ဧရာဝတီဘဏ် အွန်လိုင်းဘဏ်စနစ် မကြာခင်စတင်မည်ဟု ဆို


နိုင်ငံတကာ Visa Card ကို မိတ်ဆက်အပြီး တစ်လအကြာမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်မယ့် Internet Banking ကို ဧရာဝတီဘဏ်က မကြာခင် သုံးစွဲတော့မယ်လို့ မေလ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ အင်တာနက် အသုံးများလာမယ့် အချိန်မှာ အွန်လိုင်းဘဏ် အလုပ်ဖြစ်ပါ့မလား။

မြန်မာနိုင်ငံဟာ ဘဏ်နဲ့ချိတ်ဆက်ပြီး လုပ်ငန်းလုပ်ကိုင်တာ အားနည်းတာကြောင့် ဘဏ်လုပ်ငန်းအပြင် အင်တာနက်ဘဏ်စနစ်ကို လူထုကြားမှာ CSR သဘောမျိုး မျှဝေသွားဖို့ရှိတယ်လို့ ဧရာဝတီဘဏ်က ဆိုပါတယ်။ ၂၄နာရီပတ်လုံး ငွေလွှဲငွေထုတ်နဲ့ ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ဦးဖြိုးအောင်က ဆိုပါတယ်။

Visa ကတ်တွေမိတ်ဆက်ချိန်တုန်းက ဦးဇော်ဇော်က ဧရာဝတီဘဏ်အနေနဲ့ ပထမဆုံး အွန်လိုင်းဘဏ်ကို လုပ်မယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေကနေ ဘဏ်စာရင်းကို ချိတ်ဆက်ပြီး လုပ်ကိုင်ဖို့ ဗဟိုဘဏ်မှာ စမ်းသပ်တင်ပြချက် အောင်မြင်ခဲ့လို့ ဒုတိယအကြိမ် Presentation ပြီးရင်တော့ မကြာခင် မိတ်ဆက်တော့မယ်လို့ ဆိုပါတယ်။

လုံခြုံရေးစနစ်ကိုလည်း OTP လို့ခေးတဲ့ ကုတ်နံပတ်ပါတဲ့ Data အပြင် Two Factor Numerical Authentication အသုံးပြုထားတာကြောင့် လုံခြုံမှုအပြည့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ငွေပေးငွေချေ စနစ်ကြောင့် ခြစားမှုကိုလည်း လျှော့ချနိုင်သလို e-Government အတွက်လည်း ထိရောက်တယ်လို့ ဆိုပါတယ်။

Kamayut Media

ရုရှသမ္မတ ပူတင် ရဲ့ ယူကရိန်း ကစားကွက်

ရုရှသမ္မတပူတင်ရဲ့ သဘောထား မှန်းရခက်

 ယူကရိန်း နိုင်ငံ ကတော့ ရုရှ သမ္မတ ပူတင် ရဲ့ နိုင်ငံရေး ကစားကွက်ထဲမှာ လူးကာလှိမ့်ကာ ဖြစ်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတ ပူတင် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ယူကရိန်းရဲ့ လာမဲ့ မေလ ၂၅ ရက်ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ ဒီလို ပြည်တွင်း ပြဿနာ တွေ နဲ့ ရှုတ်ထွေး တဲ့ ကာလ မှာ ကျင်းပ ခြင်းဟာ အဓိပ္ပါယ် ကင်းမဲ့ တယ် လို့ ပြောခဲ့ပါတယ်။

အခု တခါ သမ္မတ ပူတင် ရဲ့ နှုတ်ထွက် စကား က၊ ယူကရိန်း အစိုးရ ရဲ့ သမ္မတ ရွေး ကောက်ပွဲ ဟာ လမ်းမှန် ကို သွားတဲ့ ခြေလှမ်း တရပ် လို့ ပြောယင်း၊ ယူကရိန်းပြည်သူ အားလုံးရဲ့ ရပိုင်ခွင့်တွေ ကို အာမခံချက် ပေးနိုင်ဖို့ လည်း အရေးကြီးတယ် လို့ ဆိုပါသေးတယ်။ ဒါ့အပြင် ယူကရိန်း ရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရုရှ လိုလားသူ အုပ်စုတွေ ဘက် က လာမဲ့ တနဂင်္နွေနေ့ ကျရင် ကျင်းပမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လူထုသဘောထား ကောက်ခံရေး မဲရွေးပွဲ ကို တော့ ရွှေ့ဆိုင်း ဖို့ သမ္မတ ပူတင် က ပြောပြန်ပါတယ်။

ယူကရိန်း ရဲ့ အရှေ့တောင်ပိုင်း မှာ နေထိုင်ကြတဲ့ ရုရှ လိုလားသူအုပ်စု တွေ ရဲ့ ကိုယ်စားလှယ်တွေ ကို လာမဲ့ မေလ ၁၁ ရက် ကျင်းပမဲ့ ယူကရိန်းနိုင်ငံ ကို ဖယ်ဒရေးရှင်း ပြည်ထောင်စု အဖြစ် တည်ထောင်ရေး ဆန္ဒခံယူပွဲ ကို မလုပ်ကြနဲ့ ဉီး၊ အရေးကြီးတဲ့ စေ့စပ်ညှိနှိုင်းမှု တွေ ပြုလုပ်ဖို့ အခြေအနေ တရပ် ဖန်တီးဖို့ လိုသေးတယ် လို့ သမ္မတ ပူတင် က ပြောပြန် ပါတယ်။

အထူးသဖြင့် မနေ့က ဥရောပ လုံခြုံရေး နဲ့ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အကြီးအကဲ နဲ့ သမ္မတ ပူတင် တွေ့ဆုံ ဆွေးနွေးပြီးရာမှာ ဒီအသံ ထွက်လာတာပါ။
နောက်ပြီး တော့ ယူကရိန်းနဲ့ ရုရှ နယ်စပ်ဘက် က ရုရှ တပ်တွေ လည်း ရုပ်သိမ်းနေပါပြီ လို ပြောပါသေးတယ်။ ဒါပေမဲ့ နေတိုး အဖွဲ့ ကတော့ ဒီ အချက် ကို မယုံပါဘူး။ တပ်တွေ ဆုတ်ခွာ တဲ့ အနေအထား မထင်ရှားဘူး လို ဆိုတဲ့ အကြောင်း ဝါဆော မှ ဘီဘီစီ သတင်းထောက် က သတင်း ပေးပို့ လိုက်ပါတယ်။

bbc burmese

အမျိုးသမီး အဆိုတော် တစ်ဒါဇင်နဲ့ ရှိုးပွဲလုပ်တော့မည့် မေဆွိ


ခိုင်ဇာသွင်

ပရိသတ် အတွက် Two Ladies ရှိုးကို အောင်မြင်စွာတင်ဆက် ပေးနိုင်ပေးခဲ့သည့် မေဆွိက ယခုအခါ အမျိုးသမီး အဆိုတော် (၁၂) ယောက် (၁ ဒါဇင်) ဖြင့် ရှိုးပွဲ တစ်ခုကို ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောသည်။ မဆွေက ပြီးခဲ့ အောက်တိုဘာမှာ မငယ် (မေခလာ)နဲ့ Two Ladies ကို လုပ်ခဲ့ ပြီးပြီ။အခုတော့ မဆွေက မိန်းကလေး နှစ်ယောက်ပွဲတောင် အောင်မြင်ခဲ့တယ်ဆို တော့ နောက်ထပ် မိန်းကလေးတွေ အများကြီး နဲ့ဆိုရင်ရော ဆိုတဲ့ အတွေးလေး ဖြစ်လာတယ်။ မဆွေက အနုပညာ သည်ပါ။ ပွဲပြီးဆိုတာနဲ့ နောက်မှာ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတာကို တွေးပါတယ်။ နောက်ပြီး မဆွေတို့က ဒီနေရာမှာ တင်ရပ်မနေဘဲ ၀ိုင်းစုတို့၊ အိုင်းရင်း တို့ ဆိုတာတွေကိုလည်း ဆိုလို့ ရတယ်ဆိုတာကို ပရိသတ် သိအောင်ပြချင် ပါတယ်။အဓိက ဒီဂီတ ရေစီးကြောင်းထဲမှာ မဆွေတို့ ရပ်မနေ ဘူး။ မျောပါလို့ ရတယ် ဆိုတဲ့ သဘောကို ဆောင်ချင်တဲ့ ရသလေးနဲ့ The Dozen Ladies ကို လုပ်တာပါ။ မဆွေတို့ အသိုင်း အ၀ိုင်းမှာရှိနေတဲ့ အနုပညာသည်တွေက မောင်နှမတွေပါ။ ဒီအနုပညာ မောင်နှမတွေ စည်းစည်းရုံးရုံးနဲ့ တင်ဆက်တာ ကို လုပ်ပြ မယ်ဆိုတဲ့ ဆန္ဒ အများကြီးပါတယ်။ ဒီရည်ရွယ်ချက် နှစ်ခု နဲ့ လုပ်ဖြစ်တာပါ။ မဆွေတို့ နောက်မှာ နာမည်ကြီးနေတဲ့ ကလေးတွေ ကိုလည်း လက်ကမ်း ကြိုပါတယ်။ မဆွေတို့ သီချင်းတွေကို သူတို့ ဟန်နဲ့၊ စတိုင်နဲ့ ပြန်ဆို နေကြတာကိုလည်း Welcome ပါ။အကုန် လုံး ကို လက်ကမ်း ကြိုဆိုပါ တယ်””ဟု မေဆွိ ကပြောသည်။

မေဆွိသည် ယခုလ (၁၁) ရက်တွင် Myanmar Event Park ၌ The Dozen Ladies ရှိုးပွဲကို ပြုလုပ်ရန် စီစဉ်ထားပြီး၊ ပါဝင်မည့် အမျိုး သမီးအဆိုတော် များမှာ မေဆွိ၊ မေခလာ၊ ကော်နီ၊ တင်ဇာမော်၊ ထွန်းအိန္ဒြာဗို၊ ရှင်ဖုန်း၊ ရေဗက္က၀င်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်း၊ အိုင်းရင်းဇင်မာ မြင့်၊ နီနီခင်ဇော် တို့ ဖြစ်ကြောင်း သိရသည်။
The Messenger

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အရည်အချင်းလည်း မရှိဘူးဟု ဆိုလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်


ကြူကြူဟန်၊ ဇွဲဉာဏ်

ရုပ်ရှင်၊ ဂီတ နယ်ပယ်နှစ်ခုစလုံးတွင် အောင်မြင်သည့် အသက်လေးဆယ်ကျော်အရွယ် ထပ်ဆင့်အကယ်ဒမီ ထွန်းအိန္ဒြာဗိုသည် အသက်အရွယ်အရ လိုက်ဖက်သည့် ဇာတ်ရုပ်များကိုသာ ရွေးချယ်သောကြောင့် ဇာတ်ကားရိုက်ကူးမှု နည်းလာခဲ့သည်။ သို့သော်လည်း ‘‘ကမ္ဘာတည်သရွေ့ သာမည့်လ’’ ဇာတ်လမ်းတွဲတွင်မူ ပါဝင်သရုပ်ဆောင်ရမည့်ဇာတ်ရုပ်ကို ကြိုက်နှစ်သက်သဖြင့် ဇာတ်ကားရိုက်ကူးမှု ကိုးလကျော်ကြာနားထားရာမှ ပြန်လည်လက်ခံရိုက်ကူးလျက်ရှိသည်။ ထို့အပြင် ဂီတလှုပ်ရှားမှုအနေဖြင့် သြစတြေးလျနိုင်ငံသို့ သွားရောက်၍ အင်န်အယ်လ်ဒီပညာရေးကွန်ရက်ရန်ပုံငွေအတွက် ဖျော်ဖြေကာ ရရှိသည့်အနုပညာကြေးများကိုလည်း လှူဒါန်းခဲ့သည်။ ၎င်းလေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီလှုပ်ရှားမှုများတွင် အနုပညာဖြင့် တတ်စွမ်းသမျှ ပါဝင်ခဲ့သည့် ထွန်းအိန္ဒြာဗို ရှေ့ဆက်လျှောက်လှမ်းမည့် ဘ၀ခရီးလမ်းအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အခုရိုက်နေတဲ့ဇာတ်လမ်းတွဲရဲ့ ဘယ်အချက်ကို သဘောကျလို့ ဒီကားကို လက်ခံဖြစ်ခဲ့တာပါလဲ။ ဒီကားမှာ အစ်မက ဘယ်လိုဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါလဲ။

ဖြေ- ဇာတ်လမ်းတစ်ခုလုံးက အစ်မဇာတ်ပဲ။ အဓိက ကာရိုက်တာနဲ့ သရုပ်ဆောင်ခွင့်ရတဲ့ဇာတ်ဆိုတော့ လက်ခံခဲ့တာပါ။ ဇာတ်ကားနာမည်က ‘‘ကမ္ဘာတည်သရွေ့ သာမည့်လ’’။ ဒီကားက မိခင်မေတ္တာကိုဖော်ကျူးတဲ့ ဇာတ်ကားပုံစံပါ။ အစ်မကတော့ အမေနေရာက သရုပ်ဆောင်ထားပါတယ်။

  မေး- ကိုးလကျော်ကြာ ဇာတ်ကားရိုက်နားပြီးမှ ဇာတ်ကြိုက်လို့ ပြန်ရိုက်တဲ့ ဇာတ်လမ်းတွဲက အစ်မအတွက် ဘယ်လိုအပြောင်းအလဲကိုခံစားရစေလဲ။ အားရကျေနပ်မှုကောရရဲ့လား။

  ဖြေ- ဇာတ်ကြိုက်လို့လည်း လက်ခံခဲ့တယ်။ ရိုက်လာတာ ရက်ပေါင်းလေးဆယ်လောက်ရှိပြီ။ ဇာတ်ညွှန်းတွေကလည်း ကောင်းတယ်ဆိုတော့ ဒီကားကိုကျေနပ်ပါတယ်။ နောက်ပြီး အလုပ်ကိုနားပြီး ပြန်လုပ်တာဖြစ်တဲ့အတွက် စိတ်ရော၊ လူရော အားအင်ပြည့်နေသလို ခံစားရတယ်။ အရင်ကဆိုရင် ဒီတစ်ကားရိုက်ပြီး နောက်ကားအတွက် ခေါင်းထဲမှာ စီစဉ်နေရတယ်။ တစ်ကားနဲ့တစ်ကား ကြားမှာနားရက်မရှိဘဲနဲ့ စိတ်ကိုပြင်ဆင်ရတာရော၊ လိုအပ်တဲ့ပစ္စည်း၊ အ၀တ်အစားကအစ လုပ်ခဲ့ရတာဆိုတော့ တော်တော်လေးတော့ ပင်ပန်းခဲ့တယ်။ ဒီဇာတ်လမ်းတွဲကတော့ အေးအေးလူလူပါပဲ။

  မေး- ဇာတ်လမ်းတွဲအနေနဲ့ ပထမဆုံးရိုက်ကူးတာဆိုတော့ အရင်ကရိုက်ခဲ့တဲ့ ရုပ်ရှင်၊ ဗီဒီယိုရိုက်ရတာနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုကွာခြားမှုရှိလဲ။

  ဖြေ- ဇာတ်လမ်းတွဲတွေက ဇာတ်ကိုချုံ့စရာမလိုဘူး။ ဗီဒီယိုကားဆိုရင် တစ်နာရီခွဲအတွင်း ၀င်အောင်ရိုက်ရတာဆိုတော့ ချုံ့ရတယ်။ ဒီဇာတ်လမ်းတွဲဆိုရင် ဇာတ်အိမ်ကလည်း နဂိုကတည်းကကြီးတယ်။ တော်ရုံတန်ရုံအပြောနဲ့ ပြမယ့်နေရာမျိုးမှာ အရုပ်နဲ့ပြနိုင်တယ်။ အဲဒီလိုမျိုး သေသေချာချာလေး အချိန်ရပြီး ရိုက်ကူးခွင့်ရတယ်။

မေး- မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများလာပေမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေကို ပရိသတ်အားပေးမှုများနေတာက ဘာကြောင့်လို့ ထင်ပါသလဲ။ အခုရိုက်တဲ့ ဇာတ်လမ်းတွဲအပေါ်မှာကော ဘာတွေမျှော်လင့်ထားလဲ။

