ဆိုက္ကားစီးလာသည့် အမျိုးသမီး၏ဆွဲကြိုးအား ဆိုင်ကယ်စီးနင်းသူ (၂)ဦးမှ လုယူထွက်ပြေး

ပို့စ်တင်ချိန် - 5/08/2014 04:08:00 PM




ရန်ကုန်၊ မေ ၈

၆.၅.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်နေ ဒေါ်ဌေးဌေးရီမှ ၎င်းသည် အစ်မဖြစ်သူနှင့်အတူ (ဂ)ရပ်ကွက်မှ ဆိုက္ကားငှားပြီး ၎င်းမှနောက်ဘက်မှစီးကာ ခေမာသီ
လမ်းအတိုင်း နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ထိုသို့ပြန်လာစဉ် (ဇ)ရပ်ကွက်၊ ခေမာသီလမ်းပေါ်ရှိ သင်္ကန်းဆိုင်aရှ့အရောက် အမျိုးသား(၂)ဦးစီးနင်းလာသော အနက်ရောင်ဆိုင်ကယ်မှ
ကပ်၍လိုက်လာပြီး ဆိုင်ကယ် နောက်တွင်ထိုင်စီးလာသော အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားမှ ၎င်းဝတ်ဆင်ထားသော
အလေးချိန် (၁)ကျပ်ခွဲသား ခန့်ရှိ လော့ကက်သီးပါရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး(၁၀)သိန်းကျပ်ခန့်အား ဆွဲဖြတ်ယူကာ မောင်းနှင်ထွက်ပြေး
သွားခဲ့ကြောင်းနှင့် ယင်းသို့ကျူးလွန်သွားသူများကို အရေးယူပေးရန် တိုင်းတန်းလာခဲ့ ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၃၇၄/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police