မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် (၈၀) ရာခိုင်နှုန်း ကျော်တွင် အမျိုးသမီးများမှာ အမျိုးသားနှင့် အခွင့်အရေး တန်းတူရ

ပို့စ်တင်ချိန် - 5/08/2014 11:04:00 AM



ရန်ကုန်
  မြတ်မင်းခန့်

မြန်မာနိုင်ငံရှိ လည်ပတ် နေသော လုပ်ငန်းခွင် (၈၀) ရာခိုင်နှုန်း ကျော်တွင် အမျိုးသမီး များသည် အမျိုးသားများနှင့်ခွဲခြားခံရမှု မရှိဘဲ တန်းတူ အခွင့်အရေး ရရှိကြောင်း မြန်မာနိုင်ငံ UMFCCI နှင့် နိုင်ငံတကာ အဖွဲ့ အစည်းများ ပူးပေါင်း ကောက်ယူ ခဲ့သော စစ်တမ်း တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ မှ UMFCCI ၊ ထိုင်းနိုင်ငံ အခြေစိုက် OECD နှင့် UNESCAP အဖွဲ့ အစည်း တို့မှ သုံးလကြာ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကောက်ယူ ခဲ့သော စီးပွားရေး စစ်တမ်းအား ယမန်နေ့က UMFCCI ခန်းမ တွင် ရှင်းလင်း ထုတ်ပြန် ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ယောက်ျားတွေ က မိန်းမတွေ ၀င်လာလည်း ကန့်ကွက်မှု မရှိဘူး။ သူတို့ စိတ်ထဲမှာ ဘာမှမရှိဘူး။ နိုင်ငံ အတော် များများမှာ လုပ်ငန်းခွင်ကို အမျိုးသမီးတွေ ၀င်လာတာ သိပ်မကြိုက် ကြဘူး ဟု စီးပွားရေး စစ်တမ်း ကောက်ယူ ခဲ့သော UMFCCI မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ကျော်မြင့် က The Messenger သတင်းစာ သို့ပြော သည်။ မြန်မာနိုင်ငံ၌ လုပ်ကိုင် နေသော လုပ်ငန်းများတွင် အမျိုးသမီးများ အနေဖြင့် အဆင့်မြင့် ရာထူးများ ရှိနေကြ ရှိနေပြီး၊ အမျိုးသမီး တစ်ယောက် အနေဖြင့် စီးပွားရေး တစ်ခု တည်ထောင်ရန် ခက်ခဲသည် ဟူသော အခြေ အနေအား လက်မခံ ကြကြောင်း ကောက်ယူ ခဲ့သော စစ်တမ်းတွင် ဖော်ပြ ထားသည်။ နိုင်ငံအချို့ ၌ အမျိုးသမီးများအား လုပ်ငန်းခွင်တွင် ကြည်ဖြူစွာ လက်ခံမှု နည်းသော်လည်း မြန်မာနိုင်ငံတွင် အခြားနိုင်ငံများ နှင့် ခြားနားစွာ လက်ခံမှု များပြားကြောင်း စစ်တမ်းတွင်တွေ့ရှိရသည်ဟု ဦးအောင်ကျော် မြင့်က ဆိုသည်။

လုပ်ငန်းခွင်မှာ စိတ်ရှည်ခြင်း၊ သည်း ခံခြင်း၊ အလုပ်ကို စိတ်ဝင်စားမှုပိုင်းမှာ အမျိုးသားတွေထက် ပိုများတယ်။ တချို့ စိတ်ရှည်ရှည် ထားရမယ့် နေရာတွေ မှာ အမျိုးသမီးတွေ ကို ရွေးပြီး ခန့်တားတာမျိုး တွေရှိနေတယ်”” ဟု ဇမ္ဗူ သီရိမြို့နယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ လက်ရှိ အခြေအနေတွင် အမျိုးသား များနှင့် အမျိုးသမီးများ အလုပ်လျှောက် ထားရာ၌ အမျိုးသမီးများမှာ အလုပ်အကိုင် ရရှိမှုကို ပိုမိုများပြားနေပြီး၊ အချို့လုပ်ငန်းခွင် များတွင် အမျိုးသမီးများက လစာအခွင့်အ ရေးများ ပိုမိုရရှိနေကြောင်း ၎င်း က ဆက်ပြောသည်။ အမျိုးသမီး များအနေဖြင့် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများတွင် အလွန်ကောင်းမွန်သော အဆင့်ကို ရရှိမှုမှာ (၈၇) ရာခိုင်နှုန်း အထိ ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
The Messenger