လမ်းအလယ်ပလက်ဖောင်းပေါ် ရပ်နေသူ အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့်တိုက် ၍ ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 4/23/2014 01:51:00 PM


ရန်ကုန် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်း အလက (၅)ကျောင်းရှေ့၌ ဧပြီ ၁၉ ရက် ည ၇နာရီခန့်က ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ်၂၇ ဘီနေ ယာဉ်မောင်း မျိုးမင်းသွင်(၃၃နှစ်) သည် တိုယိုတာ ဟိုင်းလပ်ဆပ်(ဖ်)၂ဂ/--- အနက်ရောင် မော်တော်ယာဉ်ကို ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာစဉ် ကျိုက်ဝိုင်းဘုရား ကားမှတ်တိုင်အနီး လမ်းအလယ်ကျွန်း ပလက်ဖောင်းပေါ်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့် ဝင်တိုက်မိပြီး ယာဉ်မှာတိမ်းမှောက်သွားကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်မင်္ဂလာ ၂ လမ်းသွယ် (၆) အမှတ်-၈၂၂ နေ မအေးသူဇာဝင်း (၂၉နှစ်) နှင့် တောင်ဥက္ကလာပမြို့နယ် (၇) ရပ် ကွက် ၂၄ လမ်းနေ မဝင်းမြတ်သန္တာမြင့် (၃၁နှစ်) တို့ကို ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန အရေးပေါ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့စဉ် မအေးသူဇာဝင်းမှာ ယင်းနေ့ည ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း မျိုးမင်းသွင်ကိုအဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သတ်၍ ဘုရင့်နောင်ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

MOI Webportal Myanmar