  ဖြေ- အဲဒါက အချက်အများကြီးရှိတယ်။ ဆင်ဆာအပြောင်းအလဲကအစ၊ ငွေကြေးဖြုန်းတီးနိုင်မှုအင်အားကလည်း မတူဘူး။ သူများနိုင်ငံမှာရှိတဲ့ ဇာတ်လမ်းတွဲဆိုတာက သူတို့တစ်နိုင်ငံတည်း ပြတာမဟုတ်ဘူး။ World Wide ကြီး မဟုတ်ရင်တောင်မှ နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းစားနိုင်တယ်။ ဥပမာ ကိုရီးယားဆို မြန်မာပြည်ကို ရောက်နေပြီ။ ဒါလည်း တခြားတိုင်းပြည်ကို ရောင်းတာပဲလေ။ အစ်မတို့ဆီမှာကျတော့ ပြည်တွင်းဈေးကွက်တောင်မရှိတာ။ အဲဒါကို တည်ဆောက်နေရတာကြောင့် ဈေးကွက်မှာလည်း ယှဉ်လို့မရဘူး။ ဈေးကွက်ကျဉ်းတဲ့အတွက်ကြောင့် ပြန်ရှာလို့ရမယ့် ပိုက်ဆံကလည်း နည်းတယ်။ အဲဒီအတွက် အရင်းကို သူတို့လို အများကြီး ဖြုန်းလို့မရဘူး။ ကိုယ်ပြန်ရမယ့် ၀င်ငွေနဲ့မျှအောင် ရင်းရတာဖြစ်တဲ့အတွက် အရင်းလည်း မတူဘူး။ အမြတ်လည်းမတူဘူး။ အရာရာမတူဘူး။ နောက်တစ်ခုက တည်းဖြတ်တဲ့အပိုင်းမှာဆိုရင်လည်း တချို့ကားတွေမှာ ကြော်ငြာဝင်တယ်ပြီးပြန်စရင် ပြီးပြီးသားအခန်းတွေ တော်တော်များများကို ပြန်ပြနေတော့ ဇာတ်လမ်းတွဲကြည့်ရတဲ့ အချိန်နည်းနည်းမှာမှ Repeat တွေများပြီး ကြည့်ရတဲ့သူ စိတ်မရှည်ဘူး။ အစ်မကိုယ်တိုင်တောင် စိတ်မရှည်ဘူး။ အဲဒါမျိုး မဖြစ်စေချင်ဘူး။ အားနည်းချက်တွေကတော့ အများကြီးရှိပါတယ်။ ဒါကလည်း အစ်မတစ်ယောက်တည်း အမြင်ပါ။ ဒီဇာတ်လမ်းတွဲက မြန်မာပရိသတ်ကြိုက်မယ့် ဇာတ်လမ်းပုံစံပါပဲ။ တချို့ဇာတ်ကားတွေလိုမျိုး ကြော်ငြာဝင်တဲ့အချိန်တွေမှာ Repeat တွေ မပါအောင် တည်းဖြတ်ရင်တော့ ပရိသတ်အတွက် သွက်သွက်လက်လက်နဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားဖြစ်မှာပါ။

  မေး- ဂီတဘက်မှာလည်း တစ်ကိုယ်တော်ခွေအသစ်တွေ လုပ်နေတယ်ဆိုတော့ အဲဒီအခွေအကြောင်း ပြောပြပေးပါဦး။ ဒီအခွေကို ပရိသတ်လက်ထဲ ဘယ်တော့လောက်ထည့်ပေးမလဲ။

  ဖြေ- တစ်ကိုယ်တော်ခွေကလုပ်ဖို့ ရည်ရွယ်နေတုန်းပဲရှိသေးတယ်။ လုပ်ပြီးသားသီချင်းတွေကို ပြန်နားထောင်ကြည့်တော့ မကြိုက်ဘူး။ အခု မေလထဲ ခရီးထွက်မယ်။ ပြန်လာမှ အစအဆုံးပြန်လုပ်မယ်။ ဒီတစ်ခါတော့ လင်းလင်းကဦးစီးပြီး လုပ်ပေးလိမ့်မယ်။ သီချင်းတွေလည်း ပြန်ရေးရမှာဆိုတော့ အဆင်သင့်ပြန်ဆိုဖို့ဆိုရင် ဒီနှစ်ထဲမှာတော့ အဆင်ပြေမှာမဟုတ်ဘူး။ နောက်ပြီး အစ်မက သြဂုတ်လလောက်မှ မြန်မာပြည်ပြန်ရောက်မှာဆိုတော့ နောက်နှစ်လောက်မှပဲ ထွက်ဖို့သေချာလိမ့်မယ်။

  မေး- မေလထဲမှာ အမေရိကားဖျော်ဖြေရေးခရီးသွားဖို့ရှိတော့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

  ဖြေ- အဲဒီပွဲအတွက်ကတော့ ရှိုးမှာဝတ်မယ့် အင်္ကျီပြင်ဆင်ရတာပါပဲ။ ကျန်တဲ့အပိုင်းအနေနဲ့က တီးဝိုင်းဆိုရင်လည်း Plus Three ဆိုတော့ အတီးတောင် အထူးတလည် တိုက်စရာမလိုတဲ့ တီးဝိုင်းပါ။ မြန်မာနိုင်ငံကနေ မေလ ၁၃ ရက် ထွက်မယ်။ နှစ်လလောက်ကြာမယ်။ ဒီကို ဇူလိုင် ၁၅ ရက် လောက် ပြန်ရောက်မယ်။

  မေး- နိုင်ငံရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမှာ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ကူညီဆောင်ရွက်မှုတွေရှိတော့ တကယ်လို့ အနုပညာအလုပ်တွေ နားလိုက်တဲ့အချိန်ကျရင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ရည်ရွယ်ထားတာရှိလား။

  ဖြေ- ရည်ရွယ်ထားတာမရှိဘူး။ ခုတောင် အနုပညာအလုပ်က နားတယ်လို့ ပြောလို့ရတယ်။ စိတ်ကြိုက်ဇာတ်ကို တစ်နှစ်နေမှ တစ်ကားလာလာ၊ ၂ နှစ်နေမှ တစ်ကားလာလာ၊ တစ်သက်လုံးမလာလည်း မရိုက်တော့ဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်နေဆဲလို့တောင် ပြောလို့မရတော့ဘူး။ အမ်မတို့အသက်အရွယ်က လှလှပပ ငယ်ငယ်ရွယ်ရွယ် ဇာတ်ရုပ်တွေနဲ့လည်း ရိုက်လို့မရတော့ဘူး။ အဲဒီလို ဇာတ်အိမ်ဖွဲ့တဲ့ ဇာတ်တွေနဲ့လည်း မလိုက်တော့ဘူး။ အသက်အရွယ်အရ ဇာတ်တွေလည်း အရမ်းရှားသွားပြီ။ အဲဒါကို ထပ်ပြီးစိစစ်လက်ခံဖြစ်တော့ ဒီကားပြီးရင် ရိုက်ဖြစ်ချင်မှရိုက်ဖြစ်မှာ။ နိုင်ငံရေးလုပ်မလားဆိုရင် နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ အဓိက အမေစုကို ကြည်ညိုတဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းတာ။ နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း အများကြီးလေ့လာပြင်ဆင်ရဦးမှာဆိုတော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။

  မေး- ဆရာကြီးဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကိုလည်း တက်ရောက်ခဲ့တာဆိုတော့ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဆုံးရှုံးသွားတာက ပြည်သူတွေအတွက် ဘယ်လောက်ထိ နစ်နာမှုတွေရှိတယ်လို့ထင်ပါသလဲ။

  ဖြေ- အများကြီးဆုံးရှုံးတာပါ။ နိုင်ငံရေးလုပ်ကြတဲ့သူတွေတော့ အများကြီးပဲ။ ဘဘလိုလူမျိုးကျတော့ နိုင်ငံတော်အဆင့်ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။

ေ မေး- အစ်မရဲ့မွေးရပ်မြေက ရပ်မိရပ်ဖတွေက ၂၀၁၅ ခုနှစ် မိုးကုတ်အမတ်အဖြစ် ရွေးချယ်ခံဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။ အစ်မရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။

  ဖြေ- အစ်မကိုယ်တိုင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရည်အချင်းတွေလည်းမရှိဘူး။ နောက်တစ်ခုက လက်ရှိမြင်နေရတဲ့ အစ်မတို့နိုင်ငံရဲ့လွှတ်တော်က ပျင်းစရာကောင်းတယ်။ အဲဒါကြောင့် စိတ်မ၀င်စားပါဘူး။
7Day News

လင်မယား ၂ ဦး ပုဆိန်ဖြင့် ခုတ်သတ်ခံရ


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ပလောတား ကျေးရွာအနီး ပြောင်းဖူးခင်း အတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။

အသတ်ခံ ရသူများမှာ ဇုံ-စီ အမှတ်(၃-ဘီ)ရပ်ကွက်မှ အသက် ၄၀ကျော်အရွယ် စောလှဌေးနှင့် နော်ပေါ်မုတို့ဖြစ်ကြပြီး ၎င်းတို့ သည် မိသားစု စားဝတ်နေရေးအတွက် ဒုက္ခသည်စခန်းအပြင်ဖက် ပလောတားကျေးရွာရှိ ပြောင်းဖူးခင်းပိုင်ရှင်တစ်ဦးထံတွင် အလုပ်လုပ်ကိုင်ရင်း လုပ်အားခငွေချေပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပုဆိန်ဖြင့် ခုတ်သတ်ခံရခြင်းဖြစ်ကြောင်း မယ်လဒုက္ခသည် စခန်း လုံခြုံရေးမှူး စောရှီးရှိုက ကေအိုင်စီသို့ ပြောသည်။

“တစ်ရက်အတွက် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၁၅၀နှုန်းနဲ့ သူတို့ အလုပ်သွားလုပ်တာ သုံးလလောက် ကြာလာတဲ့အခါ အခု လို အသတ်ခံရတာပါ။ မနေ့ညက သူတို့ကို လာခုတ်တဲ့အချိန်မှာ သားနဲ့ သမီးနှစ်ဦးလည်း ရှိတယ်။ သူတို့နှစ်ဦး ထွက်ပြေးလွတ် မြောက်သွားပြီး ဒီမနက်မှာ စခန်းကို ပြန်ရောက်တော့ ဖြစ်စဉ်တွေကို ပြန်လာပြောပြတယ်”ဟု စောရှီးရှိုက ပြောဆိုသည်။

ယနေ့ နေ့လည် ၁၂နာရီကျော်၌ အခင်းဖြစ်ပွားသည့်နေရာမှ မယ်လဒုက္ခသည်စခန်းသို့ ပြန်လည်သယ်ဆောင်လာသည့် သေဆုံး သွားသော ဇနီးမောင်နှံ၏ ရုပ်အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ စောစိုးအယ်က “အလောင်းက သူတို့နေထိုင်တဲ့ နေအိမ်မှာပဲ ပြန်လာထားတယ်။ ဘယ်တော့သင်္ဂြိုလ်မလဲ မသိရသေးဘူး။ ကျနော်တို့ သွားကြည့်တော့ ပုဆိန်သွားဒဏ်ရာနဲ့ပါ။ မောင်လှဌေးဆိုရင် မျက်နှာမှာ ရစရာမရှိအောင် ဖြစ်နေပါတယ်။ နော်ပေါ်မုဆိုရင်လည်း ခေါင်းရဲ့ငယ်ထိပ်တည့်တည့်မှာ ဒဏ်ရာ က အကြီးကြီးပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် အသက်မသေဘဲ ပြန်လည်လွတ်မြောက်လာသည့် အသတ်ခံရသူ ဇနီးမောင်နှံ၏ သားသမီးနှစ်ဦးထဲမှ အကြီးဖြစ်သူ အသက် ၁၄နှစ်အရွယ် မိန်ခလေးကို အမှုမှန်ပေါ်ပေါက်ရေးအတွက် မျက်မြင် သက်သေအဖြစ် ထိုင်းရဲအာဏာပိုင်များက ထာ့ ဆောင်ယန်းမြို့နယ်၊ မဲ့တန့်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက တရားခံကို စုံစမ်းလျှက်ရှိ ကြောင်း စောရှီးရှိုက ဆက်ပြောသည်။

လက်ရှိ ဒုက္ခသည်ဦးရေ ၄သောင်းကျော် နေထိုင်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက် ၆၁ကီလိုမီတာ ကွာဝေးသည့် မယ်လဒုက္ခသည်စခန်းတွင် လူသတ်မှု၊ လူသေမှု၊ ယာဉ်တိုက်ခံရမှု စသည့်ရာဇ၀တ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဧပြီ ၁၅ ရက်နေ့ကလည်း ဒုက္ခသည်အမျိုးသားနှစ်ဦး ကားတိုက်ခံရ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

ေ စောခါးစူးညား

ေ ကေအိုင်စီ - KIC News

ပြန်ပေးဆွဲခံရသည့် ကျောင်းသူများကို ရှာဖွေရာတွင် စစ်တပ်မှ အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် ကျေးရွာအား တိုက်ခိုက်


မေ ၈။

ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့မှ ပြန်ပေးဆွဲခဲ့သော ကျောင်းသူ ၂၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် စစ်တပ်မှ ရှာဖွေရာတွင်
အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် နိုင်ဂျီယားကျေးရွာအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည့် ၎င်းတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၁၅၀ သေဆုံးခဲ့ပြီး အချို့သူများမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကို
ခံခဲ့ရသည်။ ၎င်းတိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ဂျီးရီးယားအစိုးရ အနေဖြင့် ဒေသတွင်း အမြစ်တွယ်နေသည့်
အကြမ်းဖက်အဖွဲ့များအား ရှင်းလင်းနိုင်မှု ရှိ၊မရှိ သံသယများ ပေါ်ပေါက်လာစေခဲ့သည်။

ပြန်ပေးဆွဲခံခဲ့ရသော ကျောင်းသူများအား ကယ်ဆယ်ရာတွင် ပါဝင်ကူညီရန် အမေရိကန်၊ ဗြိတိသျှနှင့် တရုတ်တို့မှ ကမ်းလှမ်းလာမှုကို သမ္မတ
ဂွဒ်လက်ဂျိုနသန်မှ လက်ခံပြီးနောက်တွင် ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ နိုင်ဂျီးရီးယား ကျောင်းသူများ ပြန်ပေးဆွဲခံခဲ့ရမှုကို ကူညီရန်အတွက်သာ စိတ်ပါဝင်စားခဲ့သော်လည်း ယခုတိုက်ခိုက်မှုကြောင့် အစိုးရနှင့်
ဘိုကိုဟာရမ်အဖွဲ့၏ တိုက်ခိုက်မှုများ အပေါ်တွင် မည်ကဲ့သို့ သဘောထားရှိလာမည်ကို မသိရှိရသေးပေ။

ကျေးရွာအတွင်း အခြေစိုက်နေသည့် စစ်တပ်အဖွဲ့များမှ Chad နိုင်ငံအနီး နယ်ခြားမျဉ်းတွင် ဘိုကိုဟာရမ်အဖွဲ့မှ ပြန်ပေးဆွဲသွားသည့် ကျောင်းသူ
များအား တွေ့ရှိခဲ့ရသည့် သတင်းကြောင့် လိုက်လံရှာဖွေခဲ့သော အချိန်တွင် ရွာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်
၎င်းသတင်းမှ သတင်းအမှားဖြစ်ကြောင်း သိရှိခဲ့ရသည်။

အသေအချာ ပြင်ဆင်ထားသော တိုက်ခိုက်မှုကို ဒေသစံတော်ချိန် နေ့ခင်း ၁ နာရီ ၃၀ မိနစ် တနင်္လာနေ့တွင် ဂမ်ဘိုရူနာလာအနီး စည်ကားနေသော
ဈေးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်သွေးကြွများသည် စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး သံချပ်ကာ ကားသုံးစီးဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်သည် အကြီး
မြတ်ဆုံးဟု အော်ဟစ်ခဲ့ကြပြီး ဈေးအတွင်းသို့ ပစ်ခတ်မှု စတင်ခဲ့သည်။ လက်ပစ်ဗုံးများ၊ ရော့ကတ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့်
ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အချို့သော ဈေးဝယ်သူများ အနေဖြင့် ဈေးဆိုင်များအတွင်းသို့ အကာအကွယ်ရရန် ပြေးလွှားခိုလှုံခဲ့ကြသော်လည်း သေနတ်သမားများမှ ဈေးဆိုင်များကို
မီးတင်ရှို့ခဲ့ကြပြီး အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ကြသည်။

ကျေးရွာအတွင်း ကျန်ရှိနေခဲ့သော စစ်သားအနည်းငယ်မှာလည်း တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဘဲ ထွက်ပြေးခဲ့ကြရသည်။ လူအများ အပြားမှာ နယ်စပ်
ဖြတ်ကျော်ပြီး ကင်မရွန်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြရကြောင်း သိရှိရသည်။

