တူမီးသေနတ်ဖြင့် သေကြောင်းကြံစည်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွား

ပို့စ်တင်ချိန် - 4/23/2014 12:16:00 PM


ကသာ ဧပြီ ၂၂

ဧပြီ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ပင်လည်ဘူးမြို့မ ရဲစခန်း၏ အနောက်ဘက် ၂၅ မိုင် ခန့်အကွာ နောင်တောအုပ်စု တုံးမွန် ကျေးရွာတွင် လူတစ်ဦး မိမိကိုယ် မိမိ တူမီးသေနတ်ဖြင့် ပစ်ခတ်သေ ကြောင်းကြံစည်ခဲ့ကြောင်း သတင်း အရ ရဲအုပ်မြသောင်းနှင့်အဖွဲ့က သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် သေဆုံးသူမှာ စိုးမြင့်ဆိုသူဖြစ်ပြီး ၎င်း၏နေအိမ် အောက်ထပ်တွင် ယာဘက်လက့် တူမီးသေနတ် တစ်လက်ကို ကိုင်၍ ဘယ်ဘက်လက်ဖဝါး၊ လက်ကောက်ဝတ်နှင့် မေးစေ့ အောက်တွင် ယမ်းခိုးငွေ့များကပ်ညှိနေပြီး လည်ဇလုပ်တွင် နှစ်စင်တီမီတာခန့်ရှိ ကျည်ဝင်ပေါက်ငယ်နှင့် ဦးခေါင်း ချိုစောင်းတွင် တစ်လက်မခန့်ရှိ ကျည်ထွက်ပေါက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ရသည်။

အဆိုပါ ဖြစ်ရပ်မဖြစ်မီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ပြည်သူ့စစ်အဖွဲ့များက သေနတ်အပ် ရန်နှင့် အဖမ်းခံရန် ပြောဆိုဖျောင်းဖျခဲ့သော်လည်း စိုးမြင့်အနေဖြင့် မိမိကိုယ်မိမိ တူမီးသေနတ်ဖြင့် ပစ်ခတ်ပြီး သေကြောင်းကြံစည် သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ စိုးမြင့် (၂၈ နှစ်) တုံးမွန် ကျေးရွာ ပင်လယ်ဘူးမြို့နယ်နေသူနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး သိရှိနိုင်ရန် ရဲအုပ်မြသောင်းက တိုင်တန်းခဲ့ရာ ပင်လည်ဘူးမြို့မရဲစခန်းက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar