၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ

ပို့စ်တင်ချိန် - 4/23/2014 10:45:00 AM



အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာနေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ
ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာအသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦး
နဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ် အရွယ် ကောင်ကလေး တစ်ဦးနဲ့ ပေါင်းသင်း နေထိုင်ခဲ့ တာဖြစ် ပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး တဲ့ ကျောင်းတစ်ကျောင်းမှာ ၀င် ရောက်လုပ် ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရားရေးဆိုင်ရာ တာဝန် ရှိသူတွေက တော့ ပါလီရာစီယိုဟာ အရွယ်မရောက်သေး တဲ့ ကလေးငယ်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အ ပြင် မဖွယ်မရာဆက်ဆံပုံတွေကို ဗီဒီယို ရိုက် ကူးမှု ပြုလုပ် ခဲ့တာမို့ ယခုလို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ တယ်။

အမေရိကန်နိုင်ငံမှာ အရွယ်မရောက် သေးတဲ့ ကလေး ငယ်တွေနဲ့ ပေါင်းသင်းဆက် ဆံမှုတွေပြုလုပ်တဲ့ အမျိုးသမီးတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတယ် လို့ သိ ရပါတယ်။

အခြားဆက်စပ်သတင်း




ရွှေမြန်မာ မီဒီယာ