အငှားယာဉ်နှင့် မြို့ပတ်ရထားတို့ တိုက်မိမှုဖြစ်

ပို့စ်တင်ချိန် - 5/08/2014 07:11:00 AM




ရန်ကုန်၊ မေ ၇

၇.၅.၂၀၁၄ရက်နေ့ ၁၀၄၅အချိန် မင်္ဂလာဒုံမြို့နယ်ဘက်မှ ရန်ကုန်မြို့
ထဲ ဘက်သို့ စက်ခေါင်းမောင်း ဦးစိုးကြိုင်မောင်းနှင်သော စက်ခေါင်းအမှတ် DD-940 ငစိန်(၇)မြို့ပတ်ရထားနှင့် ယာဉ်မောင်း ဇော်မင်းသန့် (၃၉)နှစ်၊ (ဘ)ဦးသင်း၊ (၄)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်လာသော 3E---အေဒီဗင်
အဖြူရောင်အငှားယာဉ်တို့သည်မြောက်ဥက္ကလာပမြို့နယ်၊ ရွှေဥမင်
ဘုရားဘုန်းကြီးကျောင်းရှေ့ရှိမီးရထားသံလမ်းကူးတွင် ပွတ်တိုက်
မိခဲ့ကြပါသည်။

ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် 3E---
အေဒီဗင် အငှားယာဉ်၏ရှေ့ပိုင်းမှာ ပိန့်ချိုင်ပျက်စီးသွားခဲ့ပြီး မြို့ပတ်
ရထားမှာ ၁၀၅၅ အချိန်တွင် ရန်ကုန်မြို့ထဲဘက်သို့ ဆက်လက်
ထွက်ခွာသွားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့အန္တရာယ်ဖြစ်စေအောင်မောင်းနှင်သူ ယာဉ်မောင်း
ဇော်မင်းသန့် ကို မြန်မာ့မီးရထားမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်မှတိုင်းချက်အရ မြောက်ဥက္ကလာပမြို့မ ရဲစခန်း
(ပ)၃၄၈/၂၀၁၄၊ မီးရထားအက် ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်
အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police