၎င်းတို့၏ ၁၂ နာရီကြာ တိုက်ခိုက်မှုတွင် ဒေသ ရဲစခန်းအားလည်း တိုက်ခိုက်ခဲ့ကြရာ ပြန်လည်ခုခံမှုများ ကြုံတွေ့ခဲ့ပြီးနောက်တွင် အဆောက်အဦးကို
ဖောက်ခွဲခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးမှာ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောကြားခဲ့သည်။

နောက်ဆုံးရရှိသော စာရင်းဇယားများအရ သေဆုံးသူစာရင်းမှာ ၃၀၀ နီးပါးရှိကြောင်း နိုင်ဂျီးရီးယား လွှတ်တော်အမတ် အာမက်ဇန်နာမှ ပြောကြားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့၏ အချို့သော အဖွဲ့ဝင်များမျ အယ်လ်ကေဒါ၏ လေ့ကျင့်ပေးခံထားရသော သူများဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ချို့မှ
ပြောဆိုထားသည်။

Ref: CNN
The Myanma Age 

ဘရာဇီးလ်ဘောလုံးအသင်း၏ (၂၃)ဦး လက်ရွေးစင်စာရင်း ထုတ်ပြန်


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံတာဝန်ယူမည့် ဘရာဇီးလ် အသင်းသည် ၎င်းတို့၏ (၂၃)ဦး လက်ရွေးစင် အသင်းကို ကြေညာလိုက်ပြီ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိဖူးသည့် ကွင်းလယ်ကစားသမား ရီကာဒိုကာကာသည် ဘရာဇီးလ် လူစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့သလို ၎င်း၏ အေစီမီလန် အသင်းဖော် ရော်ဘင်ဟိုသည်လည်း နည်းပြကြီး လူးဝစ်ဖိလစ် စကိုလာရီ၏ လူစာရင်းမှ ချန်လှပ်ခြင်း ခံခဲ့ရသည်။ PSGအသင်းမှ လူးကက်စ်မော်ရာသည်လည်း ပွဲထွက်နေရာ ပျောက်ဆုံးမှုများ၏ အကျိုးဆက်အဖြစ် ကမ္ဘာ့ဖလား ကစားခွင့်နှင့် လွဲချော်သွားပြီ ဖြစ်သည်။

စကိုလာရီသည် အင်္ဂလန် ပရီးမီးယားလိဂ်မှ ကစားသမား (၆)ဦးထိ ခေါ်ယူခဲ့သော်လည်း လီဗာပူးလ် ကွင်းလယ်အတွဲဖြစ်သည့် လူးကက်စ်လီဗာနှင့် ဖိလစ်ပီ ကော်တင်ဟိုတို့ကိုမူ မျက်ကွယ်ပြုသွားခဲ့သည်။ (၂၀၀၂)ခုနှစ်က ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလား အောင်ပွဲကို ရယူပေးဖူးသည့် စကိုလာရီသည် ၎င်းတာဝန်ယူ ကိုင်တွယ်ဖူးသည့် ချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား အော်စကာကို အငြင်းပွားဖွယ် အခြေအနေတွင် ခေါ်ယူသွားခဲ့သည်။ လက်ရှိ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို ကိုယ်တိုင်က အော်စကာသည် ဒီဇင်ဘာလထိ အကောင်းဆုံး ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင်မူ စွမ်းဆောင်ရည် နိမ့်ပါးသွားကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားခဲ့သည်။

စကိုလာရီကမူ အော်စကာကို ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ပြီး “ကျွန်တော်ကတော့ ဘာမှ မစိုးရိမ်ပါဘူး။ အော်စကာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် ကာယကြံ့ခိုင်မှုပိုင်း အခက်အခဲတချို့ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့ ကစားသမား တစ်ယောက်ချင်းစီအတွက် ကြံ့ခိုင်မှုပိုင်း စံနှုန်းတွေ သတ်မှတ်စမ်းသပ်ပြီး ဖြစ်ပါတယ်။ ပေါ်လင်ဟို၊ အော်စကာ၊ မာဆယ်လို ဘယ်သူ့အတွက်ဖြစ်ဖြစ် ကြံ့ခိုင်မှုပိုင်းအတွက် ကျွန်တော်လုံးဝ မစိုးရိမ်ပါဘူး”ဟု ရှင်းလင်းသွားခဲ့သည်။ စကိုလာရီသည် ဝါရင့် ညာနောက်ခံ ကစားသမားကြီး ဒေါက်ဂလက်စ်မိုင်ကွန်၊ PSGမှာ မက်စ်ဝဲလ်တို့ကို ခေါ်ယူခဲ့သော်လည်း အက်သလက်တီကို မက်ဒရစ်နှင့်အတူ ယခုရာသီ အထူးတလည် ခြေစွမ်းပြနေသည့် ဂျိုအို မီရန်ဒါ၊ ဖိလစ်ပီလူးဝစ်တို့ကို ချန်လှပ်သွားခဲ့သည်။ (၄-၂-၃-၁) ပုံစံကို ခင်းကျင်းဖွယ်ရှိသည့် ဘရာဇီးလ် အသင်း၏ (၂၃)ဦး လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုး - ဂျူလီယိုဆီဇာ (တိုရွန်တို)၊ ဂျက်ဖာဆန် (ဘိုတာဖိုဂို)၊ ဗစ်တာ (အက်သလက်တီကိုမီနဲရိုး)
နောက် - ဒန်နီအဲလ်ဗက်စ် (ဘာစီလိုနာ)၊ ဒေါက်ဂလက်စ်မိုင်ကွန် (ရိုးမား)၊ ဒေးဗစ်လုဇ် (ချယ်လ်ဆီး)၊ သီယာဂိုဆေးလ်ဗား (PSG)၊ ဒန်တီ (ဘိုင်ယန်မြူးနစ်)၊ မာဆယ်လို (ရီးယဲလ်မက်ဒရစ်)၊ ဟင်ရီကေး (နာပိုလီ)၊ မက်စ်ဝဲလ် (PSG)
လယ် - အော်စကာ (ချယ်လ်ဆီး)၊ ပေါ်လင်ဟို (တော့တင်ဟမ်ဟော့စပါး)၊ ဖာနန်ဒင်ဟို (မန်ချက်စတာစီးတီး)၊ ရာမီရက်စ် (ချယ်လ်ဆီး)၊ လူးဝစ်ဂူစတာဗို (ဝုလ်ဖ်ဘာ့ဂ်)၊ ဟာနန်နက်စ် (အင်တာမီလန်)
ရှေ့ - ဘားနတ် (ရှက်တာဒိုးနက်ခ်စ်)၊ နေမာ (ဘာစီလိုနာ)၊ ဖရက်ဒ် (ဖလူမီးနိစ်)၊ ဟော့ခ် (ဇင်းနစ်စိန့်ပီတာစဘာ့ဂ်)၊ ဂျို (အက်သလက်တီကိုမီနဲရိုး)

Planet Myanmar Network

သက်ရက်သီးခူးရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ မေ ၈

၇.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သဃ်န်းကျွန်းစံပြဆေးရုံသို့ အမျိုးသား
တစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိလာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုကျော်ဦး၊ (၁၉)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူဖြစ်ပြီး ရင်ဘတ်၌ (၅)လက်မ
ခန့် ဒေါင်လိုက်အနီစင်းဒဏ်ရာ၊ ၀ဲတံတောင်ပွန်းခြစ်ဒဏ်ရာများ
ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၆.၅.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်က ၎င်းအလုပ်လုပ်ကိုင်သော ဒဂုံတောင်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ စတီးအမိုးကိုင်းလုပ်ငန်းဆိုင်နှင့်ကပ်လျက်ခြံဝင်းအတွင်းရှိ
သရက်ပင်မှ သရက်သီးများကို အရှည်ပေ(၂၀)ခန့်ရှိ သုံးမတ်လုံး
သံပိုက်၌ သံချိတ်တပ်၍ခူးယူစဉ် လမ်းဘေးရှိဓါတ်တိုင်၌ သွယ်တန်း
ထားသော လျှပ်စစ်မီးကြိုးအားချိတ်မိကာ ဓါတ်လိုက်သေဆုံးခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၂၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်း
စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး


ခင်ဦး ၊ မေ(၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။
မိုးကြိုးထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ပန်ချီကားနှစ်ချပ် မန်း အင်အယ်လ်ဒီမှ လေလံတင်ရောင်းချမည်




လေလံတင်ရောင်းချမည့် ပန်းချီဆရာ ကိုအောင်မင်း ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတုံပန်းချီကား။ (ဓာတ်ပုံ- မျိုးသန့်)

မျိုးသန့်

၂၀၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်၌ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ အခရိုင်းလစ် ( acrylic) ပန်ချီကားနှစ်ချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မန္တလေးတိုင်းမှ လေလံတင် ရောင်းချမည်ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုက မေ ၈ရက်က မဇ္ဈိမကို ပြောသည်။

“တိုင်းဒီမိုရေစီအဖွဲ့ချုပ်ရန်ပုံငွေနဲ့ ဗဟိုရန်ပုံငွေအတွက် အသုံးပြုနိုင်အောင် ၁၃၇၅-၁၃၇၆ခုနှစ် မဟာ သင်္ကြန်ပွဲတော်မှာ ပထမဆုံးနဲ့ကြီးမားစွာ ခွပ်ဒေါင်းကြယ်ဖြူ အလှပြယာဉ်ထွက်ရှိခဲ့ပါတယ်။ အဲဒီမှာ ပြသခဲ့တဲ့ ပန်ချီကားနှစ်ချပ်ကို ရောင်းချတာဖြစ်ပါတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ခွင့်ပြုချက်လည်းရရှိပြီးပါပြီး၊
ဝယ်ယူသူကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ထားတဲ့ ပန်းချီကားကို ရောင်းချပေးမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။

ရောင်းချမည့်ပန်ချီကားမှာ သုံးပေ၊ လေးပေ ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ပန်ချီဆရာကိုအောင်မင်းက ရေးဆွဲ ထားခြင်းဖြစ်သည်။ ရောင်းချရန်ရန်အတွက် မေ ၇ ရက်
ညနေလေးနာရီမှ စတင်ကာ ၀ယ်ယူလို သူများအနေဖြင့် တိုင်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး မေ၁၈ရက် မတိုင်မီ ရောင်းချပေးမည်ဖြစ်သည်။

“ လေလံတင်ရောင်းချမှာဖြစ်ပေမယ့်၊ ကြမ်းခင်းဈေးကိုတော့သတ်မှတ်မထားပါဘူး၊ ဒါပေမယ့် ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့သူ တစ်ယောက်ရဲ့ ပန်ချီကားဖြစ်သည်နှင့် အညီ မဖြစ်နိုင်တဲ့ဈေးနှုန်းမျိုးကိုတော့ မပေးစေလိုပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းသတ်မှတ်တဲ့ သဘောလိုမဟုတ်ဘဲ ပန်ချီကား တစ်ချပ်ကို ကျပ်သိန်းငါးဆယ်
ဝန်းကျင်လောက်တော့ဖြစ်စေချင်ပါတယ် ” ဟု အတွင်းရေးမှူးကဆိုသည်။

ထို့အပြင် ပန်ချီကားရောင်းချခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ရောင်းချခြင်းကဲ့သို့သော ထင်မြင်ယူဆချက်များကို မထားစေလိုကြောင်း၊ ရောင်းချရခြင်းမှာ အဖွဲ့ချုပ်ရန်ပုံငွေ၊ တိုင်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရေးအတွက်သာ အဓိကထားရောင်းချရန်စီစဉ်ခြင်းဖြစ်သည်။ ပန်းချီကားရောင်းချခြင်းနှင့် ပက်သက်ကာ မေ ၁၂ရက်နေ့တွင်
တိုင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ဆာင်သွားမည်ဖြစ်သည်။

ပန်ချီကားရောင်းချခြင်းအပြင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းအတွင်း လူထုစည်းရုံးရေးများ၊ ပါတီတွင်း စည်းရုံးရေးများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

Mizzima Burmese

ငလျင်အပြီး မြေပြင်တုန်ခါမှုများ အများအပြားရှိဟု ထိုင်းငလျင်ဗျူရိုပြော


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ငလျင်အပြီး မြေပြင် တုန်ခါမှုတွေ အများအပြားကို ထောက်လှမ်းမိထားတယ်လို့ ထိုင်းငလျင်ဗျူရိုက ပြောပါတယ်။

မေ ၅ ရက်နေ့ ညနေပိုင်းက ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်အပြီး ခုလို ဖြစ်တာလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒီ ငလျင်ဟာ ထိုင်းနိုင်ငံမှာ နှစ် ၆၀ အတွင်း အပြင်းထန်ဆုံးငလျင်လို့လည်း ထိုင်းငလျင် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဒီငလျင် လှုပ်ခတ်မှုကြောင့် လူ ၁ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရပါတယ်။ မေ ၇ ရက်နေ့ မနက် ၅ နာရီလောက်က ပြင်းအား ရစ်ချက်တာစကေး ၄ အထက်မှာ ရှိတဲ့ မြေပြင် တုန်ခါမှု ၃၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

လူအယောက် ၁ ထောင်လောက်နေတဲ့ မဲ့စလွေမြို့ထဲက ရွာပေါင်း ၁၃ ရွာကတော့ အဆိုးရွားဆုံး ပျက်စီးခဲ့ပြီး ဒေသခံတွေအတွက် အစားအစာနဲ့ ဆေးဝါး ကမ်းလှမ်းဖို့ ဒေသတွင်း ကျောင်းတကျောင်းရဲ့ ကလေးကစားကွင်းထဲမှာ ကယ်ဆယ်ရေးဌာန ဖွင့်ပေးထားပါတယ်။

ဌာနတွင်း ယာယီဆေးခန်းရှေ့မှာတော့ ရွာသားတွေ ကုသမှု ခံယူဖို့ တန်းစီ စောင့်နေကြပါတယ်။ လူနာအယောက် ၆၀ လောက်ထဲက တချို့က ငလျင်အပြီး စိတ်ပိုင်းသက်သာမှုတွေ ပေးဖို့ လိုနေတယ်လို့ ထိုင်းစစ်တပ် ဆေးတပ်ဖွဲ့ရဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။

ငလျင်ကြောင့် ဆက်သွယ်ရေးနဲ့ လမ်းပန်းအခြေအနေက ပြတ်တောက်မသွားဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နေလို့ အစားအစာနဲ့ သောက်ရေ ပြတ်လပ်မှုလည်း မရှိခဲ့ပါဘူး။

DVB Burmese 

အမှိုက်ကင်းစင်ရေး နာရေးကူညီမှုအသင်း လုပ်ဆောင်မည်

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ ဟောပြောပွဲ (ဓာတ်ပုံ - ကိုကျော်သူ)

ရန်ကုန်မြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အမှိုက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံက အလိုအပ်ဆုံးသူတွေအတွက် လူမှုအကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့မှာ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တာတွေ၊ အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ တွေကြောင့် နာရေး ကူညီမှုအသင်းအနေနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်အောင် ဦးဆောင်ပြီး လုပ်မယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ အမှိုက်ကောက်တာထက် လူတွေကို အမှိုက်ကို စနစ်တကျ စွန့်ပစ်တက်အောင်လို့ ဦးဆောင်ပြီးတော့ပေါ့နော်။ ကျမတို့ ကောက်ရင် လူတွေက နည်းနည်းရှက်လာပြီးတော့ သူတို့ပါ ပါဝင်လာပြီး ကောက်တတ်လာမယ်။ နောက်ထပ် ပစ်ဖို့ အားနာလာမယ်ဆိုတဲ့ အခြေအနေမျိုးကို သွားချင်တာလေ။ ပထမဆုံးက ကျမတို့ ဒီအတိုင်းလျှောက်ကောက်တာထက် သူတို့ကို ပညာပေးဖို့ ဟောပြောပွဲလေးတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။”

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အသင်းရုံးအခြေစိုက်ရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ အမှိုက်စနစ်တကျ စွန့်ပစ်မှုတွေကို ပထမဆုံး စံပြအဖြစ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသင်းအနေနဲ့ ပညာပေးအနေနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ကျရင် အသင်းသူ အသင်းသားတွေနဲ့ သူတို့မိသားစုတွေကို ပညာပေးမှာဖြစ်ပြီး ၁၅ ရက်နေ့ ကျရင်တော့ ရပ်ကွက်က လူတွေကိုခေါ်ပြီး ဟောပြောပွဲလုပ်ဆောင်မယ်လို့ ပြောပါတယ်။

အမှိုက်နဲ့ ပတ်သက်ရင် အများက စည်ပင်အလုပ်လို့ သတ်မှတ်ကြပေမယ့် စည်ပင်သာယာ ရေးဌာနအနေနဲ့ အမှိုက်သိမ်းဖို့ဖြစ်ပြီး စနစ်တကျ အမှိုက်စွန့်ဖို့ကတော့ ပြည်သူရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

“အဲဒီလိုပဲ ထင်ခဲ့ကြတာပဲနော်။ စည်ပင်ရဲ့အလုပ် ကိုယ်နဲ့မဆိုင်ဘူးပေါ့နော်။ စည်ပင် အလုပ်ကတော့ တကယ့်တကယ် အမှိုက်ကို သိမ်းရမယ်။ အမှိုက်ကို စနစ်တကျ စွန့်ပေးရမယ်။ ဒါပေမယ့် အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ။ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တာ တွေက ပြည်သူလူထုတာဝန် ဖြစ်သွားပြီ။ ပြည်သူလူထုက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရမယ်။ အဲဒီလို စနစ်တကျစွန့်ပစ်တတ်အောင်လို့ ကျမတို့က လေ့ကျင့်ပေးချင်တာပါ။”

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နာရေးကူညီမှုအသင်းအနေနဲ့ အမှိုက်ကောက်ဖို့ လုပ်ဆောင်ခဲ့ရာမှာ စည်ပင်သာယာရေး အဖွဲ့ကနေပြီး ခွင့်ပြုချက်မရရှိခဲ့ပါဘူး။

ဒီနှစ်တော့ မြို့နယ်က စည်ပင်သာယာရေးအဖွဲ့နဲ့ ဆွေးနွေးထားပြီး သူတို့အဖွဲ့အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟောပြောပွဲအတွက်တော့ ခွင့်ပြုချက် တောင်းခံထားပြီး အခုချိန်ထိ တစုံတရာ အဖြေမရသေးဘူးလို့ သိရပါတယ်။

DVB Burmese 

ယင်းလပ် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ


အာဏာအလွဲသုံးစားမှုနဲ့ မနေ့ကပဲ ၀န်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ယင်းလပ်ဟာ စပါးဝယ်ယူရေးကိစ္စမှာ တာဝန်လစ်ဟင်းမှုနဲ့ နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ်ရှိပါတယ်။

အစိုးရ စပါးဝယ်ယူရေး အစီအစဉ်မှာ အရှုံးပေါ်မယ်ဆိုတာကို သိလျက်နဲ့ ကြိုတင် မတားဆီးခဲ့ဘူးလို့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လူကြီး ၇ ယောက်လုံးက ကန့်ကွက်သူ မရှိ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

“အပြစ်ကျူးလွန်တယ်ဆိုတာကို ခိုင်လုံတဲ့ သက်သေအထောက်ထားတွေ ရှိပါတယ်၊ အမှုကို အထက်လွှတ်တော်ကို လွှဲပေးသွားမယ်” လို့ ကော်မရှင်မကြီးအကဲ ပန်သပ် ကလန်နာရွန်ဂရန်က ပြောပါတယ်။

အထက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်ဖို့ လွှဲပေးသွားမယ်လို့ ကော်မရှင်ရဲ့ ပြောခွင့်ရသူ ဗစ်ချာ မဟာခွန်က သတင်းထောက်တွေကို ပြောပါတယ်။

ဇန်န၀ါရီလ ၁၆ ရက်နေ့ကတည်းက အမှုကို ကော်မရှင်က စုံစမ်းနေတာဖြစ်ပါတယ်။

အစိုးရချင်း စပါးအရောင်းအ၀ယ်နဲ့ ပတ်သက်လို့ အရင်ကုန်သွယ်ရေးဝန်ကြီး၊ လက်ထောက် ကုန်သွယ်ရေး ၀န်ကြီးတို့ အပါအ၀င် အစိုးရထိပ်တန်း အရာရှိ ၁၅ ယောက်ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

DVB Burmese

တီဗွီရှေ့မှာ အစားစားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကလေးတွေကို ပိုဝစေ


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တီဗွီရှေ့မှာ အစားစားလေ့ရှိရင် မွေးလာတဲ့ကလေးတွေကို အ၀လွန်စေတယ်လို့ သုတေသနသစ်တစ်ရပ်က ဆိုပါတယ်။ အစားစားတုန်း တီဗွီကြည့်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တီဗွီရှေ့မှာ အထိုင်များတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။ ကလေးက အစာဝမှန်းမသိ မ၀မှန်းမသိ သတိမမူမိဘဲ အစာဆက်ကျွေးနေမိတတ်တာကြောင့် ဒါမျိုးမလုပ်သင့်ပါဘူး။ ကလေးတွေ လိုအပ်တဲ့ အစာပမာဏထက် ကျော်တဲ့အခါ ကလေးတွေက အ၀လွန်လာတော့တာပါပဲ။

“ကိုယ်ဝန်ဆောင်တုန်းမှာ မိခင်က ကျန်းမာရေးနဲ့ကိုက်ညီတဲ့ မီဒီယာအလေ့အကျင့်ကို အားပေးလိုက်မယ်ဆိုရင် မွေးကင်းစ ကလေးငယ်ရဲ့ အစာစားချိန်၊ မီဒီယာ ထိတွေ့မှု နဲ့ မီဒီယာကြည့်တဲ့ ရေရှည် အကျင့်တွေကို လျှော့ချပေးနိုင်ပါတယ်။ မိခင်ဖြစ်မယ့်သူက ကိုယ်ဝန်ဆောင်နေတုန်း တီဗွီကြည့်ပြီး အစာစားတဲ့ အကျင့်ကို လျှော့ချပေးခြင်းဟာ မွေးကာစကလေး အ၀လွန် တားဆီးရေး အစီအစဉ်တွေအတွက် သိပ်ကို အရေးပါပါတယ်။” သုတေသနစာတမ်းပြု ခေါင်းဆောင် ဒေါက်တာ Mary Jo Messito ကပြောပါတယ်။

Ref:dailymail.co.uk
Trend Myanmar

တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ


(မန္တလေး-မေ ၈)

မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။

အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ ကြောင်း သိ ရသည်။

ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။ ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ် နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။ ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့ သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက် တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး ဦးအေးမင်းထွန်းက ပြောသည်။

အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက် နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။

ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ် ငန်းရှင် အချို့ က ပြောကြားသည်။

ခက်ဆစ်
Popular Myanmar News Journal 

မြေနီကုန်းမီးပွိုင့် ယာဉ်ကြောထိန်းသိမ်းမှု အကြံပေးပါရစေ (အယ်ဒီတာထံ ပေးစာ)


အယ်ဒီတာခင်ဗျား

ကျွန်တော်က ဟံသာဝတီမှတ်တိုင်အနီးမှာနေပြီး မြို့တော်ခန်းမ အနီးမှာ နေ့စဉ်အလုပ်သွားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ ဟံသာဝတီမှတ်တိုင် ကနေ မြို့တော်ခန်းမအထိ

မှတ်တိုင်ပေါင်း ၉ ခုရှိပြီး ဖြတ်သန်းရတဲ့ မီးပွိုင့်က ၁ဝ ခု ရှိပါတယ်။ အဲဒီ မီးပွိုင့် ၁ဝ ခုထဲမှာ မြေနီကုန်းမီးပွိုင့်နဲ့ အလုံလမ်းမီးပွိုင့်နှစ်ခုက မီးပွိုင့်ဖြတ်ဖို့စောင့်ရတာ အချိန်အကြာဆုံး မီးပွိုင့်နှစ်ခုဖြစ်နေတာ ကို တွေ့ရပါတယ်။ တခြားမီးပွိုင့်တွေက စက္ကန့် ၆ဝ၊ အများဆုံး စက္ကန့်
၉ဝ ပဲ စောင့်ရပေမယ့် အဲဒီမီးပွိုင့်နှစ်ခုကတော့ ယာဉ်ထိန်းက
မီးပွိုင့်ကို မီးခလုတ်နဲ့ထိန်းထားပြီး ဖွင့်ချင်တဲ့ဘက်ကို ကြာကြာဖွင့်ပြီး ပိတ်ချင်တဲ့ဘက်ကို ကြာကြာပိတ်လုပ်နေတာကြောင့် ညဘက် ၇ နာရီကနေ ၈ နာရီကြားမှာဆိုရင် အလုံလမ်းမီးပွိုင့်ကနေ ဟံသာဝတီအဝိုင်းထိ ရောက်ဖို့ မိနစ် ၄ဝ လောက် အချိန်ယူဖြတ်သန်းနေကြရပါတယ်။

ညနေဘက် အိမ်အပြန်ဆိုရင် ကားပေါ်မှာအကြာကြီးစီးရင်း စောင့်ကြရတဲ့ ခရီးသည်တွေမှာလည်း မီးပွိုင့်ကကြာ၊ လူတွေကချွေးတွေထွက်ပြီး စိတ်တွေ တိုကုန်ကြရပါတယ်။

သက်ဆိုင်ရာမီးပွိုင့်တာဝန်ကျများအနေနဲ့ အခုလိုလက်နဲ့ထိန်းပြီး မီးပွိုင့်ကို လွှတ်ပေးနေကြတာဟာ ပိုပြီးယာဉ်ကြောကို ကျပ်တည်းအောင် လုပ်နေ တာလားလို့ ခရီးသည်တွေက လည်းထင်နေကြပါတယ်။ မနက်ခင်း ရုံးတက်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဟံသာဝတီ အဝိုင်းကိုကျော်တာနဲ့ ကားတွေကို မြေနီကုန်းမီးပွိုင့်ကို ရောက်ဖို့အချိန်အကြာကြီး စောင့်ရပါတော့တယ်။ အဲဒီမီးပွိုင့်နားကို ရောက်လာတဲ့ ၁၂၄ ယာဉ်လိုင်း၊ ၁၇၃ ပါရမီ ယာဉ်လိုင်းတွေကလည်း သူတို့ယာဉ်ကြောအတိုင်း မမောင်းတော့ဘဲ
အတင်းဝင်၊ အတင်းထွက်လုပ်နေကြတာကို ယာဉ်ထိန်းများက ဖမ်းဆီးထိန်းသိမ်းခြင်းလုံးဝကိုမရှိဘဲ ကြည့်နေတာကလည်း အံ့သြစရာကောင်းနေပါတယ်။

အဲဒီလောက် စည်းပျက်ကမ်းပျက်ဖြစ်နေတဲ့ ယာဉ်လိုင်းတွေကို အရေးမယူတော့ဘဲ ဒီတိုင်းကြည့်နေကြမှာလားခင်ဗျာ။ မီးပွိုင့်ကိုရော အဲဒီလိုပဲ လုပ်ချင်သလိုလုပ်နေကြတော့မှာလား။ သက်ဆိုင်ရာများ လျှပ်တစ်ပြက်စစ်ဆေးတာပဲဖြစ်ဖြစ်၊ စောင့်ကြည့်စစ်ဆေးတာပဲဖြစ်ဖြစ် လုပ်ကြပါဦးလို့ အယ်ဒီတာကတစ်ဆင့် တင်ပြလိုက်ရပါတယ်ဗျား။

ဟံသာဝတီသား
Popular Myanmar News Journal 

အဆိပ်များနဲ့ဝေးရာ


တွင်းတကာ့တွင်းတွေထဲ အနက်ဆုံးနဲ့ ပြန်တက်ရအခက်ဆုံးတွင်းကတော့ ဆင်းရဲတွင်းပဲထင်ပါရဲ့။ အဲဒီတွင်းကြီးထဲကနေ အပေါ်ပြန်ရောက်ဖို့ မြန်မာပြည်သူတွေ ဘယ်လောက်များ ကြိုးစားရုန်းကန်ရဦးမလဲ။ ဘာတွေများထပ်ပြီး ပေးဆပ်ကြရဦးမလဲ။ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အားမရှိသူတွေကတော့ အဆုံးစီရင်ပြီး အရှုံးပေး လိုက်ကြတယ်။ အရှုံးမပေးနိုင်သူ တွေကတော့ ပြည်တွင်းမှာတစ် မျိုး၊ ပြည်ပမှာတစ်ဖုံ ဒုက္ခရောင်စုံ တွေနဲ့ နပန်းလုံးလို့ကောင်းတုန်း။

အဓိက ပြဿနာက ဆင်းရဲ လို့။ ဆင်းရဲခြင်းနောက်မှာ ကပ်ပါ နေတဲ့ ပြဿနာတွေကလည်းများ မှများ။ အခုပဲကြည့်လေ။ မထိတ် သာမလန့်သာသတင်း။ လှည်းကူး မြို့နယ်ထဲက စက်ရုံတစ်ရုံမှာ  အ လုပ်သမားတွေကို ကျွေးတဲ့ နံနက် စာပဲပြုတ်ထမင်းကြော်ထဲ ဆားနဲ့ ယမ်းစိမ်းမှားထည့်သတဲ့။ ကံ ကောင်းလို့မသေတယ်။ လူ သုံး ဆယ်ကျော်အရေးပေါ်ရောက် ကုန်ရော။ ဆေးဦးသွားလို့ပေါ့။

အရင်လတွေကလည်း အ လှူတချို့မှာ အစာအဆိပ်သင့်တဲ့ သတင်း မကြာခဏတွေ့မိပါ တယ်။ ပူပြင်းတဲ့ရာသီမှာအစား အစာတွေကို တစ်ရက်စောပြီး ချက်ထားတော့ ရာသီကြောင့် ဓာတ်ပြောင်းသွားပြီး အစာအ ဆိပ်သင့်တာ။ နဂိုချက်ထားတုန်း က အကောင်း။ အခုဟာကတော့ ယမ်းစိမ်းကိုစားမိလို့ဖြစ်တဲ့ နိုက် ထရိုက်ပွိုင်စင်။ ဆားပုလင်းနဲ့ ယမ်းစိမ်းရောထားမိလို့ မှားထည့် မိတာဖြစ်မှာ။

အမှတ်တမဲ့ကြည့်ရင်တော့ ဆားနဲ့ ယမ်းစိမ်းအရောင်ချင်း၊ အ ရသာချင်းတခြားစီ။မှားစရာလား။ ဒီလောက်တောင် ပေါ့ဆရသလားလို့ အပြစ်တင်စရာပေါ့။ဒါပေမဲ့ အဲဒီလိုမှားရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေမှ အများကြီးရယ်။ ကျွန်မတို့ မြန်မာအခေါ် ‘မီးဖိုချောင်’ဆိုတဲ့ အစားအသောက်တွေ ခုတ်ထစ် ကြော်လှော် ချက်ပြုတ်တဲ့နေရာတွေကို ၀င်ကြည့်ဖူးပါသလား။ အိမ်တွေရဲ့ မီးဖိုချောင်တွေကတော့ ကိုယ့်မိသား စုအတွက် သီးသန့်မို့ ပထမတန်း စားသန့်ပြန့်မနေတောင် မညစ် ပတ်အောင်တော့ ဂရုစိုက်ကြပါ တယ်။ ကျန်းမာရေးဗဟုသုတရှိ တဲ့အပေါ် မူတည်လို့ပေါ့။

ဒါပေမဲ့ လူအများစာပြင်ဆင် ချက်ပြုတ်ကြတဲ့ ထမင်းဆိုင်၊စား သောက်ဆိုင်၊ အဆောင်၊ဘုန်းကြီး ကျောင်းစသဖြင့် မီးဖိုချောင်ကြီး တွေကတော့ နေရာတိုင်းမဟုတ် တောင် အများအားဖြင့်သန့်ရှင်းမှု အားနည်းတတ်ကြတယ်။ အထူး သဖြင့် ရန်ကုန်မြို့လိုနေရာအ ကျယ်အ၀န်းအခက်အခဲ၊ အမှိုက် စွန့်စရာခက်ခဲတဲ့အရပ်တွေက လူ အများစားဖို့ ချက်ပြုတ်စရာနေရာ တွေဟာ ပိုပြီးညစ်ပတ်လာကြ တယ်။ အရှေ့မျက်နှာစာမှာသာ စားချင်စဖွယ်သပ်သပ်ရပ်ရပ်ပြင် ဆင်ထားပေမယ့် ချက်တဲ့ပြုတ်တဲ့ နေရာတွေဝင်ကြည့်မိလို့ကတော့ စားချင်စိတ်ကုန်သွားလိမ့်မယ်။ အဲဒီ လိုတန်ရာတန်ကြေးပေးစားရတဲ့နေရာမျိုးတွေမှာတောင်သန့်ရှင်းမှုအားနည်းနေရင် အလကား ကျွေးတဲ့နေရာတွေမှာဖြစ်သလို စီ မံကျွေးနေတာရင်လေးစရာပါ။

