတစ်လေ လိမ်းစရာ skin care ကုန်သွားလို့ မျက်နှာမှာ ဘော်ဒီလိုးရှင်း လိမ်းလိုက်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့ အိုင်ဒီယာ မဟုတ်ပါဘူး။ လိုးရှင်းဟာ ရနံ့တွေနဲ့ ထုံမွှမ်းထားတာကြောင့်ရော မျက်နှာမှာ လိမ်းဖို့ ပိုပြစ်တာကြောင့်ပါ ရှောင်သင့်တဲ့အရာပါ။

၅။လက်သည်းနီ

ကျောင်းပွဲအတွက် ခြယ်သရမှာမို့လို့၊ အထူးပါတီပွဲအတွက် မျက်နှာခြယ်သရမှာမို့လို့ လိုအပ်နေလို့ဆိုပြီး လက်သည်းနီတွေနဲ့ မျက်နှာကို ခြယ်သခြင်းမျိုးရှောင်ပါ။ ဒါဟာ အသားအရေခြောက်သွေ့သွားစေမယ့် အချက်မို့လို့ မျက်နှာမှာ တခြားနည်းနဲ့ ဆေးခြယ်တာမျိုးကိုပဲ စဉ်းစားပါ။

Trend Myanmar



လူဦးရေ ရှစ်သန်းနှင့် ဖရိုဖရဲ ရန်ကုန်


အေးသူစံ၊ မိုးညို

မိုးမျှော်တိုက်ကြီးတစ်လုံး၏မလှမ်း မကမ်းရှိ ကားလမ်းတစ်ခုသာခြား သော ရေနုတ်မြောင်းကြီးကိုကျော ပေးထားသည့် တဲသာသာမြေစိုက်အိမ်ငယ်အချို့၌ ကလေးငယ်အချို့ ဆော့ကစားနေပြီး အလုပ်သွားရန်ပြင်ဆင်နေသည့် လင်ယောက်ျားတစ်ဦးကဇနီးသည်ကို နှုတ်ဆက်နေသည်။

၂၀၁၃ခုနှစ်က ဖိလစ်ပိုင်အစိုးရသိစေရန် ဖိလစ်ပိုင်မြို့တော် မနီလာ၏ ရုပ်ရှင်ရုံတစ်ရုံတွင် ပြသခဲ့သောmeto manila ဆိုသော ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကြောင့် မိသားစုလေးယောက် ကျေးလက်ရွာလေးတစ်ခုမှ မြို့တော်မနီလာသို့ပြောင်းရွှေ့လာခဲ့ရသည်။ နေရေးထိုင်ရေးနှင့် အလုပ်အကိုင်ပြဿနာများကို မြို့တော်မနီလာတွင် ခါးစည်းခံရင်းအသက်ဆုံးရှုံးခဲ့ရသည့် ဇာတ်ကားကို ဒါရိုက်တာက ဖန်တီးရိုက်ကူးထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှမှ နိုင်ငံအများစုတွင် မြို့ကြီးများသို့ ကျေးလက်မှ ရွှေ့ပြောင်းနေထိုင်အခြေချသူများကြောင့် မြို့ကြီးများ၏ မြို့ပြစနစ်မှာ တိုးပွားလာလည့် လူဦးရေကို တစ်နေ့ထက်တစ်နေ့ ထမ်းပိုးလာရခြင်းကို သတိပြုမိလာစေရန် အဆိုပါဇာတ်ကားကိုရိုက်ကူးထားခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီ လာကဲ့သို့ပင် မြန်မာနိုင်ငံမှ စီးပွား ရေးမြို့တော်ရန်ကုန်တွင် ဧပြီလ က ကောက်ခံခဲ့သောသန်းခေါင်စာ ရင်းများအရ လူဦးရေရှစ်သန်း ကျော်အထိရှိနေပြီဖြစ်ကြောင်းအ စိုးရက တရားဝင်ကြေညာလိုက်  သည်။

တိုးပွားလာသည့် လူဦးရေ နှင့် ရှိနှင့်ပြီးသားအခြေခံအဆောက်အအုံများအပေါ်စရိတ်စကတစ်နှစ်ထက်တစ်နှစ်ကြီးမြင့်လာမှုကို  လောက်ငမှုမရှိဘဲ မြို့တော်သူမြို့ တော်သားတို့ ခွဲဝေခံစားနေရပြီဖြစ်သည်။

တစ်ချိန်က ပင်မမြို့တော်အ ဖြစ်မှ စီးပွားရေးမြို့တော်အဖြစ်သို့ နန်းကျခဲ့သည့် ရန်ကုန်သည် ယ ခင်လူဦးရေခြောက်သန်းဟုသာ ၂၀၁၄ခုနှစ် ဧပြီမတိုင်မီအထိသိ ရှိထားပြီး ယခုရှစ်သန်းဝန်းကျင်နေပြီဖြစ်သောကြောင့် မီဂါစီးတီးဖြစ်ရန် နှစ်သန်းကျော်သာ လိုအပ်တော့မည်ဖြစ်သည်။

‘‘ရန်ကုန်က ရောဂါသည်ဖြစ် နေပြီ။ တိုးလာတဲ့လူဦးရေကြောင့် မြို့ကို မကြာခင်ဖြန့်ထုတ်မှရတော့ မှာ’’ဟု  မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြော သည်။

 ယင်းကဲ့သို့ ရွှေ့ပြောင်းလုပ် သားများ တိုးပွားမှုနှုန်းနေ့စဉ်မြန် ဆန်လာသည့် ရန်ကုန်တွင်ရှိနှင့်ပြီး သား အခြေခံအဆောက်အအုံများ ကို အဆင့်မြှင့်တင်ခြင်း၊အသစ်တိုး ချဲ့တည်ဆောက်ခြင်းများမလုပ် ဆောင်နိုင်ပါက ရန်ကုန်သည် အာ ရှတွင် နေထိုင်မှုစရိတ်အကြီးဆုံး အဖြစ် မှတ်တမ်းဝင်သွားနိုင်သည် ဟု အထက်ပါပညာရှင်က သတိ ပေးပြောဆိုသည်။

နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အလွဲများကြောင့်  ရန်ကုန်တွင် သက်တမ်းလွန်ဘတ်စကားအိုများ သစ်သားဇလီဖားတုံးများပေါ်က မီးခိုးတလူလူဖြင့်အချိန်မမှန်တတ် သည့် သက်တမ်းကြာမြို့ပတ်ရ ထားများကိုနေ့စဉ်အသုံးပြုနေရ ဆဲဖြစ်သည်။

၂၅ပေ ပေ ၅၀၊ ၁၀ပေမှ ပေ ၂၀ အခန်းငယ်လေးများအကြားနေထိုင်မှုစရိတ်ကြီးမြင့်လာသည့် ရန်ကုန်တွင်နှစ်စဉ်မိုးကာလ လမ်းမကြီးများတွင် ရေကြီးရေလျှံနစ်မြုပ်မှုများကို ခံစားနေရဆဲဖြစ်သည်။

ယင်းဖြစ်စဉ်များက ရန်ကုန် သည် တစ်ချိန်က အရှေ့တောင် အာရှနိုင်ငံများ၏ မြို့တော်များ တွင် အလှဆုံးမြို့တော်ဖြစ်ခဲ့သည် ဆိုသည်ကို အတိတ်တွင် ကွာဝေးစွာကျန်ခဲ့ပြီဖြစ်သည်။

 ‘‘ရန်ကုန်မှာ လူပေါင်းစုံဖြစ် လာပြီ။ အမှိုက်သိမ်းရတာအရင် ကထက်ပိုများလာတယ်။ လမ်း သွယ်တစ်ခုကို အရင်အမှိုက်သိမ်း ရင် ၁၅မိနစ်လောက်နဲ့ပြီးတယ်။အ ခုနာရီဝက်လောက်ကြာတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်မှ အမှိုက် သိမ်းဝန်ထမ်းတစ်ဦးက ပြော သည်။

 ရန်ကုန်တွင် အခြေခံအ ဆောက်အအုံကောင်းများရှိပြီး သားနေရာများတွင် လူအများစုက ၀ိုင်းလုနေကြသောကြောင့် မြေဈေးကြီးမြင့်လာပြီး အိမ်ရာဈေး နှုန်းသက်သာသည့်အခန်းများလို အပ်လာကြောင်း၊ အချက်အချာနေ ရာများတွင် အိမ်ရာများမထားရှိ နိုင်ပါက အလုပ်သို့သွားနိုင်မည့် အဆင့်မြင့်ရထား၊ ကားစနစ်များ အချိန်မီထားရှိပေးရန် လိုအပ်နေ ပြီဖြစ်ကြောင်း ကွန်ပျူတာပညာ ရှင်ဦးရဲမြင့်သူကပြောသည်။

‘‘မြန်မာမှာ ဒီလောက်နေရာ အကျယ်ကြီး။ အခြေခံအဆောက် အအုံနဲ့ ပို့ဆောင်ဆက်သွယ်ရေးကို ကြိုပြီးပြင်ဆင်ထားရမယ်။ ကောင်းပြီးသားနေရာကိုပဲ ကောင်းအောင်ပြန်လုပ်နေတော့ ကောင်းတဲ့နေရာကိုပဲပြုံမှာပဲ’’ဟု ဦးရဲမြတ်သူကဝေဖန်သည်။

  ပို့ဆောင်ဆက်သွယ်ရေး အားနည်းမှု၊ နှစ်စဉ်အိမ်ရာလိုအပ် မှု၊ စီးပွားရေးလုပ်ငန်းအများစု စု စည်းတည်ရှိလာမှု၊ အမှိုက်၊မိလ္လာ၊ရေ၊ မီး၊ အခြေခံအဆောက်အအုံ တို့၏ အရည်အသွေးနိမ့်ကျလာမှု တို့က တိုးပွားလာသည့် ရှစ်သန်း သော လူဦးရေမှာ နောင်လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း အဆိုး ဆုံးအခြေအနေတစ်ခုနှင့်ကြုံတွေ့ ရတော့မည်ဖြစ်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်ဦးဝင်းမြင့်ကခန့်မှန်း ပြောဆိုလိုက်သည်။

‘‘ရန်ကုန်ကို အချိန်မီကယ်ပါ လို့ပဲ ပြောချင်တယ်’’ဟု ၎င်းကသတိပေးပြောဆိုသည်။

ရန်ကုန်တွင် လူဦးရေတိုးပွား လာခြင်းက ဆိုးကျိုးများသာဖြစ် လာသည်ဟု ပြောဆိုနေကြပြီးတစ် ဖက်တွင်လည်း ကောင်းကျိုးများ စွာရှိလာနိုင်သည်ဟု အစိုးရအာ ဏာပိုင်အချို့က ထင်ကြေးပေး ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဧပြီလပထမပတ် က ကောက်ခံခဲ့သော သန်းခေါင် စာရင်းအရ ရန်ကုန်၏ လူဦးရေအ မှန်ကို သိရှိလာရခြင်းက ရန်ကုန် တွင် မကြာမီပြုလုပ်တော့မည့် စီ မံကိန်းများအတွက် အစိုးရ၏ လမ်းပြမြေပုံတစ်ခုလည်းဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကမြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန ဌာနမှူးဦးတိုးအောင်ကဆိုသည်။

‘‘အခု ကောက်ယူရရှိထားတဲ့ စာရင်းတွေပေါ်မူတည်ပြီးတော့အ စိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ လူနေထိုင်မှု၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လူမှုအထောက်အကူပြုလုပ်ငန်းတွေကို ဆက်ပြီးချဲ့ထွင် ဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးကြည်လင်းက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ကိုလို နီခေတ်က လူဦးရေသုံးသောင်း ကျော်အတွက်ရည်ရွယ်၍အကွက် ဖော်ခဲ့သည့် ရန်ကုန်က ယခုတော့ လူဦးရေရှစ်သန်း၏ မနိုင်ဝန်ကို ဆက်လက်ထမ်းပိုးရတော့မည် ဖြစ်သည်။

လက်ရှိရန်ကုန်တွင်ဖြစ်ပွား ကြုံတွေ့နေသော လူမှုရေးအခက် အခဲများကို လူထုအပြင်အစိုးရက သိရှိနေပြီဖြစ်သော်လည်း အဖြေ ထုတ်၍ အချိန်မီဆောင်ရွက်ရန် ကြန့်ကြာနေကြောင်းရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဒေါ်ညိုညိုသင်းကဝေဖန် သည်။

‘‘အခုထိ မလုပ်တာဟာ မလုပ်နိုင်တာလား။ မလုပ်ချင်လို့ လား။ မလုပ်ချင်တာဆိုရင်တော့ နေရာက ဖယ်ပေးလိုက်ကြ။ လုပ် နိုင်တဲ့သူ တက်လာလိမ့်မယ်’’ဟု ဒေါ်ညိုညိုသင်းက အစိုးရ၏အချိန် မီကိုင်တွယ်ဖြေရှင်းရန် ကြန့်ကြာ နေပုံကို ဝေဖန်သည်။

မြို့ပြပညာရှင်များနှင့်အစိုးရ အာဏာပိုင်များ ၂နှစ်နီးပါးဆွေး နွေးပွဲများ၊ နိုင်ငံတကာအကူအညီ များဖြင့် မြို့တော်ရန်ကုန်အတွက် တိုင်ပင် အဖြေရှာနေကြသော် လည်း ယနေ့အထိ လုပ်ဆောင်မှု အပိုင်းတွင် ထင်သာမြင်သာမရှိ သေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

 ‘‘ဆွေးနွေးပွဲတွေလုပ်ကြ တယ်။ ပြဿနာတွေပြောကြဆိုကြ တယ်။ ဘာလုပ်ရမယ်ဆိုတဲ့အဖြေ လည်းသိနေပြီ။ ဘာကြောင့် ခုထက်ထိ အကောင်အထည်မပေါ်တာလဲ’’ ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာကဆိုသည်။ ‘‘ရှေးကျလာပြီးအသုံးမတည်တော့တဲ့ ရန်ကုန်က လမ်းကြောစနစ်တွေကို အရင်ပြင်ရမယ် ပြီးရင်အမှိုက်စနစ်၊မြို့တော်ရဲ့ အမှိုက်သိမ်းမှုစနစ်ကို အဆင့်မြှင့်ရမယ်။လူတွေ သုံးနေတာထက်နည်းပညာတွေနဲ့ အစားထိုးသုံးရမယ်’’ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ပြောသည်။

လက်ရှိအစိုးရအနေဖြင့် စတင်လုပ်ဆောင်နေသည့် စီမံကိန်းများမှာ ရန်ကုန်အတွက် မြို့လယ်ဗဟိုပြု စီးပွားရေးအချက်အချာနယ်မြေကို လျှော့ချရန် မရမ်းကုန်းကဲ့သို့မြို့တယ်များတွင် ဒုတိယ စီးပွားရေး အချက်အချာနယ်မြေများတည်ဆောက်ခြင်း၊အထပ်မြင့်ကားပါကင်များတည်ဆောက်ခြင်းအပါအ၀င် မြို့၏ ယခင်ရှိပြီးသား အမွေအနှစ်များထိန်းသိမ်းခြင်းနှင့် အစိမ်းရောင်နယ်မြေများ ဖော်ထုတ်ခြင်းကို စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြမြေယာ စီမံခန့်ခွဲမှုဌာနမှ ဌာနမှူးဦးတိုးအောင်ကပြောသည်။

ထို့အပြင် မြို့ပြ၏ ရုပ်လုံးကိုပီပြင်စွာထွက်ပေါ်လာရန် ရန်ကုန်မြို့တစ်မြို့လုံးကို အထပ်မြင့်အဆောက်အအုံးများတည်ဆောက်
ပါက  ဇုန်(၁၁)ဇုန်  သတ်မှတ်လိုက်ပြီး ယင်းဇုန်တွင် သတ်မှတ်ထားသည့် အထပ်အရေအတွက်ဖြင့်သာ မြို့တော်ရန်ကုန်တွင် မကြာမီတည်ဆောက်ခွင့်ပြုရန် ပညာ
ရှင်များက ဆွေးနွေးအကြံပြုထားပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အင်ဂျင်နီယာမှူးဒေါ်လှိုင်မော်ဦးက ပြောသည်။

နှစ်ပေါင်းများစွာ ဖရိုဖရဲစီမံခန့်ခွဲမှုများကြားက ရန်ကုန်မြို့ကိုအစိုးရသစ်လက်ထက်တွင် အကူအညီအများဆုံးပေးသည့် နိုင်ငံတကာအဖွဲ့အစည်းမှာ ဂျပန်အပြည်
ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီပင်ဖြစ်သည်။

စီမံကိန်းများ၏ ဒီဇိုင်းရေးဆွဲပေးခြင်း၊ မြို့တော်ကြီးတစ်ခုလုံး၏မြို့ပြစီမံကိန်းတစ်ခုလုံးကို ပြုစုပေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများအပါအ၀င် စီမံကိန်းများစတင်လုပ်ဆောင်ပါက လိုအပ်သည့် ငွေကြေးအချို့ကို ကူညီရန် အစိုးရနှင့်သဘောတူညီမှု ရရှိထားပြီဖြစ်သည်။

7Day News Journal

ဓာတ်ဆီ ကားနှင့် ဒီဇယ်ကား ဆိုတာ...



