သက်ရက်သီးခူးရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 5/08/2014 07:56:00 PM


ရန်ကုန်၊ မေ ၈

၇.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သဃ်န်းကျွန်းစံပြဆေးရုံသို့ အမျိုးသား
တစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိလာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုကျော်ဦး၊ (၁၉)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူဖြစ်ပြီး ရင်ဘတ်၌ (၅)လက်မ
ခန့် ဒေါင်လိုက်အနီစင်းဒဏ်ရာ၊ ၀ဲတံတောင်ပွန်းခြစ်ဒဏ်ရာများ
ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၆.၅.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်က ၎င်းအလုပ်လုပ်ကိုင်သော ဒဂုံတောင်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ စတီးအမိုးကိုင်းလုပ်ငန်းဆိုင်နှင့်ကပ်လျက်ခြံဝင်းအတွင်းရှိ
သရက်ပင်မှ သရက်သီးများကို အရှည်ပေ(၂၀)ခန့်ရှိ သုံးမတ်လုံး
သံပိုက်၌ သံချိတ်တပ်၍ခူးယူစဉ် လမ်းဘေးရှိဓါတ်တိုင်၌ သွယ်တန်း
ထားသော လျှပ်စစ်မီးကြိုးအားချိတ်မိကာ ဓါတ်လိုက်သေဆုံးခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၂၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်း
စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police