အခု ဆားနဲ့ ယမ်းစိမ်းမှားစား တဲ့ နေရာက စက်ရုံတစ်ရုံရဲ့ အ လုပ်သမားတွေကို မနက်စာကျွေး တဲ့ အဆောင်။ တကယ်တော့ အ ဆောင်ထမင်းဟင်းဆိုတာ အလုပ် သမားကို အလုပ်သမားက ပြန်ချက်ကျွေးနေကြရတာ။ အစားအစာကို စနစ်တကျစီမံချက်ပြုတ်တဲ့စားဖိုမှူးတွေကို ငှားထားတာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အဲဒီလိုနေစရာပေး။ ထမင်းကျွေးတဲ့ အဆောင်မျိုးရှိတယ်။ တကယ့်ကို မှ ဖြစ်သလို။ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က သူလက်ခံထားတဲ့ အော်ဒါအချိန်မီပြီးရေးအတွက် လိုအပ်တဲ့ အလုပ်သ

မားကိုလိုချင် တဲ့အချိန်ခေါ်ခိုင်းနိုင်ဖို့အဓိက။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံအနှံ့က လူငယ်တွေကိုယ့်ရပ် ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ကြပေမယ့် အ လုပ်ကမရှိ။ ရှိတဲ့အလုပ်က မစား လောက်။ အဲဒီတော့ အလုပ်လုပ် ချင်စိတ်သာရှိ လုပ်စရာပေါတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ် ရပ်က အလုပ်လက်မဲ့တွေတက် လာကြတယ်။ အလုပ်ရှာကြ တယ်။ ဒါပေမဲ့ ရရာအလုပ်ကို ငွေ ရရင်ပြီးရော ၀င်မလုပ်ရဲဘူး။ နေ ရေးထိုင်ရေးကရှိသေးတာ။ ကိုယ် နေရမယ့်နေရာနဲ့အဆင်ပြေမယ့် အလုပ်ကိုရွေးကြရတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အဓိကပြဿနာကိုသိထားတဲ့ အ လုပ်ရှင်တွေက ကိုယ့်စက်ရုံမှာအ လုပ်သမားမလုံလောက်တဲ့ကိစ္စမ ဖြစ်ရအောင် အလုပ်ခေါ်ကတည်း က နေစရာပေးမယ်။ ထမင်းကျွေး  မယ်ဆိုတဲ့ မက်လုံးတွေပေးပြီးခေါ် ကြတယ်။ စက်မှုဇုန်နဲ့ နီးတဲ့ရပ် ကွက်ထဲက မြေနေရာကျယ်ကျယ် မှာ ပျဉ်ထောင်သွပ်မိုးထရံကာအ ဆောင်ကြီးတွေဆောက်ပြီး အ ဆောင်နေချင်တဲ့ နယ်ကအလုပ် သမားတွေကို ပေးနေခိုင်းတယ်။

ထမင်းကျွေးတယ်ဆိုတာက လည်း တကယ့်ကိုထမင်းဝရုံလေး ပါ။ ဖြစ်ဖြစ်မြောက်မြောက်အာ ဟာရမပါ။ အလုပ်သမားတစ် ယောက်ကို ဆန်နဲ့ထမင်းဖိုးမပါ ဟင်းအတွက် တစ်နေ့ငါးရာနှုန်း လောက်ပဲ အကုန်ခံတာ။ စာဖတ် သူတွက်ကြည့်ပေါ့။ လူတစ် ယောက်စာ တစ်နပ်ကိုငွေလေးနှစ် ရာကျော်နဲ့ ဘာဟင်းစားရမှာလဲ။ အသီးအရွက်ပဲစားရတော့မပေါ့။ အလုပ်သမားတွေဘာများ စောဒကတက်ရဲမလဲ။ နေစရာပေး၊ စားစရာကျွေးတာတောင်ကျေးဇူးတင်ရဦးမှာ။ ရွေးချယ်ခွင့်မရှိ။ ဆင်းရဲခြင်းအကြောင်းတရားက ပေးတဲ့ ဒုက္ခတွေ။

အလုပ်သမားတစ်ယောက် ဟာ လုံလောက်တဲ့လုပ်ခလစာ သာရကြည့်။ ဒီလိုဘယ်သူမှမနေ ချင်ဘူး။ ဘယ်သူမဆို အလုပ်က ပြန် ကိုယ့်အိမ်လေးမှာ အေးအေး ချမ်းချမ်းအနားယူ။ အိမ်က ချက် ပေးလိုက်တဲ့ ထမင်းချိုင့်လေးနဲ့ အလုပ်ထဲမှာစား။ အဲဒီလိုသာနေ ချင်ကြတော့မပေါ့။ အခုတော့ အ လုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေ နဲ့အဆပေါင်းများစွာမြင့်တက်နေ တဲ့ နေထိုင်စားသောက်စရိတ်တွေ ကြောင့် အလုပ်ရှင်ထားရာနေ၊ စေရာသွား၊ ပြုသမျှနုနေကြရ တာ။

စားဖိုဆောင်ဝန်ထမ်းဆိုတာ လည်း ဘာထူးလဲ။ကျွမ်းကျင် အဆင့်စားဖိုမှူးတွေမှမဟုတ်ဘဲ။ ထမင်းဟင်းချက်တတ်တယ်။ လူအများစာချက်နိုင်တယ်ဆို ခန့်လိုက်တာပဲ။ စားဖိုဆောင်နဲ့ပတ်သက်လို့ ကျန်းမာရေးဗဟုသုတ ဘာမှမရှိ၊မသိ။ တစ်နေ့တစ်နေ့ရာနဲ့ချီတဲ့ အလုပ်သမားတွေ အချိန်မီစားနိုင်ဖို့ မနက်မီး၊ ညမီး ဆက်ပြီး ချက်ပြုတ်နေကြရတာ။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင်အနိုင်နိုင်။စက်ရုံတာဝန်ရှိသူကလည်း ထိုနည်းလည်းကောင်း။ အဆင်ပြေနေရင်ပြီးရော။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလိုလည်းဖြစ်ရော ပြဿနာတက် ရော။

တော်သေးတာပေါ့။ ဆားနဲ့ ယမ်းစိမ်းမှားလို့။ ဆေးရုံလည်းအ ချိန်မီရောက်လို့။ မဆလာနဲ့ကြွက် သတ်ဆေးမှားထည့်ရင်တော့ ပြီး ပါလေရော။ တကယ်တော့ ဒီကိစ္စဟာ လေးလေးနက်နက်ထားစဉ်း စားရမယ့်ကိစ္စပါ။ အခုနိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူတွေက မြန် မာ့နိုင်ငံရေးအရွေ့ကို သိမ်မယုံ သေးလို့ အုံနဲ့ကျင်းနဲ့ဝင်မလာသေး တာ။ ၂၀၁၅နောက်ပိုင်းစက်မှုဇုန် တွေအပြည့် စက်ရုံတွေလည်ပတ် တော့မယ်ဆိုရင် လုပ်ငန်းလိုအပ် ချက်ပြည့်အောင် ကိုယ့်စက်ရုံမှာ အလုပ်သမားမြဲအောင် မက်လုံး တွေမျိုးစုံသုံးပြီး ခေါ်ကြမှာပဲ။

သက်ဆိုင်ရာမြို့နယ်အလုပ် သမားရုံးက တာဝန်ရှိသူတွေအနေနဲ့ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ အလုပ်ရှင်တွေ မျက်နှာချိုသွေး၊ လာဘ်လာဘပေးတာတွေကို သာ ယာပြီး ပြန်မသွားကြပါနဲ့။ စက်ရုံ ကြီးရဲ့ ဘွိုင်လာတွေ၊ မီးသွယ် တန်းတာတွေ၊ လူမှုဖူလုံရေး၊ အ ချိန်ပိုခိုင်းတဲ့ ကိစ္စတွေသာမကအ လုပ်သမားတွေကို စက်ရုံကစီစဉ် ပေးထားတဲ့နေရာတွေ၊ အစားအ သောက်ကျွေးမွေးတဲ့ ကိစ္စတွေကို ပါ  တကယ့်ကျန်းမာရေးနဲ့ ညီညွတ် ရဲ့လားဆိုတာ တိကျစွာစစ်ဆေး သင့်ပါတယ်။ မညီညွတ်ရင် ချက် ချင်းပြင်ခိုင်းသင့်ပါတယ်။ မလိုက် နာရင် ထိရောက်စွာအရေးယူသင့် ပါတယ်။

အလုပ်ရှင်ဆိုတာကတော့ ကုန်ကျစရိတ်နည်းလေ သူ့အ တွက် အမြတ်ကြမ်းလေးမို့ ငွေပို ကုန်မယ့် ကိစ္စမျိုးတွေလုပ်ချင်မှာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲ အ ဆင်ပြေနေသေးသရွေ့ မှိန်းပြီး လုပ်နေမှာပါ။တကယ်ဖြစ်တော့ အသက်ပေးရမှာ ကိုယ့်လူမျိုးအ လုပ်သမားတွေ။ ကိုယ့်နိုင်ငံသား ကို ကိုယ်ကစပြီးတန်ဖိုးထားပြမှ တိုင်းတစ်ပါးက ရင်းနှီးမြှုပ်နှံသူ တွေကလည်း တန်ဖိုးထားဆက် ဆံမှာပေါ့။

ဆင်းရဲတွင်းက အလွတ်ရုန်း ဖို့ ပြိုင်တူတွန်းကြရမယ့်အချိန်မှာ အသက်အန္တရာယ်အတွက်လည်း သတိရှိကြရပါမယ်။ အခုအဖြစ် အပျက်ကို နမူနာယူလို့ ၀ိုင်းဝန်း ဂရုစိုက်စောင့်ကြည့်ကြမယ်ဆို ရင်တော့ လစာနည်း၊ ဆင်းရဲသား အလုပ်သမားလေးတွေအဆိပ်အ တောက်ကင်းတဲ့ အစားအစာတွေ ကို စိတ်ချလက်ချစားနိုင်လိမ့်မယ် ဆိုတာ ယုံကြည်မိပါတယ်။

ဂျေလှသင်
7day daily

ကွန်တိန်နာသေတ္တာပိမိသဖြင့် အမျိုးသား(၂)ဦးသေဆုံး


ရန်ကုန်၊ မေ ၈

၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာ
သေတ္တာပိမိ၍ သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း
မြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှစ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင်
နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံးတို့တွင် ညိုမဲဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာ
သေတ္တာများ အတင်အချပြုလုပ်သည့် ယန္တယားအား ထွန်းအောင်ရွှေ၊ (၂၇)နှစ်၊ (ဘ)ဦးထွန်းရှင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှ
မောင်းနှင်ပြီး ကွန်တိန်နာသေတ္တာအားချစဉ် ကွန်တိန်နာသေတ္တာများ
ကြား၌အိပ်ပျော်နေသော ၎င်းတို့(၂)ဦးကိုပိမိသဖြင့် သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ ယန္တယားမောင်းသူ ထွန်းအောင်ရွှေအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၂၉၄ /၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မေလ ၉ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်


မေ ၈ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မေ ၉ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အညွှန်းကိန်းတန်ဖိုး ၁၄ အောက်ကို ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုး ၁၃ ဒဿ မ ၂ အထိရှိနိုင်တဲ့ မြို့ကတော့ ကော့သောင်းမြို့ ဖြစ်ပါတယ်။ ကျန်ဒေသတွေကတော့ ၁၀ ကနေ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ကျရောက်နိုင်တာကတော့ လားရှိုးမြို့ ဖြစ်ပါတယ်။ အညွှန်းကိန်း တန်ဖိုးကတော့ ၉ ဒဿ မ ၈ ကျရောက်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ် ကနေ ၃၆ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီစင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်း လောက်သေချာမှု ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကြား မိုးရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာမှ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် လောက် ရှိနိုင်ပါတယ်။ မိုးအနည်းငယ်ရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးအနည်းငယ်ရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

DVB Burmese 

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၅ ဦးကို တရုတ်အစိုးရ ဖမ်းဆီး


တရုတ်အစိုးရဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၅ ယောက်ကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

၁၉၈၉ ခုနှစ် ပီကင်းမြို့ တိန့်အင်မင်ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို နှိပ်ကွပ်ခဲ့မှု သက်သေတွေအတွက် ဆော်သြတဲ့ အားလပ်ရက်အစည်းအဝေးကို တက်ရောက်ခဲ့အပြီး ခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲမှာ တရုတ်ခေါင်းဆောင်တွေက ပိုင်ဆိုင်မှု ကြေညာဖို့ တိုက်တွန်းတဲ့ နိုင်ငံသားသစ် လှုပ်ရှားမှုအုပ်စုထဲက တက်ကြွ လှုပ်ရှားသူတယောက်၊ ထင်ရှားတဲ့ အနုပညာရှင် အိုင်ဝေေ၀နဲ့ လွတ်လပ်စွာပြောဆိုခွင့်က ရှေ့နေ ပုကျိချန်တို့ ပါဝင်ပါတယ်။

အနှောင့်အယှက် ဖြစ်စေမှုနဲ့ စွဲချက်တင် အဖမ်းခံရတာလို့ ရှေ့နေ ၂ ယောက်က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတယောက်က ထုတ်ပြတဲ့ဓာတ်ပုံထဲမှာတော့ ရှေ့နေပုနဲ့ အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ တခြားလူတွေ မေ ၃ ရက်နေ့က အစည်းအဝေးတက်နေပုံကို ရိုက်ကူး ထားပါတယ်။

တရုတ်အစိုးရက တိန့်အင်မင် အရေးအခင်းကို နှိမ်နင်းခဲ့တာ လာမယ့် ဇွန် ၄ရက်နေ့မှာ ၂၅နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး(အိတ်ခ်ျအာရ်ဒဗလျူ)ရဲ့ တရုတ်နိုင်ငံ ဆိုင်ရာ ညွှန်မှူး ဆိုဖီရစ်ချာ့စန်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အစိုးရက သတင်းစကား ပေးလိုက်တာလို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းမှုဟာ ပိုကျယ်ပြန့်တဲ့ အလားအလာကို ကိုယ်စားပြုတယ်လို့လည်း သူက ပြောပါတယ်။

“ဒီအရေးဟာ တိန့်အင်မင်အရေးသက်သက်ထက် ပိုကျယ်ပြန့်တယ်။ တရုတ်အစိုးရသစ် ဟာ နိုင်ငံမူဝါဒတွေကို ဝေဖန်တာ ဒါမှမဟုတ် ပါဝင်ပတ်သက်တာတွေ လုပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကို သည်းခံမှာ မဟုတ်ဘူးဆိုတာ လူ့အဖွဲ့အစည်းကို သတိပေးလိုက်တာပဲ” လို့ ရစ်ချာ့စန်က ပြောပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပီကင်းရဲတွေနဲ့ အချုပ်ခန်းအရာရှိတွေက မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

ဒီကိစ္စကို နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရ ဟွာချွမ်းယဉ်ကို ပီကင်းက ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း မေးမြန်းရာမှာတော့ သံတမန်ရေးကိစ္စမဟုတ်လို့ ဒီမေးခွန်းကို ဖြေပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

တိန့်အင်မင်အရေးတော်ပုံ နှိမ်နင်းမှုကြောင့် သေဆုံးသူစာရင်းကို တရုတ်အစိုးရက တခါမှ မထုတ်ပြန်ခဲ့ဖူးပါဘူး။

ဒါပေမယ့် လူ့အခွင့်အရေး အုပ်စုတွေနဲ့ မျက်မြင်သက်သေတွေကတော့ လူ ရာထောင်ချီပြီး သေဆုံးတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

အခုတော့ တိန့်အင်မင်ရင်ပြင်မှာ ရဲတွေ ထူထူထပ်ထပ် စောင့်ကြပ်နေပြီး အင်မတန် အချိန်တိုတဲ့ ဆန္ဒပြဖို့ ကြိုးစားမှုတွေ ရှိနေဆဲပါ။

DVB Burmese

ဂျွန်နီဒက်ပ်ကို ငယ်စဉ်ကတည်းက စွဲလမ်းလာခဲ့သည့် အမ်ဘာဟတ်ဒ်


အမ်ဘာဟတ်ဒ်သည် ဂျွန်နီဒက်ပ်ကို သူမ၏ ငယ်ဘဝကတည်းက အရူးအမူး စွဲလမ်းနှစ်သက်နေခဲ့ခြင်းဟု သိရှိရသည်။ Drive Angryစတား မင်းသမီးနှင့် အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးက ဂျွန်နီသည် အမ်ဘာ၏

အမေရိကန်တွင် ကူးစက်ဗိုင်းရပ်စ်တမျိုး ၀က်များတွင် ပြန့်ပွား


သေစေနိုင်လောက်တဲ့ ၀က်ကတဆင့် ကူးစက်ပြန့်ပွားတဲ့ ဗိုင်းရပ်စ်တမျိုး အမေရိကန်နိုင်ငံ တလွှား ၀က်မွေးမြူရေးခြံတွေမှာ ကူးစက်နေလို့ လယ်သမားတွေက ဇီဝဘေးကင်းရေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နေကြပါတယ်။

