ဆင်စွယ်များ တရား မဝင် ရောင်းချ ရာတွင် စင်ကာပူ သည် အဓိက အချက် အချာ ကျသည့် နိုင်ငံ ဖြစ်ကြောင်း Channel New Asia ရုပ်သံမှ ထုတ်ပြန်

ပို့စ်တင်ချိန် - 4/23/2014 11:07:00 AM


စင်ကာပူနိုင်ငံတွင် ယခုနှစ်အတွင်း ဆင်စွယ်များ တရားမဝင်ရောင်းချမှု ကျဆင်းသွားသော်လည်း ယင်းနိုင်ငံ သည် အာဖရိကမှအာရှသို့ ဆင်စွယ်များ တရားမဝင်တင်ပို့ ရောင်းချမှုအတွက် အဓိက အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကျန်ရှိနေသေးကြောင်း
Channel New Asia ရုပ်သံသတင်းဌာနက ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းသို့ ဆင်စွယ်များ တရားမဝင် ရောင်းချရာတွင် စင်ကာပူနိုင်ငံကို ဖြတ်သန်း နေရပြီး ဆင်စွယ်တရားမဝင် တင်ဆောင်သည့် သင်္ဘောများသည် ကော်ဖီ၊ ဘယ်ရီ သီး၊ ကျောက်ဆစ်ရုပ်တု နှင့် အခြားပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောများအဖြစ် ဟန်ဆောင်၍ နိုင်ငံအတွင်းမှ ဖြတ်သန်း သွားလျက်ရှိကြောင်း တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူများ၏ ပြောကြားချက်ကို ကိုးကား၍ ရုပ်သံဌာနက ဖော်ပြခဲ့သည်။ စင်ကာပူ အစိုးရသည် ၂ဝဝ၈ ခုနှစ်မှ စတင်၍ ဆင်စွယ်တရား မဝင်ရောင်းချမှု ရှစ်ခုကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် ယခုနှစ် ပထမသုံးလအတွင်း ဆင်စွယ် ၂၄၄ ချောင်းအပါအဝင် တရားမဝင် ရောင်းဝယ်မှု သုံးမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Myawady News