23.4.2014

ဓာတ်ဆီ၊ ဒီဇယ် အားလုံးက အမေ တစ်ဦးထဲက မွေးလာတဲ့ ကလေး နှစ်ယောက် လိုပါပဲ။ ရေနံစိမ်းကို ကြိုချက်ပြီး ရတာချည်း ဖြစ်ပါတယ်။ သိုပေမယ့် ဓာတ်ဆီက ပိုပြီး ကြိုချက်ရပါတယ်။ ဆိုလိုရင်းက ဓာတ်ဆီက ပိုပြီး သန့်ပါတယ်။ ဒါက အကြမ်းဖျင်း ဆေးဆိုခြင်းပါ။ သန့်တဲ့ ဒီဇယ်ဆီ တွေလည်း ရှိပါတယ်။ ဓာတ်ဆီက ပိုပြီး မီးလောင် လွယ်ပါတယ်။ ဒီတိုင်း ထားရင်ကို အလိုလို မီးတောက်တတ်လို့ သင်္ဘောပေါ် မှာတောင် မသုံးရဲပါဘူး။ ဒီဇယ်ကျတော့ သာမန် အခန်း အပူချိန်မှာ မီးထ မလောင်တတ်တဲ့ အတွက် သင်္ဘောမှာလည်း အဆင်ပြေတဲ့ ဆီမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့အားနည်းချက် ဆာလဖာလို အညစ်အကြေး များခြင်း ဖြစ်ပါတယ်။ အသေးစိတ် ပြောရင် သူတို့ နှစ်ခု ခြားနားချက်က ပြောလို့တောင် ကုန်မှာ မဟုတ်ပါဘူး။

ဒီတော့ ဓာတ်ဆီကားကို ပြိုင်ကားတွေမှာ ပိုသုံးပါတယ်။ ဒီဇယ်နဲ့ မောင်းတဲ့ ပြိုင်ကား တွေလည်း ရှိပေမယ့် ဓာတ်ဆီ အင်ဂျင်သုံး ပြိုင်ကားလောက် မစွမ်းနိုင်ဘူးဆိုတာ လက်တွေ့ စမ်းသပ် ထားတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဓာတ်ဆီ အင်ဂျင်သုံး ကားက ပိုအန္တရာယ် များပါတယ်။ ကား အက်ဆီးဒန့် ဖြစ်တာတို့ ဆိုရင် ဓာတ်ဆီကားက ပိုမီးလောင် လွယ်ပါတယ်။ ဒီဇယ်က မလောင်ဘူးလို့တော့ မဆိုလိုပါ။ ဓာတ်ဆီက ပိုပြီးတော့ အလားအလာ များခြင်း ဖြစ်ပါတယ်။ ဒီဇယ်ကားက ပျက်ရင် ပြင်ရ ခက်ခဲတတ်ပါတယ်။ ဓာတ်ဆီ အင်ဂျင်ကျတော့ ပျက်ခဲပြီး ပြင်ဖို့လည်း ဒီဇယ်အင်ဂျင်လောက် မခက်ပါဘူး။

ဒီတော့ ပြိုင်ကားစီးချင်တယ် သို့တည်းမဟုတ် ခပ်မြန်မြန်ကားတွေပဲ မောင်းချင်တယ်၊ ပျက်ရင် ပြင်ဖို့ သိပ်အချိန် မပေးနိုင်သူများ အတွက် ဓာတ်ဆီ ကားကို ရွေးသင့်ပါတယ်။ သာမန် အရှိန်လောက် မောင်းနေရရင် အဆင်ပြေပါပြီ။ ကား အက်ဆီးဒန့် ဖြစ်မှာလည်း ကြောက်တယ်။ သို့ပေမယ့် အင်ဂျင်ပျက်ရင် ဝပ်ရှော့ ကောင်းကောင်း အပ်နိုင်မယ် ဆိုရင် ဒီဇယ် အင်ဂျင်ကားကို ရွေးသင့်ပါတယ်။

ဒီမှာ ချွင်းချက် ရှိပါသေးတယ်။ CNG ဂက်စ်အိုး ပြောင်းဖို့ စိတ်ကူးရှိတယ် ဆိုရင်တော့ ဓာတ်ဆီ တစ်မျိုးတည်း ရှာဝယ်ရမှာ ဖြစ်ပါတယ်။ ဓာတ်ဆီ အင်ဂျင်ကိုပဲ CNG ဓာတ်ငွေ့ လောင်စာ အင်ဂျင်ပြောင်းလို့ ရလို့ ဖြစ်ပါတယ်။ ကာပရိုက်တာ မပါတဲ့ ဒီဇယ် အင်ဂျင်မှာ မရပါဘူး။

Ref : Colay Automobile
moez auto
Myanma Spectrum

ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု




ရန်ကုန်၊ ဧပြီ ၂၃


ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။

၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် သန်း ၆၀
သော ပြည်သူလူထုအား ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန်အနေဖြင့် ပြု
လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"ကျွန်တော်တို့ရဲ့ဖခင်ကြီးဦးဝင်တင်ဟာလည်း ထောင်အကျီင်္နဲ့ပဲသေ
ဆုံးခဲ့တယ်။ သူ့ရဲစိတ်ဓာတ်ကိုလည်းလေးစားတယ်။ ဒါ့ကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို တက်ရောက်ဂါရ၀ပြုတာပါ " ဟု ဦးထွန်းလွင်က ဆိုသည်။

၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေုး စသည့်အကြောင်းအရာများဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အရေးပေါ်စီမံချက်ဥပဒေ ၅ည ဖြင့် ထောင်သုံးခါကျဘူးသည်ဟု ဆိုသည်။

ဖိုးလပြည့်
Popular Myanmar News Journal

လေယာဉ်ရှာဖွေရေးလုပ်ငန်း သုံးပုံနှစ်ပုံပြီးမြောက် ပျောက်ဆုံးလေယာဉ်၏ မည်သည့်သဲလွန်စမျှ မတွေ့ရ



ပါ့သ်၊ ဧပြီ-၂၂

ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံး
နေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း
သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော
ကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး တင်ဆောင်၍
ပျောက်ဆုံးသွားသော ခရီးစဉ်အမှတ် အမ်အိတ် ခ်ျ ၃၇၀ ဘိုရင်း ၇၇၇
လေယာဉ်ကို ဝေဟင်၊ ရေပြင် ရှာဖွေမှုများ အပြင်းအထန်လုပ်ဆောင်နေ
သည့်တိုင် ရှာဖွေရေးဇုန်အတွင်း မည်သည့်အပျက်အစီးမှ မတွေ့ရခြင်း
ကြောင့် ရှာဖွေရေးလုပ်ငန်းမျှော်လင့်ချက်မှာ အမေရိကန်ရေတပ်၏ ဘလူးဖင်း-၂၁ ရေအောက်ရှာဖွေရေးယာဉ်အပေါ်တွင် မူတည်နေပြီဖြစ်
သည်။

သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေးဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီး
သည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍မည်သည့်သဲလွန်စ
မျှမရသေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံးလေယာဉ်ပျံသန်းမှုမှတ်တမ်းတင်
ကိရိယာ၏ဒုတိယမြောက်အချက်ပြလှိုင်းထွက်ပေါ်ရာနေရာအား
ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။
ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင်
ရှာဖွေရေးဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက်တွင် စတုရန်းကီလို
မီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျ
တာဝန်ရှိသူများက ပြောကြားသည်။

စံတော်ချိန်နေ့စဉ်သတင်းစာ

အစိုးရ ထိုးစစ်တွေကို ဗိုလ်ချုပ်ဂွမ်မော် ဝေဖန်


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO အဖွဲ့တို့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့
မြန်မာအစိုးရ တပ်တွေက KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ နယ်မြေတွေကို အခု ရက်ပိုင်းတွေ အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဟာ KIA ကို ငြိမ်းချမ်းရေး လက်မှတ် အမြန် ထိုးနိုင်အောင် ဖိအားပေးဖို့ သဘောနဲ့ လက်မှတ်ထိုးအပြီး KIA အင်အား လျော့သွားအောင် လုပ်ဖို့ သဘောမျိုးလို့ ယူဆရကြောင်း အမေရိကန်မှာ ရောက်နေတဲ့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကိုပြောပါတယ်။

ငြိမ်းချမ်းရေး ရဖို့ လိုလားကြောင်း သမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောထားသလို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIA အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေချိန် မျိုးမှာ အခုလို တိုက်ပွဲတွေ ဖြစ်နေတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှု အများကြီး လျော့သွားစေတယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ကချင်ဒေသမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အတူ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ ရှေ့ဆက်လုပ်ဖို့ ရာထားချက်တွေကို တင်ပြဖို့အတွက် ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် နိုင်ငံကို ရောက်ရှိနေတာပါ။

သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားတို့နဲ့ တွေ့ဆုံ ခဲ့သလို အမေရိကန် နိုင်ငံရောက် ကချင် အသိုင်းအဝိုင်း၊ ချင်း အသိုင်းအဝိုင်းတို့နဲ့ ဗိုလ်ချုပ် ဂွမ်မော် တွေ့ဆုံခဲ့ပါတယ်။

BBC Burmese

စင်ကာပူ-မြန်မာ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုစတင်



ရန်ကုန်၊ ဧပြီ ၂၂

မြန်မာနိုင်ငံသားများ နေထိုင်မှု များပြားသည့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အင်တာနက်မှတစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှုကို ဧပြီလဆန်းမှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ဆောင်မှုကို စင်ကာပူနိုင်ငံ အခြေစိုက် အင်အားကြီး ဘဏ်တစ်ခု ဖြစ်သည့် Development Bank Of Singapore (DBS) နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံမှ ငွေလွှဲပြောင်း လိုသည့်သူများ ဘဏ်ကို သွားရောက်ရန် မလိုဘဲ ဖုန်း၊ ကွန်ပျူတာ အင်တာနက်မှတစ်ဆင့် လွှဲပြောင်းနိုင်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာန လက်ထောက် အထွေထွေ မန်နေဂျာ ဦးသူရမောင်က ပြောကြားသည်။