မနှစ်က စပြီး အမေရိကန်နိုင်ငံတွင်း ၀က်ဝမ်းကျရောဂါ ကူးစက်ခံခဲ့ရလို့ ခုချိန်ထိ ၀က်သားပေါက် ၇ သန်း သေဆုံးခဲ့ပြီး အခုတော့ ဒီရောဂါပိုးဟာ ကနေဒါနဲ့ အာရှတိုက် အစိတ်အပိုင်းတွေဆီမှာပါ ပေါ်ပေါက်နေပြီး ဖြစ်ပါတယ်။

“ဒီရောဂါပိုးက လူကို အန္တရာယ်ပေးမှုတော့ မရှိသေးပါဘူး။ ဒီအန္တရာယ်ကြီးတဲ့ ရောဂါအကြောင်း နည်းနည်းပဲ သိသေးတယ်” လို့ ရှူးရှန်းပြည်နယ် နယူးယောက်မြို့က ၀က်ပျံမွေးမြူရေးစခန်းပိုင်ရှင် မိုက်ကယ်ယဲ့ဇီက ပြောပါတယ်။

“အသေးစိတ် အားလုံးမသိကြသေးဘူး။ အလွယ်တကူ ကူးစက်ပြီး ပိုးသတ်ရ ခက်တယ်” လို့ သူက ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ရှင်းပြပါတယ်။

အမေရိကန်ရဲ့ ၀က်သား အကြီးအကျယ်ထုတ်လုပ်တဲ့ ကာရိုလိုင်းနားမြောက်ပိုင်းနဲ့ အိုင်အိုဝါပြည်နယ်တွေအပါအ၀င် နိုင်ငံတလွှား ၀က်ပေါက်တွေ အများကြီး ဆုံးရှုံးတယ်လို့ ဆိုပါတယ်။

မွေးမြူရေးဝက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ သေကုန်လို့ မွေးမြူရေးသမားတွေ အကြီးအကျယ် ဆုံးရှုံးတယ်လို့ ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေး သုတေသနအဖွဲ့ ရာဘိုဘန့်ကတော့ ဒီဗိုင်းရပ်စ်ကြောင့် ဒီနှစ်အတွင်း ၀က်သားထုတ်လုပ်မှု ၇ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဆိုပြီး ယူအက်စ်ဒီအေကတော့ ပီအီဒီဗွီ ဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှု ၂ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ပြောပါတယ်။

ရောဂါထိန်းဖို့ သုတေသနပညာရှင်တွေကတော့ ၀က်စာဘက်ကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ဝက်မွေးမြူရေးသမားတယောက်ကတော့ ပြောင်းနဲ့ ပဲပုပ်စေ့ကို သတ္တူ၊ဓာတ် ဖြည့်စွက်စာတွေနဲ့ ရောကျွေးတယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကတော့ ဒီရောဂါပိုးက ဥရောပကို ကူးစက်လာမှာ စိုးရိမ်ကြောင်း ပြောပါတယ်။

ဥရောပကို တင်သွင်းတဲ့ ၀က်သွေးကို သုံးထားတဲ့ တိရစ္တာန်အစားအစာတွေမှာ ဒီဗိုင်းရပ်စ်ပါ၊ မပါ စစ်ဆေးဖို့ စည်းမျဉ်းအသစ်ကိုလည်း ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။

ဥရောပသမဂ္ဂကို တင်သွင်းလာတဲ့ သွေးနဲ့လုပ်ထားတဲ့ ၀က်စာထုတ်ကုန်တွေကို အပူချိန် ၈၀ ဒီဂရီ စင်တီဂရိတ်နဲ့ ပြုပြင် အပူပေးအပြီး အခန်းတွင်းအပူချိန်မှာ ရက်သတ်တပတ် ၆ပတ် ဆက်ထားဖို့ လိုအပ်ကြောင်း ပညာရှင်ကော်မတီက ပြောပါတယ်။ ဒီနည်းဟာ ဘယ်လို ကိုရိုနာဗိုင်းရပ်စ်ကိုမဆို မထကြွတာ သေချာအောင် လုပ်နိုင်တယ်လို့ ပြောပါတယ်။

ပြင်သစ်အစိုးရကတော့ အစပိုင်းက အမေရိကန်၊ ကနေဒါ၊ မက်ဆီကိုနဲ့ ဂျပန်ကနေ ၀က်နဲ့ ၀က်သားအခြေပြု ထုတ်ကုန်တွေကို တင်သွင်းမှု ပိတ်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဥရောပသမဂ္ဂရဲ့ ကန့်သတ်ချက်အသစ်ကို ကြိုဆိုပြီး ပိတ်ပင်မှုကို မလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ၀က်တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်ပါတယ်။

dvb burmese

ဘင်္ဂါလီလူဦးရေ ၁.၃၃သန်းမှာ ၃သိန်းကျော်ပဲ သန်းခေါင်စာရင်း ထည့်သွင်း


၂ဝဝ၉ခုနှစ် စာရင်းအရ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ လူဦးရေ ၁.၃၃သန်းရှိတဲ့အထဲ သန်းခေါင်စာရင်းမှာတော့ ရခိုင်ပြည်နယ်က ၂သောင်းအပါအဝင် ဘင်္ဂါလီလို့စာရင်းပြသူ ၃သိန်း၂သောင်းလောက်ပဲ ရှိတယ်လို့ ဦးခင်ရီက ပြောပါပြီ။ နာမည်စာရင်းသွင်းဖို့ အငြင်းပွားမှု ကိုယ်တိုင်သွားရှင်းတော့မယ်လို့ သူကဆိုပါတယ်။

ဘင်္ဂါလီ (ဒါမှမဟုတ်) ရိုဟင်ဂျာဆိုတဲ့ အမည်နာမပြဿနာကို ဌာနဆိုင်ရာအဆင့်မှာ ညှိနှိုင်းတာအဆင်မပြေလို့ သူကိုယ်တိုင် အခုသီတင်းပတ်ထဲ ရခိုင်ပြည်နယ်ကိုသွားပြီး ဖြေရှင်းမှာဖြစ်သလို မအောင်မြင်ရင်တော့ မညှိနှိုင်းတော့ ပဲ သန်းခေါင်စာရင်းကို အပြီးသတ်တော့မယ်လို့ ဆိုပါတယ်။

နည်းပညာနှောင့်နှေးလို့ ရခိုင်နဲ့ ကချင်မှာ မေလကုန်အထိ သန်းခေါင်စာရင်းတွေ ဆက်ကောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ နှစ်ခုစလုံး ပြောဖို့ခက်တယ်ဆိုရင် လူမျိုးနေရာ ချန်လှပ်ပေးသွား မှာဖြစ်ပြီး ရိုဟင်ဂျာဆိုတဲ့နာမည်ကိုတော့ လက်မခံဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ မေလ ၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ နိုင်ငံရေးပြဿနာဖြစ်တာကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီးမှ သန်းခေါင်စာရင်း ပြန်ကောက်ဖို့ အကြံပေးအဖွဲ့ ITAB က အကြံပေးထားတယ်လို့ ဆိုပါတယ်။ ၁၉၈၃ခုနှစ် သန်းခေါင်းစာရင်းတုန်းက ကျေးရွာပေါင်း ၁သောင်းကျော်က လူတစ်သန်းကျော်လောက်ကို မကောက်နိုင်ခဲ့ဘဲ ကချင်ပြည်နယ်က ရွာ ၉၇ရွာကလွဲပြီး ကျန် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ကောက်နိုင်ခဲ့တယ်လို့ ဦးခင်ရီက ဆိုပါတယ်။

လူဦးရေ အကြမ်းဖျဉ်းစာရင်းကိုတော့ လာမယ့် သြဂုတ်မှာ ထုတ်ပြန်မှာဖြစ်ပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းအားလုံး ၂ဝ၁၅ မေလမှာ အဆုံးသတ်မယ်လို့ ဆိုပါတယ်။

Kamayut Media

မားစ်ဂြိဟ်ပေါ်မှာ ဂြိုဟ်သားတွေ တစ်ကယ်ရှိတယ်ဆိုတာ ယုံကြည့်သွားစေမယ့် NASA ရဲ့ ဓာတ်ပုံများ

Mars ဂြိုဟ်ပေါ်မှာ ဂြိုဟ်သားတွေ တစ်ကယ်ရှိတဲ့အကြောင့် ရုပ်ရှင်တွေထဲမှာ ဇာတ်လမ်းအမျိုးမျိုးနဲ့ ကြည့်ခဲ့ကြဖူးပါပြီ။ ဒါပေမယ့် မယုံတစ်ဝက် ယုံတစ်ဝက်ပါပဲ။ ဘယ်သူမှလည်း မမြင်ဖူးကြပါဘူး။ ဒါပေမယ့် အမေရိကန် နာဆာအဖွဲ့က ရိုက်လာတဲ့ အောက်ပါ ဓာတ်ပုံတွေကို ကြည့်လိုက်မယ်ဆိုရင်၊ ဂြိုဟ်သားတွေကို မယုံကြည်တဲ့လူတွေက မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်လာကြမှာဖြစ်ပြီးတော့၊ ဇဝေဇဝါ ဖြစ်နေတဲ့လူတွေကတော့ ယုံကြည်သွားကြမှာ ဖြစ်ပါတယ်။

ပုတ်သင်

ကြွက်

ကြွက် ပုတ်သင်

Computer ဖြင့် Zoom ဆွဲပြထားသည့်ပုံ

လှပသော မားစ် လေဒီ

လူမျက်နှာ

အသဲပုံများ

ဂြိဟ်သား ဦးခေါင်း

Myanmar CNN (www.YgnNews.com)

လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်


ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက် ၅ နှစ် ပြည့်၊ မပြည့် တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

မေလ ၇ ရက်နေ့တွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းဖွင့်ရာသီ မတိုင်မီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ကျောင်းအပ် လက်ခံစဉ် အသက်ငါးနှစ် မပြည့်ပါက အသက် တစ်လလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ်ခွင့်ပြုချက်၊ အသက် နှစ်လလိုလျှင် မြို့နယ် ပညာရေးမှူး ခွင့်ပြုချက်နှင့် အသက် သုံးလလိုလျှင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနအထိ ခွင့်ပြုချက် တင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအပ်လက်ခံ စာရင်းများကို ကျောင်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။
“စာသင်ဖို့ အဆင်သင့် ဖြစ်တဲ့ ကလေးကိုပဲ လက်ခံပေးပါ။ အဆင်သင့် မဖြစ်သေးရင် နောက်နှစ်မှ ကျောင်းထားဖို့ မိဘကို နားလည်အောင် ပြောပြပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်း ကျောင်းဝင်ခွင့် အသက်ကို အသက်ငါးနှစ် သတ်မှတ်ထားသော်လည်း အချို့ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမနှင့် မိဘများက နားလည်မှုနှင့် အသက်မပြည့်သော ကလေးငယ်များကို ကျောင်းအပ် လက်ခံလေ့ ရှိသည်။

နိုင်ငံတကာ ကလေးသူငယ် ပညာရှင်များက အသက်မပြည့်မီ ပညာသင်ကြားခြင်းသည် ဉာဏ်ရည် ဖွံ့ဖြိးမှု ခြားနားချက်ကြောင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကို ထိခိုက်စေကြောင်း သုတေသနစာတမ်းများ ဖတ်ကြားလေ့ ရှိသည်။

ပညာရေး ဝန်ကြီးဌာန၏ စနစ်သစ်အရ ကျောင်းအပ်သော ကလေးငယ်၏ အသက် မှန်ကန်ကြောင်း အုပ်ထိန်းသူ၏ သဘောတူလက်မှတ် ကောက်ခံပြီး ယင်းစာရင်းအတိုင်း စစ်ဆေးရေးက စစ်ဆေးကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို မေလ နောက်ဆုံးပတ်တွင် လက်ခံရန် စီစဉ်နေကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly

မော်ဒယ်မြင့်ပြိုင်ကားများ အပါအဝင် ပိတ်ပင်ထားသော ယာဉ်အမျိုးအစားအချို့ ပြန်လည်တင်သွင်းခွင့် ပြုမပြု ဆွေးနွေးနေဟုဆို




တင်သွင်းရန် ပိတ်ပင်ထားသော မော်ဒယ်မြင့်ပြိုင်ကားများပါဝင်သည့် ယာဉ်အမျိုးအစား ၄၅ မျိုးထဲမှ အချို့အား ပြန်လည်တင်သွင်း ခွင့်ပြုမပြုကို ဌာနသုံးခုပေါင်းစပ်၍ စဉ်းစားနေကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးမင်းမင်း က ပြောသည်။

၂ဝ၁၂ ခုနှစ်မှစကာ ပြည်ပမှ မော်တော်ယာဉ်တင်သွင်း ခွင့် ကို ကော်မတီဖွဲ့ဆောင်ရွက်ခဲ့ပြီး ကား အမျိုးအစားမပိတ်ခဲ့မှုကို ၂ဝ၁၄ တွင် ကားအမျိုးအစား အချို့ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ပြန်လည် တင် သွင်း ခွင့်ပေးရန်သင့်၊ မသင့်ကို အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ေ ဆာင်ရေးညွှန်ကြားမှုဦးစီးဌာန တို့နှင့် ကော်မတီက ဆွေးနွေးနေ ကြောင်း ၎င်းက ပြောသည်။ ကြိုတင်ကြေညာမှု မရှိဘဲ ရုတ်တရက် တင်သွင်းခွင့်ပိတ်လိုက်သည့်အတွက် မော်တော်ကားအရောင်း
ကိုယ်စား လှယ်အချို့နှင့် ပြိုင်ကား နှစ်သက်သူတို့အကြား ဂယက်ရိုက်ခဲ့သော ထိုကြေညာချက်ကို ဖြေလျှော့မှုပေးရန်အတွက်
ဟု ၎င်းထံမှ သိရ သည်။

''ကျွန်တော်တို့ အစောကြီးကတည်းက ပြောပြီးသွားပါပြီ။ အကုန်လုံးမပိတ်ပါဘူး။ အချို့သော ယာဉ်အမျိုးအစားတွေ က ပြန်ဖွင့်ပေးဖို့ရှိပါတယ်''ဟု ဦးမင်းမင်းက ဆက် ပြောသည်။ ရန်ကုန်အပါအဝင် မန္တလေးတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် မှုခင်းဖြစ်ရပ်များ အပါအဝင် မလိုလားအပ်သော လူမှုရေးပြဿနာ များရှိလာသည့်အတွက် ကော်မတီက ဆွေးနွေးကာ ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မော်တော်ယာဉ် နည်းပညာအရပ်ရပ်အား လေ့လာနေသူ ဦးသက်ဝင်းက ''အခုပိတ်လိုက်တာက မော်ဒယ်မြင့်ကားတွေပါပဲ။ ဒေသန္တရအမိန့်နဲ့ ပိတ်စေဆိုပြီး ပိတ်လိုက် တာပေါ့။ ဟုတ်ပြီ ရှိစေတော့။ ဒါဆို နဂိုကတင်သွင်းထားပြီးတဲ့ ကားတွေကိုရော စည်းကမ်းမဲ့စေဆိုကာ လွှတ်ထားမှာလား''ဟု ထောက်ပြသည်။ တင်သွင်းမှုကို ပိတ်ခြင်းအစား စည်းကမ်းကိုသာထိန်းချုပ်ရမည်ဖြစ်သော်လည်း တာဝန်ရှိသူတို့ မနိုင်ပုံရ၍ ပိတ်ခြင်းလားဟု ၎င်းကပင် ဆက်ပြောသည်။

ရန်ကုန်မြို့လမ်းမတော်နေ အသက် ၂၅ နှစ်ကျော်အရွယ် ပြိုင်ကားမောင်းနှင် သူတစ်ဦးက ''ပြိုင်ကားစီးတိုင်း ပြဿနာရှာနေတယ်လို့ မသတ်မှတ်ပါနဲ့ ဗျာ''ဟု ပြောသည်။ကော်မတီမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်း ၏ ပြောကြားမှုအရ ယာယီသဘောဖြင့် ပိတ်ပင်မှု ၄၅ မျိုး တွင် ပြိုင်ကားအပါအဝင် ပြိုင်ကားနှင့် အမျိုးအစားတူသော ယာဉ်များပါပါဝင်သည်ဟု ထပ်မံ သိရသည်။

