သရက်ပင်ပေါ်တက်ကာ သရက်သီးခူးစဉ် ခြေချော်ပြုတ်ကျသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 4/23/2014 02:28:00 PM




ရန်ကုန်၊ ဧပြီ ၂၃

၂၂.၄.၂၀၁၄ ရက်နေ့ ၁၇၀၀အချိန်တွင် ပုဇွန်တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် ပုဇွန်တောင်မြို့နယ်၊(၁)ရပ်ကွက်တွင် အမျိုးသားတစ်ဦး သရက်ပင်
ပေါ်မှပြုတ်ကျသေဆုံးကြောင်းသတင်းအရသွားရောက်စစ်ဆေးရာ ဦးမောင်ရီ (၅၇)နှစ်ဖြစ်ပြီး ယာမျက်လုံးဘေးစုတ်ပြဲ၊ နှာခေါင်းဖူးရောင်၊ ၀ဲနားသွေးထွက်၊ ယာခြေဖမိုးပေါက်ပြဲ၊၀ဲပေါင်ဖူးရောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၆၄၅ အချိန်ခန့်တွင် နေအိမ်ရှေ့ရှိ အမြင့်
(၂၅)ပေခန့်ရှိသော သရက်ပင်ပေါ်သို့တက်ကာ သရက်သီးခူးရာမှ
ခြေချော်ပြုတ်ကျသဖြင့် ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ
ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ်(၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police