ဝန်ဆောင်မှု အသုံးပြုရန်ကိုမူ ငွေလွှဲသူသည် DBS ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ရန်လိုပြီး ငွေလက်ခံသူသည် ဧရာဝတီဘဏ်တွင် စာရင်းဖွင့်လှစ်ထားရန် လိုကြောင်း၊ ယင်းဘဏ်စာရင်း များမှတစ်ဆင့် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် အပ်ငွေပမာဏ စင်ကာပူဒေါ်လာ ၅၀၀၀ ထိ လွှဲပြောင်းနိုင်ပြီး ဝန်ဆောင်ခ စင်ကာပူ ၅ ဒေါ်လာ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အင်တာနက်နဲ့ဆိုတော့ စင်ကာပူဘက်က လွှဲတဲ့လူလည်း ဘဏ်ကို လာစရာ မလိုဘူး။ ဒီကထုတ်မယ့် လူကလည်း သူ့ဘဏ်စာရင်းထဲ တိုက်ရိုက် ရောက်လာမှာ ဆိုတော့ စာရင်းစစ်လိုက်ရုံပဲ။ ပိုအဆင် ပြေတာပေါ့” ဟု မိသားစုဝင်ထဲတွင် စင်ကာပူ၌ အလုပ်လုပ်ကိုင် နေသူရှိသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရုံးခွဲပေါင်း ၂၅၀ကျော်ရှိသည့် DBS ဘဏ်သည် ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်တွင် စိတ်ချ အယုံကြည်ရဆုံး ဘဏ်တစ်ခုအဖြစ် Global Finance Magazine တွင် ဖော်ပြခြင်းခံရသည်ဟု ဆိုပြီး မြန်မာနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီဘဏ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားကာ ဘဏ်အပ်ငွေ ပမာဏပေါင်း ကျပ်ဘီလီယံ ခြောက်ရာကျော် ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် စင်ကာပူနိုင်ငံပိုင် Sing Post ပြည်တွင်းရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမ ဘဏ်တို့နှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာ အပြန်အလှန် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်ဟု ယမန်နှစ် နိုဝင်ဘာလ အတွင်းက ကြေညာထားသည်။

The Voice Weekly

ကျောင်းသူလေးတွေကို ပြန်ပေးဆွဲ

 Nigeria girls kidnapping

နိုက်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူ တွေရဲ့ မိသားစုတွေက အစ္စလာမ် သူပုန်တွေအနေနဲ့ သူတို့ကို သနားညှာတာကြပါလို့ တောင်းပန် လိုက်ကြ ပါတယ်။

ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ သမီးရှင်ဖခင် တယောက် ကတော့ အစိုးရအနေနဲ့ သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းပေးစေချင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသူ သူပုန်အဖွဲ့ဟာ ဘိုခိုဟာရမ် အုပ်စုဖြစ်မယ်လို့ ယုံကြည် ယူဆနေကြပါတယ်။

တကယ်လို့ ညှိနှိုင်းမှု မလုပ်ဘဲ ဝင်ရောက်တိုက်ခိုက်ရင် ကလေးတွေ အသတ်ခံရမှာကို ကျောင်းသူရဲ့ ဖခင်က စိုးရိမ်ပူပန်နေပါတယ်။

ကျောင်းသူတွေပြန်ပေးဆွဲခံလိုက်ရတဲ့ကျောင်းကတော့ ပျောက်ဆုံးနေသူ ကျောင်းသူအရေအတွက် ၁၈၀ ကျော်တယ်လို့ ဆိုပါတယ်။

နိုက်ဂျီးရီးယား စစ်တပ်ကတော့ သူတို့ကို ကယ်ဆယ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ အခုလို အစုလိုက်အပြုံလိုက် အများအပြား ပြန်ပေးဆွဲခံရတဲ့ အပေါ်မှာတော့ ဘာမှ မှတ်ချက်မပေးပါဘူး။

BBC Burmese

ကျနော်နဲ့ ကိုဝင်းတင်


-(ဓာတ်ပုံ- ထိန်ဝင်း)
မောင်မိုးသူ

၁၉၈၈ ခုနှစ် ရွှေတိဂုံစေတီ အနောက်မုဒ် ဒေါ်အောင်ဆန်းစုကြည် တရားပွဲအပြီး အမှတ်တရ။ ၀ဲမှယာ - ဦးမျိုးညွန့်၊ စာရေးဆရာကြီး မောင်ကိုယု (ကွယ်လွန်)၊ မောင်သော်က (ထောင်တွင်း၌ ကွယ်လွန်)၊ ဟံသာဝတီ ဦးဝင်းတင် (ကွယ်လွန်)၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ (ကွယ်လွန်)၊ မောင်မိုးသူနှင့် ဒါရိုက်တာ ပန်းချီစိုးမိုး။

ကိုဝင်းတင်ကို သဘောထား တင်းမာတယ်လို့ ပြောကြတယ်။ သဘောထား တင်းမာတာ မဟုတ်ဘူး ။ ယုံကြည်ချက် ခိုင်မာတာ ။ အယူအဆတွေ မတူခဲ့ရင် ညှိနှိုင်းတိုင်ပင်
ဆွေးနွေးရမယ်ဆိုတာ ကိုဝင်းတင်ရဲ့ အယူအဆပါ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ပြီး နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့် ကိုဝင်းတင်
ကတော့ စစ်တပ်ကို ခွင့်မလွှတ် ၊ မကျေလည်ဘူးလို့ ပြောဆိုခဲ့တယ်။ အဲဒါကို
ကျနော်လည်း သဘောတူတယ်။

၈၈ ကာလတုန်းက စာရေးဆရာသမဂ္ဂဆိုပြီး ထောင်ထားတဲ့ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊
မောင်သော်ကတို့က Artist လို့ခေါ်တဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ အနုပညာသမားတွေ အဖြစ်နဲ့ စစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၃ ယောက်က
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလာအောင် စည်းရုံးခဲ့တာလို့ ပြောကြတယ်။ တကယ်တော့ အဲလိုချည်းလည်း မဟုတ်ဘူး။

၈၈ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ထုတ်လိုက်တယ်။
အဲဒီမှာ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကရယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတယ်။ အဲဒီမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု
လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကိုဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီအချိန်က ကိုဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တယောက်နဲ့ တယောက် မသိကြသေးပါဘူး။ အဲဒီကာလက ကိုဝင်းတင် လုပ်ခဲ့တဲ့ အင်တာဗျူးကလည်း တော်တော်ထူးခြားတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းလေးမှာ ကျနော်တို့ မကြာခဏ တွေ့ဆုံဖြစ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးပါတီတခု ထူထောင်ဖို့ ဆုံးဖြတ်ပြီးတဲ့
နောက်ပိုင်းမှာတော့ ကျနော်နဲ့ ဦးဝင်းတင်နဲ့ကို သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။

ကျနော်တို့ စိတ်ထဲမှာ ထင်ထားတာက အဲဒီအချိန်မှာ သခင်တင်မြတို့ ၊ ဦးထွေးမြင့်တို့က
ဒေါ်စုခြံထဲမှာ နေကြတာ။ အဲလို လူတွေနဲ့ ဒေါ်စု ပါတီထောင်မယ်ပေါ့ ။ အဲဒါနဲ့ ကျနော်တို့က ဘာမှမပြောတော့။ မဟုတ်ဘူးတဲ့ ကျမက ဆရာတို့နဲ့ ပါတီထောင်မှာတဲ့ ။ ဆရာတို့ ဆိုတာ အရေးတော်ပုံကာလမှာ လုပ်ကြတဲ့ လူတွေလို့ ပြောတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဝင်းတင်ကို ဆရာက ပါတီအတွင်းရေးမှူး လုပ်ရမယ်လို့ ပြောတယ်။ ကိုဝင်းတင်က နိုင်ငံရေး နားမလည်ဘူးဆိုပြီး ငြင်းသေးတယ်။
ဒေါ်စုက အတင်း လုပ်ရမယ်ဆိုလို့ ကိုဝင်းတင်က လက်ခံလိုက်တာ။

နောက်ပိုင်း ပါတီမှာ လူတွေ ရွေးဖို့လည်း ကျနော်တို့ နှစ်ယောက်ကို ခိုင်းတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတယောက်ထည့်မယ်လို့ ပြောပြီး တယောက်ရွေးပေး
ခဲ့တယ်။ အဲဒါက ကိုဆွေလို့ ခေါ်တဲ့ အခု NDF ပါတီကို ရောက်နေတဲ့ ဦးခင်မောင်ဆွေပဲ။ ကျနော်တို့က ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အနုပညာရှင်နဲ့ စာပေသမားတွေ အများစုပါတဲ့ လူတွေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။

ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ခဲ့တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို ကျနော်တို့ လိုက်ခဲ့ကြရတာ ။ အခုလူတွေက ကျနော်ရယ် ၊ ကိုဝင်းတင်ရယ် ၊ ဦးသော်ကတို့က ဒေါ်စုကို နိုင်ငံရေး ထဲပါလာအောင် ဆွဲခေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည်က ကျနော်
တို့ထက် စာပိုတတ်တယ်။ သူက နိုင်ငံရေးသမားဗျ။

အဲဒီနောက်ပိုင်းမှာတော့ ကိုဝင်းတင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံ
ပေးခဲ့တယ်။ ၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။
အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး။

၁၉၈၉ မှာ ကိုဝင်းတင်ရယ် ၊ ကျနော်နဲ့ မောင်သော်က တို့ကို စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တာ သတိရမိသေးတယ်။ကျနော်တို့ အဖမ်းခံရတော့
ထောက်လှမ်းရေးက ကျနော်နဲ့ ကိုဝင်းတင်နဲ့ကို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်ရတာလဲလို့ မေးတယ်။ ခဏခဏမေးတော့ ကျနော်က စိတ်တိုလာတယ်။ အဲဒါနဲ့ ပြောလိုက်တယ်။ ဒီမှာလို့ မောင်မိုးသူ ၊ ကိုဝင်းတင်နဲ့ မောင်သော်ကဆိုတဲ့
စာရေးဆရာ ၃ ကောင်ဟာ သူများကို မပြောနဲ့ တယောက်နဲ့ တယောက်နဲ့တောင် ဆရာမတင်ဘူးလို့ ။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာ ဒီအမျိုးသမီးကို ဆရာတင်ရတာ ကျုပ်တို့ထက် တော်လို့ပဲလို့ ပြောလိုက်တယ်။

အစိုးရကလည်း အဲဒီကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်အစိမ်းနဲ့ အနီမှာ ဒေါ်အောင်ဆန်း
စုကြည်က အင်မတန် ပါးနပ်ပြီးတော့တကယ့်လူ၃ ယောက်ကို ကောင်းကောင်းအသုံးချနိုင်
ခဲ့တယ် ဆိုပြီး ရေးတာမျိုးတွေ ရှိတယ်။တချို့က ဒီလူ ၃ ယောက်က မနူးမနပ် နိုင်ငံရေးပါး
မ၀သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးတယ်လို့ ဆိုတဲ့ ရေးတာမျိုးတွေလည်း ပါတယ်။
ထောင်ထဲရောက်တော့ ဆရာမောင်သော်ကက ကျနော့်လက်ပေါ်မှာပဲ ဆုံးသွားပါတယ်။

၁၉၉၂ ခုနှစ်မှာ ကျနော် ပြန်လွတ်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ ကျန်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော် ထောင်ထဲပြန်ရောက်တော့ ကိုဝင်းတင်က ကျနော့်ကို စောင့်နေတုန်းပဲ။ စစ်အစိုးရ
က ဘယ်နိုင်ငံရေး အကျဉ်းသားတွေကိုပဲ လွှတ်လွှတ် ၊ ကိုဝင်းတင်ကိုတော့ မလွှတ်ဘူး။

ကိုဝင်းတင်ကလည်း ထောင်ထဲမှာ အလကား အချိန်ကုန်ခံ မနေဘူး။ ကဗျာ ၊ စာပေ မျိုးစုံကို ရတဲ့နည်း ရေးနေတာ။ ကျားရဲလို ကဗျာမျိုးတွေ၊ ဘကြီးပွားနဲ့ ထိပ်တုံး ဘီလူးလို့ခေါ်တဲ့
ပြဇာတ်ရှည်ကြီးတွေ ရေးခဲ့သေးတယ်။