PN-051
Popular Myanmar News Journal

အမှတ်မှားကြတဲ့ သိပ္ပံပညာ




Written by - ဒေါက်တာခင်မောင်ညို

“ဓာတုဗေဒနဲ့ ပတ်သက်လို့သာ ပြောရတာပါ။ ကျွန်တော် မပြောချင်ဘူး ဆရာညိုရေ”

ကိုဘသစ်ထံ ကျွန်တော်ရောက်တော့ သူက ညည်းတွားနေတာကို တွေ့ရတယ်။

“ဘာများပါလဲ”

“သိပ္ပံပညာကို ကျွန်တော်တို့က သစ္စာရှိကြရတယ်။ မှားလို့မရတာတွေ အများကြီးရှိတယ်”

“ဒါပေါ့။ ပညာရပ်ကို သစ္စာဖောက်လို့ မရဘူး။ ၀ိဇ္ဇာဘာသာရပ်မှာတော့ တို့တစ်တွေ့ အငြင်းပွားလို့ ရပေမယ့် သိပ္ပံဘာသာရပ်မှာတော့ မှားလို့မရဘူး။ ဓာတ်လိုက်ရင် ၀န်ကြီးလည်းသေ၊ သမ္မတလည်းသေ။ သူတောင်းစားလည်း သေတာပဲ။ ဒါပေမဲ့ အမှားအချို့ကိုတော့ သည်းခံလို့ ရကောင်းပါတယ်”

“ဟုတ်ကဲ့။ ဂျာနယ်လစ်တွေကတော့ လုပ်တတ်ကိုင်တတ် လာကြတယ်။ သူတို့က ပညာရှင်တွေကို မေးထားတာကို ပြောတာပါ။ အဲဒီ ပညာရှင်တွေကလည်း ဒေါက်တာ (ဆရာဝန်၊ ပါရဂူ) တွေဆိုတော့ အမှားတွေ ပြောလို့မသင့်ဘူး”

“ဘာဖြစ်လို့လဲ”

“သူတို့ ယူထားတဲ့ဘွဲ့တွေဟာ ပညာရဲ့ အထိမ်းအမှတ်တွေလေ။ သူတို့မသိဘဲ ရမ်းသန်းပြောတယ်ဆိုရင် သူတို့ကို အထင်သေးတာနဲ့ မပြီးဘူး။ ပညာကိုလည်း အထင်သေးတာပေါ့။ သူတို့ ပညာသင်ခဲ့တဲ့ကျောင်းတွေ နိုင်ငံတွေကိုလည်း အထင်သေးတော့တာပေါ့။ ခုဟာက “ဒေါက်တာ” ဆိုတဲ့ ဘွဲ့တွေကို ခံယူထားတဲ့လူတွေ ပြောတာတွေပါ”

“သူတို့ သတိထားသင့်ပါတယ်။ သူတို့ပြောတာက ဘာအကြောင်းအရာတွေ ပါလို့လဲ”

“Themos ဆိုတဲ့ ရေနွေးဓာတ်ဘူး အကြောင်းပါ။ မြန်မာတွေ အများစုကတော့ ဓာတ်ဘူးလို့ပြောတဲ့ Themos Flask အကြောင်းနဲ့ ပတ်သက်နေတယ်။ ရေနွေးဓာတ်ဘူးအကြောင်း မှားပြောကြတာပါ”

“ဒီအကြောင်းကတော့ ပညာရှင်တွေရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်ထဲဝင်ပြီး Wikipedia လို စွယ်စုံကျမ်းမှာ Themos ဆိုပြီး ရိုက်ထည့်ကာကြည့်လိုက်ရင် ရတာပါပဲ။ အနောက်တိုင်းလို ခေတ်မီတိုးတက်တဲ့ နိုင်ငံရပ်ခြားမှာတော့ ဓာတ်ဘူးအကြောင်းကို မူလတန်း ကလေးကအစ သိပါတယ်။ သူတို့ ဘာတွေပြောလို့လဲ”

“တိတိကျကျ ပြောမှဖြစ်မယ် ဆရာညိုရေ။ ခင်ဗျားကရေးလိုက်ရင် ပြဿနာတက်နိုင်တယ်။ အကြောင်းကတော့ ယခုနှစ် ဧပြီ ၃၀ ရက်ထုတ်တဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ ရေးထားတာပါ။ ခေါင်းစဉ်က “ဓာတ်ဘူးအတွင်း ကြာရှည်ထားသည့် ရေကျက်အေးကို သောက်သုံးခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုသော ယူဆချက် မှားယွင်းနေဟုဆို” ဖြစ်တယ်”

“အဲဒါ မှားလို့လား”

“ဒါမမှားပါဘူး။ သူတို့သုံးယောက် ဆွေးနွေးထားတယ်။ အဲဒီ သူတို့သုံးယောက်လုံးပြောတဲ့ စကားတွေကို နားထောင်ကြည့်ပါဦး။ ဓာတ်ဘူးတွေအထဲမှာ Silver Mirroring လုပ်ထားတာကို ပြဒါးပါတယ်လို့ ပြောနေကြလို့ပါ။ Silver ဆိုတာ Ag ပါ။ ပြဒါး (မာကျူရီ) Hg ပါ။ Ag နဲ့ Hg က တခြားဆီပါပဲ။

“ဒါက မြန်မာတွေ အမှတ်မှားတဲ့ ကိစ္စပါ။ ကြည့်မှန်တွေမှာ Silver Mirroring လုပ်တာကို ပြဒါးသုတ်တယ်လို့ ပြောကြတယ်။ အချို့ စာအုပ်တွေကလည်း ဒီလိုပဲရေးတယ်။ ဒီတော့ ဓာတ်ဘူးမှာလည်း ပြဒါးသုတ်တယ်ပဲ ပြောလေ့ရှိတာကိုး”

“သာမန်လူတွေ အမှတ်မှားတာကိုတောင် ပြန်တည့်ပေးရမယ့် ခေတ်ပါ။ ဒီခေတ်ဟာ ပညာခေတ် (knowledge Age) ပါ။ ဒေါက်တာဆိုတဲ့သူတွေ မှားတာကတော့ ဘယ်လိုပြောရမှန်းတောင် မသိအောင် ဖြစ်နေပါတယ်”

“နေပါဦး။ ဒီသုံးယောက် ဘာတွေပြောလဲဆိုတာကို ရှင်းရှင်းပြောပါဦး”

“ပထမတစ်ယောက် ကျန်းမာရေးဦးစီးဌာနက အကြီးစားပါ။ သူပြောတာက ‘ပြဒါးက ရေနွေးနဲ့ မထိပါဘူး။ အပြင်မှာ သုတ်ထားတဲ့အတွက် ရေကဘယ်လောက်ကြာကြာ အန္တရာယ်ရှိ ရှိပါဘူး’ တဲ့”

“ဒုတိယ တစ်ယောက်ကရော”

“သူက ‘ဒီလိုညသိပ် ရေနွေးသောက်လို့ အဆိပ်ဖြစ်ပြီး အစာအိမ်ထိခိုက်တာကတော့ ရေနွေးဓာတ်ဘူးထဲမှာ မာကျူရီဓာတ်တွေ၊ ပြဒါးဓာတ်တွေ အများကြီးပါလို့ ဖြစ်တာ’ တဲ့”။

“သြော်သြော်။ ဖြစ်ရလေ။ နောက်တစ်ယောက်က ဘာပြောလဲ”

“သူက ‘ဓာတ်ဘူးတွေမှာ မာကျူရီဓာတ် ၁၅ 15 ppb ပဲရှိရင် ဓာတ်ပြုဖို့ အင်မတန် နည်းပါတယ်။ လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးထည့်ရုံနဲ့ စိုးရိမ်စရာ မရှိဘူး။ အက်စစ်တွေ ဗေ့တွေသုံးမှ မာကျူရီက ဓာတ်ပြုတာ။ ရေနွေးအဖြူဆိုရင် ပိုတောင်မဖြစ်ဘူး’ လို့ ပြောသွားတယ်”

“အင်း သူတို့သုံးယောက်တောင်ပြောတော့ ကျွန်တော်သိထားတဲ့ (Knowledge) တောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး”

“ဖော်ပြထားတဲ့ ဓာတ်ဘူးပုံကို ကြည့်ပါ”

“ဖန်ဘူးဟာနှစ်ထပ်။ လေဟာနယ် လုပ်ထားတယ်။ အထဲမှာ (Silvered) လုပ်ထားတယ်။ ကြည့်မှန်လိုပါပဲ။ ဒါကြောင့် ပြဒါးသုတ်ထားတယ်လို့ အမှတ်မှားကြတာပါ”

“ကြည့်မှန်လည်း (Silvered) လုပ်ထားတာပဲ မဟုတ်လား။ မြန်မာတွေကသာ ပြဒါးသုတ်ထားတယ် ပြောတာလေ။ ပြဒါးက ဒီလိုသုတ်လို့ မရဘူး။ အငွေ့ပြန်ကုန်မှာပေါ့။ ပြီးတော့ (Silvered) လို့ နိုင်ငံခြားကလာတဲ့ မှန်တွေမှာ ရေးထားတယ်”

“ကျွန်တော်က တက္ကသိုလ်မှာ အနှစ် ၂၀ ကျော် ဆရာလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း ဒီလို Silver Mirror Test ကို အကြိမ်ပေါင်းများစွာ လုပ်ပြခဲ့ဖူးတယ်။ အထူးသဖြင့် အင်္ဂလန်မှာရှိစဉ်က ခရစ္စမတ် လက်ဆောင်ပေးတဲ့အခါ အလကားရတဲ့ အရက်ပုလင်းခွံ လှလှတွေကို (Silvered) လုပ်ပြီး မီးအုပ်ဆောင်းအတွက် ဒါမှမဟုတ် ပန်းအိုးထိုးကာ လက်ဆောင်ပေးတယ်။ သူငယ်ချင်းတွေလည်း လာတောင်းကြတယ်။ ခုလောလောဆယ် Peru မှာကျောင်း ဆရာလုပ်နေတဲ့ မြန်မာပြည်သူ Alan တင်ဝင်းနဲ့ အတူလုပ်ကြတာပါ”

“ဒါကတော့ ရှင်းပါတယ်။ ဓာတ်ဘူးမှာ ပြဒါးမပါတဲ့အတွက် ပြဒါးဆိပ် မသင့်ဘူးဆိုတာကို ရှင်းရှင်းသိအောင်တော့ ပြည်သူတွေကို အသိပေးဖို့ လိုတာပေါ့”

“မှန်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဒါကို ဆရာညို့ကို ရေးစေချင်တာပါ။ ကျွန်တော်တို့ တစ်ခါကလည်း ဖြစ်ဖူးတယ်။ အဲဒါက နိုင်ငံခြားကုမ္ပဏီတစ်ခုက ခဲတံကြော်ငြာတော့ သူတို့ခဲတံတွေဟာ ခဲဆိပ်မသင့်ဘူးဆိုပြီး ကြော်ငြာတယ်”

“ဒါကတော့ ဘယ်ခဲတံမဆို ခဲဆိပ်သင့်စရာ မရှိပါဘူး”

“ဟုတ်ပါတယ်။ ခဲတံတွေရဲ့ ခဲဆန်တွေဟာ Graphite နဲ့လုပ်ထားတာပါ။ ခဲ (Lead) မပါဘူး။ ဒါပေမဲ့ အားလုံးက ခဲဆန်တွေကို ခဲ (Lead) လို့ပဲ ခေါ်ကြတာကိုး။ အမှတ်မှားကြတာပေါ့”

“ကျွန်တော်ကတော့ ပညာရှင်များကို မေတ္တာရပ်ခံချင်တယ်။ တတ်နိုင်သမျှ အမှားတွေကို မပြောကြပါနဲ့။ အမှားစကားကို အမှီပြုပြီး လိမ်ညာစားသောက်သူတွေက လူထုကို လှည့်ဖြားကြလို့ပါပဲ။ အကြောင်းအရာ တစ်ခုကို တတ်နိုင်သမျှ လေ့လာကြပါ။ Little knowledge is dangerous. ဆိုတာ ကြားဖူးတယ် မဟုတ်လား”

“ခင်ဗျားပြောဖူးတဲ့ Integrity ဆိုတဲ့စကားဟာ Little knowledge is dangerous. ဆိုတာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သဘောပေါက်ပါတယ် ကိုဘသစ်ရယ်။ ကျွန်တော်တို့ဟာ Integrity ဆိုတဲ့ အပြည့်အ၀ တတ်သိဖို့ အရေးကြီးတယ်”

“မှန်ပါတယ်။ သင်္ဘောအကြီးကြီးမှာ အပေါက်သေးသေးလေးဟာ အရေးမကြီးဘူးလို့ မထင်ပါနဲ့။ ဒါဟာ Integrity နဲ့ ဆိုင်တာကို သတိရကြဖို့ပါ”

Eleven Media Group

ဆိုက္ကားစီးလာသည့် အမျိုးသမီး၏ဆွဲကြိုးအား ဆိုင်ကယ်စီးနင်းသူ (၂)ဦးမှ လုယူထွက်ပြေး




ရန်ကုန်၊ မေ ၈

၆.၅.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်နေ ဒေါ်ဌေးဌေးရီမှ ၎င်းသည် အစ်မဖြစ်သူနှင့်အတူ (ဂ)ရပ်ကွက်မှ ဆိုက္ကားငှားပြီး ၎င်းမှနောက်ဘက်မှစီးကာ ခေမာသီ
လမ်းအတိုင်း နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ထိုသို့ပြန်လာစဉ် (ဇ)ရပ်ကွက်၊ ခေမာသီလမ်းပေါ်ရှိ သင်္ကန်းဆိုင်aရှ့အရောက် အမျိုးသား(၂)ဦးစီးနင်းလာသော အနက်ရောင်ဆိုင်ကယ်မှ
ကပ်၍လိုက်လာပြီး ဆိုင်ကယ် နောက်တွင်ထိုင်စီးလာသော အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားမှ ၎င်းဝတ်ဆင်ထားသော
အလေးချိန် (၁)ကျပ်ခွဲသား ခန့်ရှိ လော့ကက်သီးပါရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး(၁၀)သိန်းကျပ်ခန့်အား ဆွဲဖြတ်ယူကာ မောင်းနှင်ထွက်ပြေး
သွားခဲ့ကြောင်းနှင့် ယင်းသို့ကျူးလွန်သွားသူများကို အရေးယူပေးရန် တိုင်းတန်းလာခဲ့ ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၃၇၄/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရိုဟင်ဂျာဟု ဖြေဆို သည့် ဘင်္ဂါလီများကို လူမျိုး အမည်မမေးဘဲ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ သွားမည်ဟု ဝန်ကြီး ဦးခင်ရီပြော

သန်းခေါင်စာရင်းကောက်စဉ် ဝါးအိမ်ရှေ့တွင် လူမျိုး ရိုဟင်ဂျာဆိုသည့်အမှတ်အသားရေးသားထားသည်ကို တွေ့ရစဉ်။ Photo : EPA


ရန်ကုန်၊ မေ ၇- ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ကောက်ယူရန် ကျန် ရှိသော ရခိုင်ပြည်နယ်ရှိ  ရိုဟင်ဂျာဟု ဖြေ ဆိုနေသည့် ဘင်္ဂါလီများကို လူမျိုးအမည်မ မေးဘဲ သန်း ခေါင် စာရင်း ကို ဆက်လက် ကောက်ယူသွား မည်ဖြစ်ကြောင်း  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ ရေးကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက ပြော သည်။

အဆိုပါ အကြောင်းအရာကို မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်သည့် သန်းခေါင်စာရင်း ကောက် ယူု မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
''ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အစိုးရရပ် တည် ချက်ကိုတော့ ပြင်ဖို့မရှိပါဘူး။ ပြောရ မှာခက်ရင် ဘင်္ဂါလီလို့လဲမပြောနဲ့၊ ရိုဟင်ဂျာ လို့လဲ မပြောနဲ့။ လူမျိုးမေးခွန်းကိုမဖြေတဲ့ နည်းနဲ့ကြိုတင်ကြေညာပြီး ကောက်ပေး ဖို့ရှိ  ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခြင်းဖြစ်သည်။


