သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ်သို့ မီးပွားများကျပြီး မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 4/23/2014 05:45:00 PM


ရန်ကုန်၊ ဧပြီ ၂၂
၂၂.၄.၂၀၁၄ ရက်နေ့ ၁၆၁၀ အချိန်တွင် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန်လမ်းမကြီးဘေး၊ ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ၀မ်းဗိုက်
အတွင်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ ပါသည်။
ဖြစ်စဉ်မှာ ၁၆၀၀အချိန်ခန့်က အဆိုပါနေရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်
နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော “ရွှေရတနာဝင်းဝင်း”အမည်ရှိ သင်္ဘော
ဝမ်းဗိုက်အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း (၄၂)နှစ်၊ (ဘ)ဦးစိုးမင်း၊ ၁၀/တောင် ၁၃ ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှ ကတ်တာဖြင့် ဖြတ်တောက်နေစဉ် ဖော့တုံးများပေါ်သို့ မီးပွားများကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိ
ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၂၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးထွန်းအား ဒလမြို့မရဲစခန်း
(ပ)၁၇၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police