ရက်စက်လှသည့် အပြစ်ပေးမှုများပါဝင်သည့် အစ္စလာမ်မစ် ဥပဒေသစ်ကို ရွှေ့ဆိုင်းရန် ဘရူနိုင်းဆုံးဖြတ်

ပို့စ်တင်ချိန် - 4/23/2014 09:49:00 AM


ဘရူနိုင်း ဘုရင် Hassanal Bolkiah
ဒါရုဆလမ် ၊ ၂၃-၄-၂၀၁၄

ဘရူနိုင်းနိုင်ငံ ၌ ဧပြီလ ၂၂ ရက်တွင် စတင်ပြဋ္ဌာန်းရန် သတ်မှတ် ထားသည့် အစ္စလာမ်မစ် ဥပဒေကို ရွှေ့ဆိုင်း လိုက်ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အပြစ်ပေးမှု စတင် အသက်ဝင်မည့် ရက်ကိုမူ အတည်ပြု ပြောကြား ခဲ့ခြင်း မရှိကြောင်း နှင့် ယင်း ဥပဒေသစ် အရ အပြစ်ပေးမှုတွင် ကြာဖူးဖြင့် ရိုက်နှက်ခြင်း ၊ ခြေလက် များကို ဆန့်တန်းစေပြီး ကျောက်တုံးဖြင့် ပစ်ပေါက် သေဒဏ် ပေးခြင်းတို့ ပါဝင်ပြီး မကြာမီ ကာလအတွင်း ၄င်း ဥပဒေသစ် အား စတင် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း ဘရူနိုင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထို့အပြင် အဆိုပါ ဥပဒေသစ် တွင် မုဒိမ်းမှု ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု နှင့် လိင်တူ ဆက်ဆံမှု တို့ကိုလည်း ကျောက်တုံး ဖြင့် ပစ်ပေါက် သေဒဏ် ပေးမည် ဖြစ်ကြောင်း သိရသည်။

အလားတူ တမန်တော် မိုဟာမက် အား ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခြင်း ၊ စော်ကားခြင်း တို့အတွက် လည်း သေဒဏ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဘရူနိုင်း ဘုရင် Hassanal Bolkiah အနေဖြင့် အစ္စလာမ်မစ် ဥပဒေအရ အပြစ်ပေးမှု အသစ်အား တစ်ဆင့်ပြီး တစ်ဆင့် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြောကြား ခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာရုံးအဖွဲ့ အနေဖြင့် အဆိုပါ ဥပဒေသစ် အား ပြစ်တင် ရှုတ်ချခဲ့ပြီး အလွန်အမင်း စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။ ဘရူနိုင်း ဘုရင် Hassanal Bolkiah အနေဖြင့် ဘရူနိုင်းနိုင်ငံ အတွင်းရှိ မွတ်ဆလင် ဘာသာဝင် များ၏ အခိုင်အမာ ထောက်ခံမှု ကို ရရှိ ထားသူ ဖြစ်ကြောင်း လည်း သိရှိရသည်။


Pyi Chit Thar