လက်ရှိအချိန်တွင် ကနဦး စာရင်းများ အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဘင်္ဂါလီ လူမျိုး ၁ဒသမ ၃၃သန်းရှိကာ ရခိုင်ပြည်နယ် တွင်  ၁၀ သိန်းကျော်နေထိုင်နေပြီး၊ ဘင်္ဂါလီ များနေထိုင်သည့် ရခိုင်ပြည် နယ် ရှိ ခရိုင်ငါးခု အနက် ခရိုင်နှစ်ခုရှိ ဘင်္ဂါလီများ လူဦးရေနှစ် သောင်းခန့်ကိုသာ လက်ရှိအချိန်အထိ စာရင်း ကောက်ယူထားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲအတွက် ကြန့် ကြာမှုကို သန်းခေါင်စာရင်းလုပ်ငန်း စဉ်ပြီးဆုံးပြီး ခြောက်ပတ်ကနေ၊ ရှစ်ပတ်အထိ ဆက်လက် ကောက်ယူခွင့် ပေးထား တာရှိတယ်။ မေလ ကုန်၊ ဇွန်ပထမအ ပတ်လောက် အထိ စာရင်း မပါသေးသူတွေကို စာရင်းကောက်ပေးမယ်''ဟု ပြော သည်။
အဆိုပါ ဘင်္ဂါလီများသန်းခေါင်စာရင်း ဖြည့်သွင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးမှု များ ပြုလုပ် ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အ တွက် လာမည့်ရက်ပိုင်း အတွင်း ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင်သွားရောက် ထပ်မံဆွေး နွေးရန်ရှိနေကြောင်းလည်း  သိရသည်။
''မေလကုန် ဇွန်ပထမအပတ်လောက် အထိ စာရင်းဆက်ကောက်နေမှာဖြစ်ပြီး မရရင် တော့ စာရင်းပိတ်မယ်၊  ဘင်္ဂါလီ စာရင်းကို တော့ အရင်က ဒုက္ခသည်စာရင်းတွေကို စခန်း တွေမှာ လိုက် ပြီး ကောက်ထားတာ ရှိတယ်၊ ကောက်လို့မရခဲ့ရင် ခန့်မှန်းအနေနဲ့ အဲဒီစာရင်း တွေကိုပဲ ပြန်သုံးမယ်' ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်ကျန်ခဲ့သည့် ကျေးရွာအုပ်စု ၂၅စု ကိုလည်း မေလကုန်အထိ ဆက်လက်စာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေ ကြောင်း ဝန်ကြီးက ပြောသည်။
လက်ရှိကောက် ယူရရှိထားသည့် သန်း ခေါင်စာရင်းဆိုင်ရာ ပထမအဆင့်လူဦးရေခန့် မှန်းစာရင်းကို လာမည့် ဩဂုတ်လတွင် ထုတ် ပြန်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။ ''၂၀၁၄ ဩဂုတ်လထုတ်မယ့် စာရင်းကျရင် ကျား၊ မလူဦးရေ ဘယ်လောက်ဆိုတာပါမယ်၊ စာရင်းကတော့ အကြမ်းဖျင်းပါ။ စာရင်းအတိ ကျကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် မေလမှ ထုတ်ပြန် နိုင်မှာ ပါ'' ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက် ယူမှု သမိုင်းကြောင်းအရ ၁၉၈၃ ခုနှစ် သန်း ခေါင်စာရင်းကောက်ခံမှုတွင် နိုင်ငံတစ်ဝန်း ရှိ ကျေးရွာအုပ်စုပေါင်း  ၉၂၄ အုပ်စု (ကျေးရွာ ပေါင်း ၁၀၀၀၀)  ကျော်ကို စာရင်းကောက်ခံ နိုင် ခြင်းမရှိခဲ့ဘဲ၊ ယခုအကြိမ်တွင် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၂၅အုပ်စုမှအပ နေရာအနှံ့ အပြားတွင် စာရင်းကောက်ခံနိုင်ခဲ့သည်။

Democracy today Daily Newspaper

ကျောက်ချဉ်


ကျောက်ချဉ်သည် အရောင်ကင်း၍ ရှစ်မြှောင့် ခရစ္စတယ်ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။ ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ အလျူမီနီယမ် ဆာလဖိတ်(ဓာတ်ဆား) နှင့် ပိုတက်ဆီယမ် ဆာလဖိတ်(ဓာတ်ဆား) သို့မဟုတ် အမ်မိုးနီးယမ်း ဆာလဖိတ်(ဓာတ်ဆား)နှစ်မျိုးကို အညီအမျှရောစပ်ကာ အရည်ဖျော်၍ လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ် ကျောက်ချဉ်ကလေးများ ဖြစ်လာသည်။

ကျောက်ချဉ်ကို သယံဇာတအဖြစ်ဖြင့် တူးဖော်ရရှိနိုင်သည်။ သို့သော် ကျောက်မီးသွေးမှ ဓာတ်ငွေ့ကို ထုတ်ယူရာတွင် ကျောက်ချဉ်ကို ဘေးထွက်ပစ္စည်းအနေဖြင့် အမြောက်အများ ရရှိနိုင်သည်။ ရှေးခေတ်အခါ က လူများသည် ကျောက်ချဉ်ပါသော ကျောက်တုံးကို မီးဖုတ်၍ ကျောက်ချဉ်ကို ထုတ်ယူကြသည်။ အလယ် ခေတ်လောက်က ဥရောပနိုင်ငံများ၌ အသုံးပြုသော ကျောက်ချဉ်ကို ဥရောပအရှေ့ဖက်ရှိ မွတ်စလင်နိုင်ငံ များမှ ရရှိသည်။ ၁၅ရာစုနှစ်သို့ ရောက်သောအခါမှ ကျောက်ချဉ်တွင်းများကို အီတလီနိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိကြလေသည်။

ကျောက်ချဉ်၏ ထူးခြားသော အချက်တစ်ရပ်မှာ ကျုံ့စေချုပ်စေတတ်သော သတ္တိဖြစ်၏။ ဥဒါဟရုဏ် ကျောက်ချဉ်တခဲကို နှုတ်ခမ်းတွင် ပွတ်တိုက်ကြည့်လျှင် နှုတ်ခမ်းသည် ကျုံယုံ့တင်းမာသွားသည်ကို တွေ့ရမည်။ ကျောက်ချဉ်ကို ဆေးဝါးအဖြစ်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ရာ သွေးတိတ်အောင်ပြုခြင်း၊ အနာစိမ်းများကုသခြင်းတို့အတွက် ကောင်း၏။ ထို့ပြင် အထည်အလိပ်များ ဆေးဆိုးရာတွင်လည်း ဆေးရောင်ကို ချုပ်ရန်အတွက် အသုံးဝင်သည်။ သို့ရာတွင် ဤသို့ ချုပ်ဆေးအဖြစ်ဖြင့် အသုံးပြုသော ကျောက်ချဉ်၌ သံဓာတ်မပါအောင် သတိပြုရသည်။ သားရေနယ်ရာ၌၎င်း စက္ကူလုပ်ငန်းတွင် စက္ကူကို မင်အစုတ်နည်းအောင်ပြုလုပ်ရာ၌၎င်း၊ နောက်ကျိသောရေကို ကြည်လင်အောင် ပြုလုပ်ရာ၌၎င်း ကျောက်ချဉ်ကို အသုံးပြုကြ၏။ ရေကိုကြည်လင်စေရန် ရေတိုင်ကီများတွင် တခါတရံ ကျောက်ချဉ် သက်သက်ကိုဖြစ်စေ ထုံးဖြင့်ရော၍ဖြစ်စေ အသုံးပြုတတ်ကြသည်။ ကျောက်ချဉ်သည် ဆေးဝါးဖက်တွင် အသုံးဝင်သော်လည်း တန်ရုံထက်လွန်၍ စားသုံးမိလျှင် ဥပဒ်ပေးတတ်သည်။ ကျောက်ချဉ်ကို မီးဖုတ်ကြည့်လျှင် ရေသည်အငွေ့ဖြစ်သွား၍ အမှုန့်သာ ကျန်သည်။

မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)မှ ကောက်နှုတ်ဖော်ပြပါသည်။

MOI Webportal Myanmar 

ပုဒ်မ (၅၀၅) (ခ) ဖြင့် ချုပ်နှောင်ခံထားရသူ အကျဉ်းထောင်ပို့စဉ် ရုန်းရင်းဆန်ခတ်ဖြစ်၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ



ပြည်၊ မေ ၇

လယ်ယာမြေ ပြန်လည် ရရှိလိုမှုဖြင့် အခေါင်းမီးရှို့ ကျိန်စာတိုက်ခဲ့မှုကြောင့် ပုဒ်မ (၅၀၅) (ခ) ဖြင့် ချုပ်နှောင်ခံထားရသူ ဦးပေါက်စကို မေလ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်ပို့စဉ် အမှုတွဲတွင် ပါဝင်သူများနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှ တရားစွဲခံရသူ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့က ကျိန်စာတိုက်ပွဲ ပြုလုပ်မှုကြောင့် လယ်သမားအရေး ဆောင်ရွက်သူ တစ်ဦး အပါအဝင် ငါးဦးကို ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ရာ မေလ ၆ ရက်နေ့ ရုံးချိန်းတွင် ရုံးတက်ရောက်သူ သုံးဦးအနက် အမျိုးသမီးနှစ်ဦး အတွက်သာ အာမခံ ရရှိခဲ့ပြီး၊ ဦးပေါက်စမှာ အာမခံ မရခဲ့ကြောင်း တရားစွဲခံရသူများက ပြောကြားသည်။

“အကြမ်းဖက်တာ မရှိပါဘူး။ တရားရုံးက ချုပ်မိန့် ချထားတဲ့ တရားခံကို ကျန်တဲ့သူတွေက ထောင်ထဲ အပို့မခံဘူး။ ထောင်ထဲထည့်ရင် သူတို့ပါ လိုက်မယ် လုပ်တာ။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့ ဝိုင်းထိန်းပြီး ဆောင်ရွက်ပေးတာပါ” ဟု ပေါင်းတည် ရဲစခန်းမှူး ဒုတိယရဲမှူး မြင့်ဝေက ဆိုသည်။

သုံးဦးလုံးအတွက် အာမခံရမည်ဟု ထင်ထားသော်လည်း နှစ်ဦးတည်း ရသွားခဲ့သည်ကို မလိုလားသည့် အတွက် တရားစွဲခံရသူများက သုံးဦးလုံး ထောင်ထဲပို့ရန် ပြောကြခြင်း ဖြစ်ကြောင်း၊ လက်ထိတ် ခတ်ထားသည့် ဦးပေါက်စကို ဝင်ဆွဲကြရာမှ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း ခေါင်းပေါက်သွားသဖြင့် ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသူ ဒေါ်ဝင်းက ပြောဆိုသည်။

“တရားစွဲခံရတဲ့ ဒေါ်ညိုက ဦးပေါက်စကို ပြန်လွှတ်ဖို့ ကြွေးကြော်နေတယ်။ ဘေးမှာ ရဲ ၆၀ လောက် ရှိတယ်။ အရပ်ဝတ်တွေလည်း ရှိတယ်။ ကျွန်တော် ဦးပေါက်စနားကို ကပ်နေတုန်း နောက်ကနေ ဆံပင်ဆောင့်ဆွဲ ခံရတယ်။ လဲကျပြီး သတိလစ်သွားတယ်။ ပြန်သတိရလာတော့ ဒေါ်ညိုကိုပွေ့ပြီး ကျွန်တော်ပဲ ဆေးရုံပို့လိုက်တာ။ ကျွန်တော့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားတဲ့ အတိုင်းပဲ” ဟု ယင်းဖြစ်စဉ်ကို သတင်းယူခဲ့သူ အလွတ်သတင်းထောက် ကိုမာနော်က ဆိုသည်။

ပေါင်းတည် အကျဉ်းထောင်တွင် ရောက်ရှိနေသူ ဦးပေါက်စအတွက် ခရိုင်တရားရုံးတွင် အယူခံဝင်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်လံ ဆောင်ရွက်ပေးသူ ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။
“ပေါင်းတည်ထောင်က လက်ထောက်ထောင်မှူးက ရှေ့နေကိုယ်စားလှယ် လွှဲစာယူပြီး အကျဉ်းဦးစီးဌာနကို တင်ပြမယ်။ ပြီးမှ အကြောင်းပြန်မယ် ပြောတယ်။ ခုလို လုပ်တာက အထက်ရုံးကို တက်ရမယ့် တရားခံအတွက် နှောင့်နှေးကြန့်ကြာရတယ်” ဟု ၎င်းကဆိုသည်။

သဲကုန်းမြို့နယ် အောင်ကုန်း ကျေးရွာတွင် သိမ်းယူခံထားရသည့် လယ်မြေများတွင် လယ်လုပ်ပိုင်ခွင့် ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့မှုကြောင့် လယ်သမားအရေး လှုပ်ရှားသူများနှင့် ဒေသခံ လယ်သမားများကို ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် ဒေသ အာဏာပိုင်များက တရားစွဲဆိုခဲ့သည်။

The Voice Weekly

တယ်လီနောက ပထမတစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ခန့် ငှားရမ်းအသုံးပြုမည်


စ, ချိုကို| ကြာသာပတေးနေ့၊ မေလ ၈ ရက် ၂၀၁၄ ခုနှစ်

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော အော်ပရေတာက ၀န်ဆောင်မှုစတင်ပေးမည့် တစ်နှစ်အတွင်း ဖိုက်ဘာကေဘယ်ဆက်ကြောင်း ကီလိုမီတာ အရှည် ၂,၀၀၀ (၁,၂၀၀ မိုင်ခန့်ကို ငှားရမ်းသုံးဆွဲသွားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တယ်လီနောအနေဖြင့် ဖိုက်ဘာကေဘယ် အဓိကဆက်ကြောင်းကို ပြည်တွင်းရှိ Vendor များမှ ငှားရမ်း အသုံးပြုမည်ဖြစ်ကာ မိုဘိုင်းကွန်ရက် တည်ဆောက်ရန်အတွက် Radio Base Station များသို့ သွယ်တန်း ခြင်းကိုမူ ကိုယ်တိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။

တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “ဖိုက်ဘာကွန်ရက် ချိတ်ဆက်အသုံးပြုဖို့အတွက် ပြည် တွင်းရှိ ကေဘယ်ချိတ်ဆက်ထားတဲ့ Vendor တွေဆီက ငှားရမ်းသုံးဆွဲမှာပါ” ဟု ပြောသည်။

မိုဘိုင်းကွန်ရက်များ တည်ဆောက်ရာတွင် ဖိုက်ဘာကေဘယ်များ ဆက်သွယ်မှု နှင့် Micro wave ဖြင့် တည်ဆောက်ခြင်းများ ပြုလုပ်သွားရမည်ဟု ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Com-munication က အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ပြောသည်။ မိုဘိုင်းကွန်ရက် ချိတ်ဆက် တည်ဆောက် ရာတွင် မြို့တစ်မြို့နှင့်တစ်မြို့ရှိ စတေရှင်များသို့ ဖိုက်ဘာကေဘယ် ဆက်ကြောင်းများဖြင့် ချိတ်ဆက် အသုံးပြုရပြီး မြို့တွင်းရှိ မိုဘိုင်းစတေရှင်များသို့ ဆက်သွယ်ရာတွင်မူ Micro Wave ဖြင့် ချိတ်ဆက် အသုံး ပြုနိုင်သည်။

ဦးကျော်နိုင်က “ဆက်သွယ်ရေးကွန်ရက် တည်ဆောက်တဲ့အခါမှာ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းက မရှိမဖြစ် လိုအပ်ပါတယ်။ Micro wave နဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ Bandwidth ကို သတ်မှတ်ထားတဲ့ အတိုင်းအတာအထိပဲ အသုံးပြုနိုင်မယ်။ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းကတော့ လိုအပ်သလောက် Bandwidth ကို တိုးချဲ့ပြီး အသုံးပြုနိုင်တယ်။ တယ်လီနောက ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ကို အသုံးပြုနိုင်ရင် တစ်နိုင်ငံလုံး အနေအထားနဲ့ နေရာတော်တော်များများကို မိုဘိုင်းကွန်ရက် ချိတ်ဆက်ထား နိုင်လိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။

ယင်းအပြင် တယ်လီနောအနေဖြင့် မိုဘိုင်းကွန်ရက် ဖြန့်ကြက်မှုအတွင်း ဒေတာအသုံးပြုနှုန်း တိုးတက်မှု ကို စောင့်ကြည့်မည့်စနစ်များ တပ်ဆင်သွားမည် ဖြစ်သည်။ ယင်းသို့စောင့်ကြည့်ပြီး ဒေတာ အသုံးပြုမှုနှုန်း တိုးတက်လာသည်နှင့်အမျှ ရေဒီယိုအခြေစိုက်စခန်းများအတွင်း ဖိုက်ဘာ ချိတ်ဆက်မှုများ လိုအပ်လာမည် ဖြစ်ရာ လိုင်စင်သက်တမ်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရှိ အင်တာနက်ဒေတာ အသုံးပြုမှု တိုးတက်နှုန်းပေါ် မူတည်ပြီး ဖိုက်ဘာလိုအပ်ချက်များကို ထပ်မံဆက်သွယ် တည်ဆောက်သွားမည်ဟု ဆိုသည်။

Mizzima Burmese