သူရေးတဲ့ ကဗျာ ပြဇတ်ကြီးက အရှည်ကြီး။ လူပေါင်းစုံ အကြောင်းပါတယ်။ အစိုးရ
အကြောင်း ၊ သူ့အကြောင်း ၊ ကျနော်တို့ အကြောင်း အကုန်ပါတယ်။

ကိုဝင်းတင် ထောင်ကထွက်လာတော့ NLD ပါတီ ခေါင်းဆောင်တချို့က ၂၀၁၀
ရွှေးကောက်ပွဲဝင်ဖို့ ပြင်နေကြတဲ့အချိန်။ အဲဒီမှာ ကိုဝင်းတင်က အဲဒါကို လုံးဝ လက်မခံဘူး။
နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူလို့ ၂၀၁၀
ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထွက်လာတာ။

အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့
ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ။

အဲဒီနောက်ပိုင်းမှာ ကိုဝင်းတင် ကျန်းမာရေးမကောင်းတာတွေ ကြားရတယ်။ကျနော်က
သူတက်တဲ့ Green Cross ဆေးရုံဆိုတာကို သိပ်သဘောမကျဘူး။ ဒါပေမယ့် သူက ဘာပြောလဲဆိုတော့ နိုင်ငံရေးသမား တော်တော်များများ ဆေးရုံတက်ရင် ဒီမှာ
တက်တာတဲ့ ။ ငါက ဘာကောင်မို့လို တခြားနေရာ သွားရမှာလဲဆိုပြီး ပြောသေးတယ်။

နောက်ပိုင်း ဝိတိုရိယ ရောက်သွားတယ်။ ဒါပေမယ့် နှလုံးစက်က ဆေးရုံကြီးက ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ သူက အူပိတ်တယ်။
နောက် သွေးဝမ်းသွားတယ်။ သွေးဝမ်းရပ်တော့ တော်တော်ကောင်း သွားသေးတယ်။
နောက်ကျ ဆီးမသွားတော့ဘူး။ ပြီးတော့ ကျောက်ကပ် ဖြစ်တယ်။

ကျနော်က သူကျောက်ကပ် ဆေးတာကို သိပ်သဘောမကျဘူး။ ကျနော်တွေ့သလောက်
က ကျောက်ကပ်ဆေးတဲ့သူ တော်တော်များများ သေတာချည်းပဲ။ပထမအကြိမ်
ကျောက်ကပ်ဆေးပြီးတဲ့ အချိန်မှာ ဒေါ်စုလည်း ဂျာမနီက ပြန်လာပြီ။ ကျနော်လည်း
သွားတော့ ICU အခန်းထဲမှာ ဒေါ်စုနဲ့ ပေါ်ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းတင်က စကားတွေ ပြောနေတုန်းပဲ ။ ကဗျာတွေ အကြောင်း ပြောတယ်။ ဒေါ်စုကို သူရေးတဲ့
ကဗျာတွေ မှတ်မိရဲ့လားလို့ ပြောတယ်။ ဒေါ်စုကလည်း ဆရာ သိပ်စကားမပြောနဲ့ ကျမ အကုန်မှတ်မိတယ်လို့ ပြန်ပြောတယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို ဘာညာဆိုပြီး ပြောတယ်။ ဒေါ်စုက ရယ်စရာ ထပြောတယ်။ ဆရာတဲ့ ဖေဖေက ပြောတယ်တဲ့။ မွေးထားတဲ့ သားသမီးတွေထဲမှာ
ကျမက အချောဆုံး၊ အတော်ဆုံးလို့ ပြောဖူးတယ်တဲ့။ ကျနော်တို့ ၃ ယောက် အခုလို မပြောခဲ့ဖူးဘူး။ နိုင်ငံရေး ကိစ္စနဲ့ပဲ ပြောခဲ့ကြတာ။

ပြီးတော့ ဒေါ်စုက ဥရောပက ၀ယ်လာတဲ့ ချောကလက်တွေ ဦးဝင်းတင်ကို ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းတင်က မိုးသူကို ကျွေးလိုက်ဦးလေတဲ့။ ဒေါ်စုက ချောကလက်လေး
တခု ကျနော့်ကို ပေးတယ်။ တို့အချင်းချင်း နောက်ခွင့်ပြောင်ခွင့်က အဲဒီအချိန်လေးပဲ
ရခဲ့တာ။

ဦးဝင်းတင်က လူတိုင်းကို လေးလေးစားစား ဆက်ဆံတယ်။ ပြောင်တာ နောက်တာ
မရှိသလောက် ရှားတယ်။ ကျနော်နဲ့ တွေ့ရင်တော့ မရဘူး။ ကျနော့်ကို ကဗျာတောင်စပ်ပြီး
နောက်သေးတယ်။ ” နုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဒိုး” ဆိုတာတောင် ပါသေးတယ်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ
စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)
ဧရာဝတီ

ဦးဝင်းတင် အောက်မေ့ဖွယ်အခမ်းအနား နိုင်ငံတော်အကြီးအကဲ မတက်


ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အောက်မေ့ဖွယ်နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းပေါ်က ယုဒသန်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

7ဒီ အခမ်းအနားကို တက်ရောက်နေတဲ့ ဒီဗွီဘီ လက်ထောက်အယ်ဒီတာချုပ် ဦးခင်မောင်ဝင်း ကို ဆက်သွယ် မေးမြန်းထားပါတယ်။

DVB Burmese

အပြည့်အစုံ အသံဖိုင်နားဆင်ရန်