ပြန်ပေးဆွဲခံရသည့် ကျောင်းသူများကို ရှာဖွေရာတွင် စစ်တပ်မှ အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် ကျေးရွာအား တိုက်ခိုက်

ပို့စ်တင်ချိန် - 5/08/2014 07:57:00 PM


မေ ၈။

ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့မှ ပြန်ပေးဆွဲခဲ့သော ကျောင်းသူ ၂၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် စစ်တပ်မှ ရှာဖွေရာတွင်
အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် နိုင်ဂျီယားကျေးရွာအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည့် ၎င်းတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၁၅၀ သေဆုံးခဲ့ပြီး အချို့သူများမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကို
ခံခဲ့ရသည်။ ၎င်းတိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ဂျီးရီးယားအစိုးရ အနေဖြင့် ဒေသတွင်း အမြစ်တွယ်နေသည့်
အကြမ်းဖက်အဖွဲ့များအား ရှင်းလင်းနိုင်မှု ရှိ၊မရှိ သံသယများ ပေါ်ပေါက်လာစေခဲ့သည်။

ပြန်ပေးဆွဲခံခဲ့ရသော ကျောင်းသူများအား ကယ်ဆယ်ရာတွင် ပါဝင်ကူညီရန် အမေရိကန်၊ ဗြိတိသျှနှင့် တရုတ်တို့မှ ကမ်းလှမ်းလာမှုကို သမ္မတ
ဂွဒ်လက်ဂျိုနသန်မှ လက်ခံပြီးနောက်တွင် ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ နိုင်ဂျီးရီးယား ကျောင်းသူများ ပြန်ပေးဆွဲခံခဲ့ရမှုကို ကူညီရန်အတွက်သာ စိတ်ပါဝင်စားခဲ့သော်လည်း ယခုတိုက်ခိုက်မှုကြောင့် အစိုးရနှင့်
ဘိုကိုဟာရမ်အဖွဲ့၏ တိုက်ခိုက်မှုများ အပေါ်တွင် မည်ကဲ့သို့ သဘောထားရှိလာမည်ကို မသိရှိရသေးပေ။

ကျေးရွာအတွင်း အခြေစိုက်နေသည့် စစ်တပ်အဖွဲ့များမှ Chad နိုင်ငံအနီး နယ်ခြားမျဉ်းတွင် ဘိုကိုဟာရမ်အဖွဲ့မှ ပြန်ပေးဆွဲသွားသည့် ကျောင်းသူ
များအား တွေ့ရှိခဲ့ရသည့် သတင်းကြောင့် လိုက်လံရှာဖွေခဲ့သော အချိန်တွင် ရွာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်
၎င်းသတင်းမှ သတင်းအမှားဖြစ်ကြောင်း သိရှိခဲ့ရသည်။

အသေအချာ ပြင်ဆင်ထားသော တိုက်ခိုက်မှုကို ဒေသစံတော်ချိန် နေ့ခင်း ၁ နာရီ ၃၀ မိနစ် တနင်္လာနေ့တွင် ဂမ်ဘိုရူနာလာအနီး စည်ကားနေသော
ဈေးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်သွေးကြွများသည် စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး သံချပ်ကာ ကားသုံးစီးဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်သည် အကြီး
မြတ်ဆုံးဟု အော်ဟစ်ခဲ့ကြပြီး ဈေးအတွင်းသို့ ပစ်ခတ်မှု စတင်ခဲ့သည်။ လက်ပစ်ဗုံးများ၊ ရော့ကတ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့်
ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အချို့သော ဈေးဝယ်သူများ အနေဖြင့် ဈေးဆိုင်များအတွင်းသို့ အကာအကွယ်ရရန် ပြေးလွှားခိုလှုံခဲ့ကြသော်လည်း သေနတ်သမားများမှ ဈေးဆိုင်များကို
မီးတင်ရှို့ခဲ့ကြပြီး အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ကြသည်။

ကျေးရွာအတွင်း ကျန်ရှိနေခဲ့သော စစ်သားအနည်းငယ်မှာလည်း တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဘဲ ထွက်ပြေးခဲ့ကြရသည်။ လူအများ အပြားမှာ နယ်စပ်
ဖြတ်ကျော်ပြီး ကင်မရွန်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြရကြောင်း သိရှိရသည်။

၎င်းတို့၏ ၁၂ နာရီကြာ တိုက်ခိုက်မှုတွင် ဒေသ ရဲစခန်းအားလည်း တိုက်ခိုက်ခဲ့ကြရာ ပြန်လည်ခုခံမှုများ ကြုံတွေ့ခဲ့ပြီးနောက်တွင် အဆောက်အဦးကို
ဖောက်ခွဲခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးမှာ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောကြားခဲ့သည်။

နောက်ဆုံးရရှိသော စာရင်းဇယားများအရ သေဆုံးသူစာရင်းမှာ ၃၀၀ နီးပါးရှိကြောင်း နိုင်ဂျီးရီးယား လွှတ်တော်အမတ် အာမက်ဇန်နာမှ ပြောကြားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့၏ အချို့သော အဖွဲ့ဝင်များမျ အယ်လ်ကေဒါ၏ လေ့ကျင့်ပေးခံထားရသော သူများဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ချို့မှ
ပြောဆိုထားသည်။

Ref: CNN
The Myanma Age